Category: News

  • ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်

    ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်

    ဝန်းသိုတွင် ခမရ ၁၂၀ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်စဉ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က ကိုယ်လွတ်ရုန်းထွက်ပြေးဟု စစ်သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်း ဝန်ခံထွက်ဆို

    စစ်သားအလောင်း ၉ လောင်းနှင့်အတူ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၇ ဦးကို ဥပဒေနှင့်အညီ ထိန်းသိမ်းထား

    စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂၀ စစ် ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ တပ်ရင်းမှူး ဒုဗိုလ် မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က ကိုယ် လွတ်ရုန်းထွက်ပြေးသွားကြောင်း စစ် သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်းက ဝန်ခံထွက်ဆိုသည်။

    ဒီဇင်ဘာလ ၂၀ ရက်နေ့ အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ဝန်းသိုမြို့နယ် အခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ အင် အား ၁၀၀ ဝန်းကျင်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဩဂကျေးရွာနှင့် အာမခံကျေးရွာ တို့ကို မီးရှို့ ပြီးနောက် ညောင် ပင်သာ ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိကြောင်း၊ ခမရ ၁၂၀ တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး လွင်ကိုကိုထွန်း(ခ)အောင်ကိုကိုလွင်က သေဆုံးဒဏ်ရာရ စစ် သားများနှင့်လူကွဲသွားသော စစ်သားများကို ထားရစ်ကာ ကိုယ် လွတ်ရုန်းထွက်ပြေးသွားကြောင်း သိရှိရသည်။

    “ဝန်းသို ခမရ ၁၂၀ ကစစ်ကြောင်းက ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီမှာ စထွက်လာတာ။ အာမခံ‌ ကျေးရွာကို မီးရှို့တယ်။ ဩဂ ကျေးရွာအရောက်မှာလည်း အမျိုးသားပြည်သူတစ်ဦးကို ပစ်သတ်တယ်။ ညောင်ပင်သာကျေးရွာမှာလည်း ပြည်သူအမျိုး သား ၃ ဦးကို ထပ် မံသတ်ဖြတ်ပါတယ်။ အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်တာမှာ ၉ လောင်း ရတယ်။ စစ် သုံ့ပန်း ၇ ကောင် ဖမ်းဆီးရရှိတယ်။ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး ၊ တပ်သား စစ်မှုထမ်း ၁ ဦးနဲ့ တပ်သား ၄ ဦး ကို မိတယ်။ ဒဏ်ရာရတာက စစ် သား ၂၀ လောက်ရှိတယ်။ ခမရ ၁၂၀ တပ်ရင်းမှူး လွင်ကိုကိုထွန်း (ခ) အောင်ကိုကိုလွင်က ခွေးကျိုး ခွေးနာတွေသယ်ပြီး အခြားတပ်တွေကို တိုက်ပွဲဖြစ်ပွားရာနေရာမှာ ထားပစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးသွားတယ်လို့ စစ်သုံ့ပန်း တပ် ကြပ်ကြီး ဇော်လင်းက ထွက်ဆိုတယ်” ဟု အမှတ် ၁ စစ်ဒေသ၊ ကောလင်း ခရိုင် အမှတ် ၄ တပ်ရင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြ သည်။

    အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၁ ဦးထိခိုက်ကျဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိကြောင်း ၊ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၇ ဦးကို ဥပဒေနှင့်အညီ ထိန်း သိမ်း ထားကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားကြောင်း သိရှိရသည်။

    စစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ရာတွင် အမှတ် ၁ စစ်ဒေသ လက်အောက်ခံတပ်များ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၏ ဒုတပ်ရင်းမှူး ငရဲက ဦးစီးပြီး တပ်ရင်းရဲဘော်များနှင့် ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်‌ရေးရဲဘော်များ၊ ဒရုန်းအဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်

    ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်

    ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာရှိတဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က စစ်အုပ်စုစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ရွှေ့ပြောင်းကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ဒီဇင်ဘာ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ဆင်ဖြူကျွန်းမြို့နယ်နေ ပြည်သူတွေအနေနဲ့ ဒီနေ့မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းမှာ စလင်းမြို့နယ်ကို ရွှေ့ပြောင်းကြဖို့နဲ့ခရီးငွားတွေ ပြည်သူတွေအနေနဲ့လည်း စစ်ယာဉ်တန်းတွေအနီးက ကပ်မလိုက်ဖို့ စလင်း -(ပကဖ) ဆိုထားပါတယ်။

    “ပြည်သူတွေ အချိန်မှီရွှေ့ပြောင်းနိုင်ဖို့နဲ့ စကမ ယာဉ်တန်းများနဲ့ အနီးကပ်မလိုက်ကြဖို့ သတိပေးချင်ပါတယ်“လို့ စလင်းပကဖ တာဝန်ရှိသူက ပြောပါတယ်။

    စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်ကစပြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းပေါ်က ရွာတွေကို လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ဒီနေ့အထိ တိုက်ပါဲတွေ ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။

    ဒီဇင်ဘာ ၂၃ ရက်မှာတော့ နွယ်တမယ်ချောင်းတံတားထိပ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး မနေ့ကတစ်ရက်ထဲမှာပဲ လေကြောင်းကနေ ဗုံးအလုံးသုံးဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နေပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    “ဒီဇင်ဘာ ၂၃ ရက်နေ့က လေယာဉ်ဗုံးကြဲသွားလို့ ပြည်သူ ၅ဦးလောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ မီးလောင်ဗုံး Rocket တွေနဲ့ပါပစ်ခံရတာ“လို့ အဆိုပါဒေသခံက ပြောပါတယ်။

    လက်ရှိမှာ ဆင်ဖြူကျွန်းမြို့ပေါ်အပါဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေပါ စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဒါ့အပြင် စလင်းမြို့နယ် တညောင်တိုက်နယ်ရဲစခန်းကို အခုနှစ် ဇူလိုင်လမှာပဲ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းပြန်သိမ်းနိုင်ဖို့အတွက် စစ်အုပ်စုတပ်က စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို အင်အားနှစ်ရာနီးပါးနဲ့ မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  • ပြည်သူတွေက သူ့ကို မြန်မြန်သေဖို့ ဆုတောင်းတာ သိတယ်လို့ ဇော်မင်းထွန်း ဝန်ခံ

    ပြည်သူတွေက သူ့ကို မြန်မြန်သေဖို့ ဆုတောင်းတာ သိတယ်လို့ ဇော်မင်းထွန်း ဝန်ခံ

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဇော်မင်းထွန်း တစ်ယောက် ကျန်းမာရေး အသည်းအသန် ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေက ဒါဟာ ကောလာဟလ မဟုတ်ဘဲ တကယ်ဖြစ်လာဖို့ကို တစ်ခဲနက် ဆုတောင်းခဲ့ကြတာပါ။

    ဒီအခြေအနေကို ဇော်မင်းထွန်းက “တချို့လည်း မေတ္တာပို့တာပေါ့နော်။ မြန်မြန်သေအေးတာပဲ ဆိုပြီးတော့” လို့ ရယ်ကျဲကျဲနဲ့ တုံ့ပြန်ခဲ့ပါတယ်။

    “ပုံမှန်အားဖြင့်အားဖြင့်တော့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေထွက်လာရင် စိုးရိမ်ပူပန်ပေးကြတာ ထုံးစံဖြစ်ပေမယ့် ဇော်မင်းထွန်းအတွက်တော့ မပါပါဘူး”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

  • စစ်အုပ်စုက အသစ်ဖွင့်လိုက်သည့် MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားခဲ့ပြန်

    စစ်အုပ်စုက အသစ်ဖွင့်လိုက်သည့် MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားခဲ့ပြန်

    အကြမ်းဖက်စစ်အုပ်စုက ယခုဒီဇင်ဘာလအတွင်းတွင်မှ အသစ်ဖွင့်လိုက်သော MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားလိုက်ပြန်သည့်အတွက် ယင်းသည် မြန်မာစစ်အုပ်စု ဝါဒမှိုင်းဖြန့်ယန္တရားအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ကြောင်း Justice For Myanmar အဖွဲ့က ယနေ့ထုတ်ပြန်သည်။

    Facebook သည် MITV နှင့် ရတနာပုံသတင်းစာတို့၏ စာမျက်နှာများကို အစောပိုင်းကတည်းက ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း YouTube၊ Twitch နှင့် Kick တို့က ၄င်းတို့ပလက်ဖောင်းပေါ်ရှိ အဆိုပါ MRTV တိုက်ရိုက်ထုတ်လွှင့်မှုများအား ပိတ်ပင်မှုများ ရှိလာခဲ့ပြီးနောက်တွင် Facebook က ယခုကဲ့သို့ MRTV နှင့် MRN စာမျက်နှာအသစ်များကိုပါ ထပ်မံဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

    Facebook ၏ မိခင်ကုမ္ပဏီ Meta သည် ၂၀၂၁ ခုနှစ်မှစတင်၍ မြန်မာစစ်တပ်၊ စစ်အုပ်စုဆက်နွှယ် စီးပွားရေးလုပ်ငန်းများနှင့် စစ်အုပ်စုထိန်းချုပ်ထားသော နိုင်ငံပိုင်အဖွဲ့အစည်းများနှင့်မီဒီယာများကို Facebook နှင့် Instagram ပလက်ဖောင်းများပေါ်တွင် အသုံးပြုခွင့်ပိတ်ပင်ထားသည့် မူဝါဒကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

    ယခု Facebook ၏ အရေးယူမှုအပြီးတွင် Justice For Myanmar က နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

    အကြမ်းဖက်စစ်အုပ်စုသည် ၄င်းတို့၏အတုအယောင် ရွေးကောက်ပွဲအား ပြည်တွင်း ပြည်ပမှအသိအမှတ်ပြုမှု ရရှိရန်အတွက် ကြိုးပမ်းရာတွင် အဆိုပါ သတင်းပေ့ချ်များနှင့် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်များသည် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပြီး၊ ယခုအခါ အဆိုပါ ပလက်ဖောင်းများကို နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများက ပိတ်ပင်လိုက်သည့်အတွက် စစ်အုပ်စုအတွက် ၎င်းတို့၏ အတုအယောင်ရွေး ကောက်ပွဲမတိုင်မီ နေ့ရက်များကို MRTV သတင်းပေ့ချ်များနှင့် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းများမရှိဘဲ ထပ်မံဖြတ်သန်းရတော့မည်ဖြစ်ကြောင်း JFM ဆိုသည်။

    ထိုသို့ စစ်အုပ်စုက အသစ်ဖွင့်လှစ်ခဲ့သည့် MRTV နှင့် MRN ပေ့ချ်တို့ကို ဖယ်ရှားပိတ်သိမ်းလိုက်သည့် Facebook ၏ အရေးယူဆောင်ရွက်မှုအပေါ် ကြိုဆိုကြောင်းနှင့် အဆိုပါဝါဒမှိုင်းဖြန့် စာမျက်နှာများအကြောင်း ၄င်းတို့ထံ သတင်းပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း Justice For Myanmar ကထုတ်ပြန်ခဲ့သည်။

  • ပုဂံ၊ ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ

    ပုဂံ၊ ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ

    ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့ကို အလည်လာတဲ့ ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။

    ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခို​နေတဲ့ ဇနီးမောင်နှံဟာ မနေ့က ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီခန့်က ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်) ညနေပိုင်းအထိ အဆက်အသွယ်မရတော့တာဖြစ်ကြောင်း ဆွေမျိုးသားချင်းတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

    “၂၃ရက်နေ့မနက် ၉နာရီလောက်မှာ ပုပ္ပါးဘက်သွားမယ်ဆိုပြီး လင်မယားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ထွက်သွားကြပါတယ်။ ယနေ့ ၂၄ရက် ယခု Post တင်တဲ့အချိန် 6:21 pm အထိ အဆက်အသွယ် မရသေးပါရှင် ဟိုတယ်ကနေ ထွက်သွားတာပါ”လို့ ၎င်းက ရေးသားထားပါတယ်။

    တနေရာရာမှာ တွေ့မိရင် ဖုန်းနံပါတ် ၀၉၂၅၉၇၆၆၄၄၆ ကိုဆက်သွယ်ဖို့လည်း ရေးသားထားပါတယ်။

    “မနေ့ညကားနဲ့ပြန်လာမှာမလို့ ဟိုတယ်မှာတောင် Check out လုပ်ပြီး ပစ္စည်းတွေထားခဲ့တာပါ။အခုက အဲ့ဒါတွေပါ ခုထိလာမယူသေးပါဘူး”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဒီဇင်ဘာ ၁၉ ရက်ကလည်း ပုဂံမြို့သစ်တောင်ပိုင်းရှိ စေတနာကြီးဘုရားအနီးမှာ ခရီးသွားကားတစ်စီးကို ပျူစောထီးတွေက ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

    ပြန်ပေးဆွဲပြီးနောက် ညှိနှိုင်းမှုအရပြန်ပေးဆွဲခံရသူတွေဘက်က ကျပ်သိန်း၁,၂၀၀ နဲ့ လက်ဝတ် လက်စားတွေချွတ်ပေးရပြီးနောက် အဲဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

    အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ ပျုစောထီးအဖွဲ့ဟာ ပုဂံမြို့အနီးတဝိုက်မှာ ကျင်လည်ကျက်စားနေတာလို့ ဒေသခံအချို့က ပြောပါတယ်။

    လက်ရှိ ပုဂံ၊ညောင်ဦးဒေသမှာ ကလေးငယ်တွေရဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်လို့ ခရီးသွားဧည့်သည်တွေ များပြားနေပြီး ခရီးသွားတွေအတွက် စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ကနေ ပုပ္ပါးကို အလည်သွားတဲ့ မိသားစု ၂ စုက ၆ ဦးလည်း ပုပ္ပါးရောက်ရှိနေချိန် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တစ်လခွဲကျော်အကြာ ဒီဇင်ဘာ ၁၈ရက်မှ ပြန်လည်ရောက်ရှိလာခဲ့ပါသေးတယ်။

    (ပျောက်ဆုံးနေသော ဇနီးမောင်နှံအား တွေ့ရစဥ်။ ဓာတ်ပုံ-လူမှုကွန်ရက်)