Category: News

  • ပျော်ဘွယ်ကနေ တောင်ကြီးကို တက်လာတဲ့  ဘုန်းကြီးတပါးက ဓါးရှည်တချောင်းကို ကိုင်ဆောင်ကာ

    ပျော်ဘွယ်ကနေ တောင်ကြီးကို တက်လာတဲ့ ဘုန်းကြီးတပါးက ဓါးရှည်တချောင်းကို ကိုင်ဆောင်ကာ

    ပျော်ဘွယ်ကနေ တောင်ကြီးကို တက်လာတဲ့

    ဘုန်းကြီးတပါးက ဓါးရှည်တချောင်းကို ကိုင်ဆောင်ကာ

    အမျိုးသမီး တဦးတည်း မောင်းနှင်လာတဲ့ကားကို

    တားဆီးပြီး တံခါးပေါက်ကို အတင်းဆွဲဖွင့်နေလို့

    တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ရပါတယ်။

    ခင်ဗျားအရက်သောက်ထားတာလား အရက်နံ့တွေ

    ထောင်းနေတယ်လို့ မေးတဲ့အခါ “ဟုတ်တယ် အရက်တော့

    သောက်ထားတယ်လို့ဖြေပါတယ်”🤔

    ယနေ့ခေတ်မှာ လူတွေချည်းတရားပျက်ကုန်ကြတာ

    မဟုတ်ဘူး၊သာသနာကို စောင့်ရှောက်နေပါတယ်ဆိုတဲ့

    တချို့သော ဘုန်း‌ကြီးတွေကအစ တရားပျက်နေကြပြီ….

    လုံးဝ စိတ်မ‌‌ကောင်းစရာပါ🥺

  • တရုတ် လျှပ်စစ်ကား ကုမ္ပဏီများ နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရ

    တရုတ် လျှပ်စစ်ကား ကုမ္ပဏီများ နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရ

    တရုတ် လျှပ်စစ်ကား ကုမ္ပဏီများ နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရ

    ဆက်တိုက် အရှုံးပေါ်နေသော ကုမ္ပဏီများ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်မှ ထွက်ခွာသွား ရနိုင်သည်ဟု မျှော်လင့်ထားကြသည့် တရုတ်ပြည်တွင်း ကားဝယ်လိုအား လျော့ကျနေချိန်တွင် တရုတ် လျှပ်စစ်ကားကုမ္ပဏီ အများအပြားသည် လာမည့် ၂၀၂၆ ခုနှစ်အတွက် နေမလား သေမလား အခြေအနေနှင့် ရင်ဆိုင်နေရသည်။

    ကမ္ဘာ့အကြီးဆုံး တရုတ် ကားဈေးကွက်သည် ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လာမည့်နှစ်တွင် အရောင်းကျဆင်းသွားမည်ဟု တွက်ဆထားကြရာ အမြတ်အစွန်းမရှိသော ပြည်မကြီးမှ လျှပ်စစ်ကားကုမ္ပဏီ ၅၀ ခန့်သည် စီးပွားရေးကို လျှော့ချရန် သို့မဟုတ် ပိတ်သိမ်းရန် ဖိအားများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

    တစ်ဖက်တွင်လည်း တရုတ်ကားလုပ်ငန်း၌ လိုသည်ထက် ပိုများနေသော ထုတ်လုပ်နိုင်စွမ်း လွန်ကဲမှုနှင့် အစိုးရ အထောက်အပံ့ လျော့နည်းလာမှုများလည်း ရှိနေသည်။

    “ လူငယ် ယာဉ်‌မောင်းတွေကို အထင်ကြီးအောင် မလုပ်နိုင်တဲ့ ကားကုမ္ပဏီတွေအတွက် အချိန်နည်းနေပါပြီ”ဟု ကျိချန်းပြည်နယ်တွင် ကားလုပ်ငန်းသုံး ဆားကစ်ပြားများ ထုတ်လုပ်သည့် စက်ရုံပိုင်ရှင် ကျန်ကန်းက ပြောသည်။

    ကားအသစ်နှင့် အဟောင်း လဲလှယ်ပါက အခွန် ယွမ် ၂၀၀၀၀ သက်သာမည့် အစီအစဉ်ကို ထပ်မံ သက်တမ်းတိုးမည်လား ဆိုသည်ကို ပေကျင်းက ဇန်နဝါရီလတွင် ကြေညာရန်ရှိသည်။

    လောလောဆယ်တွင် ကားဝယ်သူများသည် ဝယ်ခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်စရာမလိုဘဲ သက်သာခွင့် ရနေသော်လည်း လာမည့် နှစ်ဆန်းပိုင်းမှ စ၍ ရောင်းဝယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကာ ၂၀၂၈ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရမည် ဖြစ်သည်။

    ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ကားရောင်းချရမှု ၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း ဂျာမနီ အခြေစိုက် နိုင်ငံတကာဘဏ်ကြီး Deutsche Bank က ပြီးခဲ့သည့်လတွင် ခန့်မှန်းခဲ့သည်။

    အမေရိကန်အခြေစိုက် JPMorgan ကလည်း အောက်တိုဘာတွင် အလားတူခန့်မှန်းခဲ့ပြီး လျှပ်စစ်ကားရော၊ ဆီကားများပါ အကျုံးဝင်သည်ဟု ဆိုထားသည်။

    တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် လူစီးကား၊ဘတ်စ်ကား၊ ကုန်တင်ကား စုစုပေါင်း အစီးရေ ၃၃ သန်းခန့် ထုတ်လုပ်ခဲ့ဖွယ် ရှိပြီး အမှန်တကယ်တွင် ၎င်းက တစ်နှစ်လျှင် ကားအစီးရေ သန်း ၅၀ ခန့် ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု JPMorgan ကုမ္ပဏီမှ အာရှ – ပစိဖိတ် ကားလုပ်ငန်း သုတေသနဌာန အကြီးအကဲ နစ်လိုင်က ဆိုသည်။

    ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားကုမ္ပဏီ BYD နှင့် ဟွာဝေးနည်းပညာကုမ္ပဏီက ကျောထောက် နောက်ခံပေးထားသည့် Seres တို့သာ အမြတ်ထွက်ခဲ့ကြောင်း သိရသည်။

    အေးကျော်

    Ref: SCMP

  • PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေကို ဝိုင်းရံပိတ်ဆို့ထားဟု NUG ကာကွယ်ရေးထုတ်ပြန်

    စစ်ကူစစ်ကြောင်းကိုတိုက်ခိုက် ကား ၅ စီးဖျက်ဆီးနိုင်ခဲ့ပြီး စစ်တပ်ထိခိုက်ကျဆုံးများ

    လေယာဉ်ဗုံးနဲ့ လက်နက်ကြီးထုတ်ရာ ပကစ စက်ရုံး ၃ခုကို ဓာတ်အားပေးတဲ့ ဓာတ်တိုင်ပေါင်း ၁၀၀ ကျော် မိုင်းခွဲတိုက်ခိုက်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ဦးစီးကွပ်ကဲမှုနဲ့ မကွေးတိုင်း မြို့နယ် ၆ခုက စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စလင်းမြို့နယ်ကစလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    PDF တပ်မတော်က ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံလျက် အကြမ်းဖက်စစ်ကော်မရှင်အား ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ စစ်တပ်ရွေးကောက်ပွဲ ပထမအကျော့ ကျင်းပမယ့် စလင်းမြု့နယ်နဲ့ ပွင့်ဖြူမြု့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ခုက စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာလ (၂၃) ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ၂၈ရက်နေ့အထိ ၆ရက်တာ စစ်ရေး အခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။

    စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေအနက် ဒီဇင်ဘာလ (၂၅) ရက် ည (၇) နာရီခန့်မှာ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဦးတည်ထွက်ခွါတဲ့ အင်အား (၁၇၀) ခန့်ပါ ရန်သူ့စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအ သိပေးပြီး တိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှာ ပါလာတဲ့ လက်နက်ခဲယမ်း နဲ့ ဒရုန်းတွေတင်လာတဲ့ မော်တော်ယာဉ် ၅စီးစလုံးနေရာတွင် ပေါက်ကွဲပျက်စီးခဲ့ကြောင်း မှတ်တမ်းပုံတွေ ဖော်ပြ ခဲ့ပါတယ်။

    စစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားကြောင်းလည်း ထုတ်ပြန်ပါတယ်။

    ထိုးစစ်ပြုလုပ်ရာ မြို့နယ် ၆ခုအတွင်းရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးတွေကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း အသိပေးထားပြီး အသေးစိတ်ကို ဖော်ပြမထားပါဘူး။

    ဒါ့အပြင် ပြည်သူလူထုကို ဦးတည်လျက် လေကြောင်း တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဗုံးတွေ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂)နဲ့ လက်နက်ကြီး ကျည်ဆံများထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) တို့ကို သွယ်တန်းထားသော လျှပ်စစ်မဟာဓါတ်အားလိုင်းမှ ဓါတ်တိုင်ပေါင်း (၁၀၀) ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

    စလင်း၊ ဆင်ဖြူကျွန်း ထိုးစစ်ကို စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူ အများအပြားနဲ့ ခုခံလျက်ရှိပြီး စစ်ဆင်အားတွေဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် စလင်းမြို့နယ်နဲ့ ဆက်စပ်ဒေသတွေမှာ စစ်ကြောင်းတွေလှုပ်ရှားလျက်ရှိပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေတာတွေလည်းရှိနေပါတယ်။

    မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူကPeople’s Spring ကို ပြောကြားထားပါတယ်။အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

    စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြသတာဖြစ်တယ် လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကလည်း စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    (စစ်တပ်ယာဥ်တန်း​ကို PDF ​တွေကတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)

  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

    စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

    စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

    “ဒီနေ့က နှစ်ပွဲ။ လပခကိုပစ်တယ်။ သံတောင်ကြီး ဘုရင့်နောင်တပ်ကိုလည်း ထပ်ပစ်ထားတယ်” လို့ BWMက ပြောပါတယ်။

    စစ်ကောင်စီရွေးကောက်ပွဲ ပြုလုပ်တဲ့ ဒီနေ့ (ဒီဇင်ဘာ ၂၈) နံနက် ၁ နာရီမှာ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်း ငါးလုံးပစ်ခဲ့တာဖြစ်ပြီး လေးလုံးအောင်မြင်ခဲ့တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။

    အဲဒီစစ်ဆင်ရေးကို BWM ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နဲ့ Infinity စတဲ့ ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် နှစ်ဦးသေဆုံးကာ ထိခိုက်မှုများနိုင်တယ်လို့ BWM ကဆိုပါတယ်။

    ရှော့တိုက်ဒုန်းလေးလုံးထဲက သုံးလုံးဟာ ကျုံးထဲ ကျခဲ့ပြီး တစ်လုံးကတော့ နန်းတွင်းထဲကို ကျ‌တာကြောင့် ထိခိုက်သူနှစ်ဦးရှိတယ်လို့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်က စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

    အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ဆင်ရေးလုပ်ဆောင်တဲ့ အဖွဲ့တွေ ထိခိုက်မှုမရှိပေမယ့် ပြည်သူတချို့တော့ ထိခိုက်မှုရှိတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။

    မဟာမိတ်အဖွဲ့‌ တွေအနေနဲ့ အဲဒီစစ်ဆင်ရေးလုပ်ဆောင်ရတာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ဆန့်ကျင်ကြောင်း ပြတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    သံတောင်ကြီးမြို့နယ်က ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းကိုတော့ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ရှော့တိုက်ဒုန်း ခြောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

    ဒီသင်တန်းကျောင်းက စစ်ကောင်စီအရာရှိတွေကို တပ်ရင်းမှုး ၊ တပ်စုမှုး ၊ တပ်ခွဲမှုး သင်တန်းပေးနေတာဖြစ်ပြီး လက်ရှိမှာလည်း တပ်ရင်းမှုးသင်တန်းပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ဒီစစ်ဆင်ရေးကိုတော့ BWM ရဲ့ ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်းအထူးဒေသ ဖိုက်တာဆားခဲ အဖွဲ့ တို့က KNLA တပ်မဟာ (၂) ၊ တပ်ရင်း (၅) နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်ရေးသင်တန်းကျောင်းထဲကနေ အနီးအနားကပြည်သူတွေကို ပစ်ခတ်မှုတွေပြုလုပ်နေတဲ့ လက်နက်ကြီးအထိုင်နေရာ အပါအဝင် တပ်ရင်းမှူး သင်တန်းဆောင် ၊ တပ်ရင်းမှူးအိပ်ဆောင် နဲ့ ဘုရင့်နောင်ကျောင်းဌာနချုပ်တွေ ကို ပစ်မှတ်ထားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

    (ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – BWM)

  • သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

    သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

    မြင်းခြံမြိုနယ်က သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

    မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

    စစ်ဆေးမေးမြန်းနေတဲ့ကာလ ဖြစ်တဲ့အတွက် သတင်းအချက်အလက်များနဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်မယ်လို့ ထနောင်းမြေစစ်ကြောင်းက အသိပေးပါတယ်။

    ထနောင်းမြေစစ်ကြောင်းတာဝန်ရှိသူက “ သေနတ်တွေတော့ မပါဘူး။ ထွက်ပြေးသေးတယ်။ သီတာယုမွန် တပည့်မလေးတွေမှန်း သိတယ်” လို့ ပြောပါတယ်။

    အဆိုပါပြည်သူ့စစ်မေသုံးဦးက မိုင်းထိထားတဲ့အတွက် ဆေးကုသပေးနေရတယ်လို့ ထနောင်းမြေစစ်ကြောင်းက ပြောပါတယ်။

    ဒီဖမ်းဆီးမှုကို ထနောင်းမြေစစ်ကြာင်းနှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    Photo – ထနောင်းမြေစစ်ကြောင်း