မြင်းခြံမြိုနယ်က သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ဆေးမေးမြန်းနေတဲ့ကာလ ဖြစ်တဲ့အတွက် သတင်းအချက်အလက်များနဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်မယ်လို့ ထနောင်းမြေစစ်ကြောင်းက အသိပေးပါတယ်။

ထနောင်းမြေစစ်ကြောင်းတာဝန်ရှိသူက “ သေနတ်တွေတော့ မပါဘူး။ ထွက်ပြေးသေးတယ်။ သီတာယုမွန် တပည့်မလေးတွေမှန်း သိတယ်” လို့ ပြောပါတယ်။
အဆိုပါပြည်သူ့စစ်မေသုံးဦးက မိုင်းထိထားတဲ့အတွက် ဆေးကုသပေးနေရတယ်လို့ ထနောင်းမြေစစ်ကြောင်းက ပြောပါတယ်။

ဒီဖမ်းဆီးမှုကို ထနောင်းမြေစစ်ကြာင်းနှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Photo – ထနောင်းမြေစစ်ကြောင်း


Leave a Reply