Category: News

  • ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွား

    ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွား

    မုဒုံမှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျ

    မွန်ပြည်နယ် မုဒုံမြို့နယ်မှာ ရေနွေးအိုး တည်ရာကနေ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

    မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    “ရေနွေးအိုး တည်ထားရာကနေ ဖြစ်သွားတာပါ။ အဲအချိန် အရှေ့မြောက်လေက တိုက်နေတဲ့ အချိန် နေပူနေတဲ့ အချိန်ဆိုတော့ ဆိုးတာပေါ့။ နေအိမ် ၆၀ လောက် ပါသွားပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေက သုံးပုံ ပုံ နှစ်ပုံလောက် ရှိမယ်။ မီးကညနေပိုင်းမှာ ငြိမ်းသွားပါတယ်”

    အဆိုပါ မီးလောင်ပြာကျသွားတဲ့ အိမ်ထောင်စု ၆၀ ခန့်က ဒေသခံတွေဟာ ဘုန်းကြီး‌ကျောင်းမှာ စုပေါင်းနေထိုင်နေကြရပြီး အခြေခံစားသောက်ကုန်နဲ့ အိုးခွက်၊ ပန်းကန်တွေ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

    နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်( ၂ ) ရန်နိုင်ရပ်ကွက်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ အလားတူ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ အိမ်ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

  • စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင် ပြောပြီ

    စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင် ပြောပြီ

    ခင်ညွန့်လက်ထက်က ခင်ညွန့်အားကိုးရတဲ့ စသုံးလုံးထဲက အ‌ကောင်ကြီးတစ်ကောင်က ခုတော့ အသက်ကြီးပြီ အေးဆေးနေတယ်။

    သူကပြောတယ်…

    ခု မင်းအောင်လှိုင်တို့ တစ်ဖွဲ့လုံးရဲ့ ဦးနှောက်စုပြီး ပေါင်းရင်တောင် ငါ့ Lee လောက်တောင်မရှိဘူးတဲ့။

    ဒီလောက် တိုင်းပြည်မှာ လက်နက်ကိုင်တွေ အဖွဲ့ပေါင်းစုံ ပေါနေတာ အာဏာရူးပြီး ကြံ့ဖွတ်ခင်ရီ က မြှောက်ပေးတိုင်း အာဏာထသိမ်းတာ ဦးနှောက် က Lee လောက်ပဲရှိလို့တဲ့ဗျာ။

    မဲခိုးတာ ဘာကို မဲခိုးတာလဲ ဒီကောင်တွေလျောက်ပြောနေတာ။အာဏာသိမ်းချင်လို့အကြောင်းပြချက်ရှာတာ။

    ကျူပ်ကိုယ်တိုင် NLDကို မဲမပေးဘူး။

    ဒါပေမယ့် NLD က မဲအပြတ်အသတ်နိုင်တယ်ဆိုတာ အတွေးအခေါ်ရှိတဲ့သူတိုင်းသိကြတယ်။

    ကျူပ်တို့ ထောက်လှမ်းရေးပညာကို နိုင်ငံခြားကို သွားသင်ထားတယ် ပြည်တွင်းမှာလဲ ကျူပ်တို့ဦးဆောင်ခဲ့တာ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေးက အမ္ဘာ့ အဆင့် အမြင့်ဆုံးထဲမှာပါတယ်။

    ဒီကောင် ကာချူပ်ဖြစ်တာ ဘာအရည်အချင်းရှိလို့လဲ နိုင်ငံရေးဘာနကန်းတလုံးမှနားလည်တာမဟုတ်ဘူး။ ခိုးဖို့ပဲနားလည်တာ။

    ခုလဲ ဟိုပွဲတက် ဒီပွဲတက် သူများရေးပေးတဲ့စာကိုဖတ်ပြီး ပါးစပ်က ပေါက်ကရလျောက်ပြော

    တိုင်းပြည်က ဒီလောက်ဆင်းရဲပြီး ပျက်စီးလာတာ စီးပွားရေးဦးမော့လာပြီ ပြောလို့ပြော

    ဒီကောင် ကြောင်ချီး

    သမ္မတ ရူး ရူးပြီး ပွဲတကာလျောက်တက်ပြီး သူကိုယ်သူ ဘဝင်ကိုင်နေတာ

    တိုင်းရေးပြည်ရာ ဘာ နကန်းတလုံးမှသိတဲ့ကောင်မဟုတ်ဘူး။

    ငါ့တူတို့ မယုံရင်စောင့်ကြည့်

    အဲဒီဗိုလ်ချူပ်အဖွဲ့တွေ မိသားစုလိုက်ကို ဒုက္ခရောက်ကြအုံးမှာ။

    ကျူပ်တို့လက်ထက်မှာ နိုင်ငံကို နိုင်နိုင်နင်းနင်းအုပ်ချူပ်နိုင်တာက ခေါင်းဆောင်တွေက အရည်အချင်းရှိကြတယ်။

    ပြီးတော့ အဲဒီအချိန်က နိုင်ငံရေးနယ်ပယ်က ကျဉ်းမြောင်းပြီး ပြည်သူတွေက ခုလောက် အမြင်မကျယ်သေးဘူး။

    ခုက ကိုယ့်မြေးတောင် ကိုယ့်ထက်ဗဟုသုတပိုရှိတယ်။

    ငယ်ငယ်လေးတွေနဲ့ သူတို့က AI ကို ကောင်းကောင်းသိပြီးသုံးတတ်တယ်။

    အကောင်းအဆိုးအကြောင်းအကျိူးဝေဖန်တတ်နေပြီ။

    ကျူပ်တို့တုန်းက ဒီလောက်ဗဟုသုတလဲ မရှိဘူး။

    ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်တဲ့ ပတ်ဝန်းကျင်လဲမရှိဘူး။

    စစ်ဗိုလ်တွေအကုန်လုံးက နွားခြေရာခွက်ထဲမှာ နေကြပြီး သူတို့ကို သူတို့ ဘဝင်လေဟပ်နေဝာာ တကယ်တတ်တဲ့ကောင် တစ်ယောက်မှမရှိဘူး။

    ဘာမှမလုပ်တတ်မကိုင်တတ်နဲ့ နိုင်ငံမှာရှိတာ အကုန်ရောင်းစားတာ။

    ခုဒီကောင်ကြောင်ချီးက ကြူကြူလှက ဗေဒင်မေးလိုက် ယတြာချေလိုက်လုပ်နေတာ လိုက်လုပ်ပြီး သမ္မတဖြစ်ချင်နေတာ။

    ကြူကြူလှဆိုတာလဲ နောက်ကနေ သားသမီးတွေ ကြီးပွားဖို့ ယောက်ကျားပါဝါနဲ့ အတင်းလာဘ်စားတာ ပေးသမျှအကုန်ယူတယ်။

    မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့်…

  • သိန်း (၅၀၀) ကုန်တဲ့ မင်္ဂလာဆောင်ကြီးအပြီး တရားရုံး ရောက်သွားခဲ့ရတဲ့ ကောင်​မလေး

    သိန်း (၅၀၀) ကုန်တဲ့ မင်္ဂလာဆောင်ကြီးအပြီး တရားရုံး ရောက်သွားခဲ့ရတဲ့ ကောင်​မလေး

    ဒီရင်ဖွင့်စာကို ဖတ်နေတဲ့ ညီမလေးတွေရှိရင် သင်ခန်းစာယူကြပါ။

    ကျွန်မတို့ မင်္ဂလာဆောင်တုန်းက လူတိုင်း အားကျခဲ့ကြတယ်။

    ဟိုတယ်အကြီးကြီးမှာ လုပ်တယ်၊ ဝတ်စုံဆို ၅ စုံလောက် လဲတယ်၊ ရွှေတွေဆိုတာလည်း တစ်ကိုယ်လုံး ဝင်းနေတာပဲ။

    သူက “မောင့်မိန်းမကို မျက်နှာမငယ်စေရဘူး” ဆိုပြီး အရာရာ အကောင်းစားတွေ စီစဉ်ပေးခဲ့တာလေ။

    ကျွန်မ ထင်ခဲ့တာက သူ့စီးပွားရေး အဆင်ပြေလို့၊ သူ့မိဘတွေက ချမ်းသာလို့ ဒီလို သုံးနိုင်တာပေါ့။

    ဒါပေမဲ့ “တန်ဆောင်မုန်းလပြည့်နေ့” မင်္ဂလာဆောင်ပြီးလို့ (၁) ပတ်ပဲ ကြာပါတယ်။

    အိမ်ကို အကြွေးရှင်တွေ ရောက်လာတော့မှ ကျွန်မ မူးလဲချင်သွားတယ်။

    သိလိုက်ရတဲ့ အမှန်တရားက…

    မင်္ဂလာဆောင်စရိတ်၊ ကျွန်မကို တင်တောင်းတဲ့ ရွှေ၊ ဟိုတယ်ဖိုး အားလုံးကို သူက “အတိုးကြီးပေးပြီး ချေးငှား လုပ်ထားတာ” တဲ့။

    သူ့မိဘတွေကလည်း သဘောမတူတာကို အတင်းလုပ်ချင်လို့ သူက လိမ်ပြီး ချေးထားတာတဲ့။

    အခုတော့ ဟန်နီးမွန်းမထွက်ရဘဲ၊ အကြွေးရှင်တွေက အိမ်ထိလာပြီး ဆဲဆိုနေကြပြီ။

    ကျွန်မကို တင်တောင်းထားတဲ့ ရွှေတွေကို ပြန်ရောင်းဆပ်ဖို့ သူက ပြောလာတယ်။

    “မောင်က သဲကို မျက်နှာပန်းလှစေချင်လို့ လုပ်ပေးခဲ့တာလေ… အခု ပြန်ကူညီပါ” တဲ့။

    ကျွန်မ ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး။

    ဒါဟာ “ချစ်တာ” လား? “လိမ်ညာတာ” လား?

    သူ့ရဲ့ “အတ္တ” နဲ့ “ကြွားဝါချင်စိတ်” ကြောင့် ကျွန်မတို့ရဲ့ အိမ်ထောင်ရေးအစမှာတင် “အကြွေး သိန်းရာချီ” နဲ့ စတင်ရတော့မယ်။

    ကျွန်မ ဘာလုပ်သင့်လဲ အစ်မတို့ရယ်?

    သူပြောသလိုပဲ ရွှေတွေထုတ်ရောင်းပြီး ဒီအကြွေးကို လင်မယားနှစ်ယောက် ခါးစည်းခံဆပ်မလား? (ဒါပေမဲ့ သူ့ကို ယုံကြည်မှု လုံးဝ မရှိတော့ဘူး)

    ဒါမှမဟုတ် “လိမ်ညာပြီး လက်ထပ်မှု” ဆိုပြီး ကွာရှင်းပစ်လိုက်မလား? (ဒါဆိုရင်လည်း မင်္ဂလာဆောင်ပြီးကာစမို့ ကျွန်မ အရှက်ကွဲရမယ်)

    ဂုဏ်ပကာသန မက်ခဲ့တဲ့ ကျွန်မအမှားလည်း ပါတာမို့ ဝေဖန်မယ့်အစား လမ်းပြပေးကြပါဦးရှင်။

  • ပြည်ခရိုင် ပကဖများကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်

    ပြည်ခရိုင် ပကဖများကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်

    ပြည်ခရိုင် ပကဖများကို ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်

    ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းက ပကဖ တိုက်ခိုက်ရေးအဖွဲ့များကို အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက် တပ်ဆင်ပေးခဲ့တယ်လို့ ပဲခူးတိုင်း ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

    အဲဒီ လက်နက်တပ်ဆင်ပေးအပ်ပွဲကို စစ်ဆင်ရေးနယ်မြေ တစ်ခုမှာ ပြုလုပ်ခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား ပေးအပ်ခဲ့တာလို့ အသိပေးပါတယ်။

    လက်နက်တပ်ဆင် ပေးအပ်ပွဲကို ပဲခူးတိုင်းတာဝန်ခံ ရဲဘော် ကောင်းကင်၊ ပဲခူးတိုင်း ပကဖ ထောက်ပို့တာဝန်ခံ ရဲဘော် ဇော်ကြီးနဲ့ သာယာဝတီ ခရိုင် ပကဖ စစ်ဘက်ရေးရာတာဝန်ခံ ရဲဘော် Arr Yoan တို့တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

    မနေ့က ဇန်နဝါရီ ၉ ရက်မှာ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ (ခ) အောင်မြင်မြို့ သိမ်းပိုက်မှုမှာ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၃) ကွပ်ကဲမှုအောက်ရှိ တိုင်းအတွင်းက မြို့နယ် ပကဖများ ပါဝင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

  • နွေဦးတော်လှန်ရေးဆရာတော် ဖမ်းခံထားရ

    နွေဦးတော်လှန်ရေးဆရာတော် ဖမ်းခံထားရ

    လူသိများ ထင်ရှားသူဖြစ်သည့် နွေဦးတော်လှန်ရေးဆရာတော်သည်

    မောတောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။

    ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။

    အမြန်ရှယ်ပေးခြင်းဖြင့်ကူညီကြပါ

    ပူးပေါင်းလုပ်ကြံမှုကြောင့် နွေဦးတော်လှန်ရေးဆရာတော်သည်

    မောင်တောင်မြို့ကအဆင်း ပကျွတ်မြို့ ထိုင်းဘက်ခြမ်းတွင် အဖမ်းခံထားရပါသည်။

    ညတွင်းချင်း လူချွတ်ပီး တရား စွဲမည်ဟု သိရပါသည်။

    တိုင်ကြားထားတဲ့အမှုတွေကအရမ်းများသည်။

    ကြီးလေးသည်ဟု သိရပါသည်။