Category: News

  • အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့

    အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့

    စလင်းမှာ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်

    အမှုပိတ်သိမ်းဖို့ ကျောင်းအုပ်ကြီးဦးဆောင်ပြီး ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းနေ

    မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း(အထက ၁)မှာ တက်ရောက်နေတဲ့ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    စလင်းမြို့ G-10 ကျောင်းသူကို တကျောင်းတည်းတက်ရောက်နေတဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်း ၃ ဦးက အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ မြင်တင်ရပ်ကွက်ရှိ ထီးကြီးဘုရားအတွင်း ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

    ” G-12ကျောင်းသား(ရည်းစားဖြစ်သူ)က သူ့မွေးနေ့ရှိတယ်ဆိုပြီး ကျောင်းသူမလေးကို ထီးကြီးဘုရားကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်း ၃ ဦးကိုလည်းခေါ်ခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေကလည်း G-12 အောင်မြင်ပြီးကြပါပြီ။ ထီးကြီးဘုရားမှာ ကျောင်းသားတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ကျောင်းသူမလေးကို ဝိုင်းဝန်းအဓမ္မပြုကျင့်ကြတယ်”လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။

    ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက ပါးစပ်ကိုပိတ်ပြီး တလှည့်စီအဓမ္မပြုကျင့်တာ၊ ရိုက်နှက်တာတွေလုပ်စဥ် ကျောင်းသူမှာသတိလစ်မေ့မျောသွားပြီးနောက် ထီးကြီးဘုရားထဲမှာ ထားခဲ့ခံရတာလို့ သိရပါတယ်။

    “အဓမ္မပြုကျင့်ရာတွင် ကျောင်းသူမလေးရဲ့ ရည်းစားဖြစ်တဲ့ ကျောင်းသားက လည်ပင်းညှစ်ခြင်း ပါးရိုက်ခြင်း ပါးစပ်အားပိတ်ခြင်းများပြုလုပ်၍ ၃ ဦးပေါင်း ၁ ဦးချင်းစီက အဓမ္မပြုကျင့်ခဲ့ပြီး ကျန်တဦးက ဖုန်းဖြင့် videoဖိုင်ရိုက်ပြီး (Telegram)မှာ တင်ခဲ့ပါတယ်၊ အဓမ္မကျင့်ပြီးနောက် ကျောင်းသူမလေး သတိမေ့မျောနေချိန် ထီးကြီးဘုရားအတွင်းထားရှိခဲ့တယ်” လို့ ဆိုပါတယ်။

    ဒီအခြေအနေတွေကို နစ်နာသူမိန်းကလေးရဲ့ပြန်လည်ပြောပြချက်အရ ၎င်းနဲ့နီးစပ်သူတွေဆီကတဆင့် သိရှိခဲ့တာလို့ အထက်ပါမြို့ခံကပြောပါတယ်။

    အခင်းဖြစ်ပွားပြီးနောက် အဓမ္မပြုကျင့်ခံရတဲ့ကျောင်းသူ သတိပြန်ရလာပြီး ဘုရားအနီးဝန်းကျင်ရှိ ဒေသခံတွေကို ၎င်းအဓမ္မပြုကျင့်ခံရကြောင်းပြောဆိုအကူ အညီတောင်းခံတာကြောင့် ဒေသခံတွေကစလင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာပါ။

    လက်ရှိမှာ အဓမ္မပြုကျင့်ခဲ့သူ G-12 ကျောင်းသားနဲ့သူငယ်ချင်း ၄ ဦးကို စလင်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်စဥ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ရဲဘက်က သိမ်းယူထားတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုကြေအေးနိုင်ရေး ရဲတပ်ဖွဲ့၊ စလင်းအထက ၁ ကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက နစ်နာသူကျောင်းသူမိဘတွေဆီ ကျပ်သိန်း ၇၀၀ နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  • အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်သူ

    အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်သူ

    ယောဒေသ ဆောမြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်သူ ဖမ်းမိ

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဆောမြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၂၅ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မိန်းကလေးငယ်ကို သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှု ကျုးလွန်သူဟာ အသက် ၂၁ နှစ်အရွယ် ကိုမင်းမင်းစိုး ဖြစ်ပြီး သူ့ကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ အမည်မဖော်လ်ိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    အောက်တိုဘာလ ၂၁ ရက်က ဆောမြို့၊ သီရိရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မအေးငြိမ်လင်းကို မုန့်ဝယ်ကျွေးဖို့ အကြောင်းပြချက်နဲ့ ကိုမင်းမင်းစိုးက ခေါ်ဆောင်သွားပြီးနောက် အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းကို ဆောမြို့ ဆေးရုံဝန်းထဲက အဆောင်အဟောင်းထဲမှာ စွန့်ပစ်ဖျောက်ဖျက်ခဲ့တာလို့ ဆိုပါတယ်။

    သမီးဖြစ်သူ အချိန်မီပြန်မရောက်လို့ မိဘတွေနဲ့ မိတ်ဆွေတွေက လိုက်လံရှာဖွေခဲ့ပေမဲ့ ခေါ်ဆောင်သွားသူနဲ့ ကလေးငယ်ကိုပါ မတွေ့ဘဲ ငါးရက်အကြာမှာ သေဆုံးပုပ်ပွနေတဲ့ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။

    “ကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ဆိုင်ကယ်နဲ့ လာခေါ်သွားတာ။ ဒီကောင်နဲ့ မိဘတွေကလည်း သိတော့ ယုံယုံကြည်ကြည် ထည့်လိုက်မိတာပေါ့။ နောက်နှစ်ယောက်လုံးကို မတွေ့တော့ တခုခုဖြစ်နေပြီလို့ ထင်ကြတယ်။ ကလေးကလည်း ပျောက်နေတယ်။ ပြီးတော့ ဆေးရုံဝန်းဘက်ကလည်း ပုပ်နံ့က တနေ့ထက်တနေ့ ထွက်လာတာ။ ခွေးသေတယ်ပဲ ထင်ကြတာ။ ဒါနဲ့ပဲ စပ်စပ်စုစုရှိတဲ့ လူတစ်ယောက်က ပိတ်ထားတဲ့ အဆောင်ထဲ ဝင်ရှာမှ ကလေးရဲ့ရုပ်အလောင်းကို တွေ့တာ။ တွေ့တဲ့အချိန်မှာ ကလေးက ပုပ်နေပြီ။ ဒါပေမဲ့ လည်ပင်းနဲ့ ရင်ဘတ်မှာ အညိုအမည်းစွဲနေတာရယ်။ ခါးအောက်ပိုင်းနေရာက သွေးတွေထွက်ပြီး သွေးတွေက ခြောက်ကပ်နေတဲ့ ပုံစံတွေ့တယ်”

    ကလေးငယ်ရဲ့ ရုပ်အလောင်းကို ဆေးရုံအဆောင်ပျက်ထဲက ကုတင်အောက်မှာ မိုးကာစတွေအုပ်ပြီး ထားရှိခဲ့တာကြောင့် အဓမ္မကျူးလွန်ပြီးနောက် နေရာမှာတင် သတ်ဖြတ်ခဲ့ပုံရတယ်လို့ သူက ဆိုပါတယ်။

    ဖမ်းဆီးခံရချိန် မင်းမင်းစိုး ကိုယ်တိုင်က အဓမ္မပြုကျင့် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒေသအခြေစိုက်ကာကွယ်ရေးတပ်တွေရှေ့မှာ ဝန်ခံထွက်ဆိုထားတယ်လို့ နီးစပ်သူ ဒေသခံတွေက ပြောပါတယ်။

    မှတ်ချက် – တရားခံ မင်းမင်းစိုးဟာယခင်ကလည်း အလားတူ မုဒိန််းမှုတစ်ခုကိုကျူးလွန်းထားသူလို့သိရှိရပါတယ်။အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးပြီးပါကပြန်လည်တင်ပြပေးပါမယ်ခင်ဗျာ။

    ဆောမြို့မှာ ကလေးသူငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ အမျိုးသားကို တော်လှန်ရေးတပ်တွေက ဖမ်းမိထားစဉ်/Photo – ယောအလင်းတန်း

  • မဲပေးကြရန် ဖိအားပေး လုပ်ဆောင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး အေးသောင် ပစ်ခတ်ခံရပြီး သေဆုံး

    မဲပေးကြရန် ဖိအားပေး လုပ်ဆောင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး အေးသောင် ပစ်ခတ်ခံရပြီး သေဆုံး

    အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ဖိအားပေး လုပ်ဆောင်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး အေးသောင် ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီကို မဲပေးကြရန် ဖိအားပေး လုပ် ဆောင်နေသော အုပ်ချုပ်ရေးမှူး အေးသောင် ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်း ပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ကိုဒေဝက ပြောဆိုသည်။

    အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဘလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အေးသောင် ကို ၎င်းနေအိမ်အတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဦးခေါင်းတည့်တည့်ကို ကျည် ၁ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အေးသောင် သည် ကြံ့ဖွတ်ပါတီ၏ အမာခံဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် မဲထည့်ရန် ဖိအားပေးခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက်ကောက်ခံခြင်း၊ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကိုဒေဝက ရှင်းပြသည်။

    “အဲကောင်ကို ပြည်သူတွေ တိုင်နေတာ တော်တော်ကြာပြီ။ စစ်မှုထမ်း ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေဆီက လစဉ်လည်း တောင်းတယ်။ ပေါ်တာဆွဲ ဖမ်းဆီးပြီးတော့လည်း ခြိမ်းခြောက် ငွေတောင်းတယ်။ ပြည်သူကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ကောင်ပါ။ အခုလည်း စစ်ခွေး ရွေးကောက်ပွဲကို မဲထည့်ဖို့နဲ့ ကြံ့ဖွတ်ပါတီကို မဲပေးဖို့ ဖိအားပေးလုပ်ဆောင်နေတာတွေ ရှိတဲ့ အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုမှ ကိုဒေဝက ပြောဆိုသည်။

    သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်သား၊ ရဲနှင့် ပျူစောထီးများအပြင် ၄င်းတို့၏ ဒေါက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးပြောဆိုထားသည်။

  • စာသင်ခန်းထဲအထိ ပေါက်တူးရိုးနဲ့ ဝိုင်းရိုက်ခံရတာ

    စာသင်ခန်းထဲအထိ ပေါက်တူးရိုးနဲ့ ဝိုင်းရိုက်ခံရတာ

    ဘုရားရေ…၉ တန်းကျောင်းသားချင်း စာသင်ခန်းထဲမှာပဲ ဆရာမစာသင်ပြီးချိန် ပေါက်တူးရိုးနဲ့ အသေရိုက်နှက်မှုဖြစ်ပွား

    လူတော်လူကောင်းလေးတွေ မွေးထုတ်ပေးတဲ့ စာသင်ကျောင်းကြီးကနေ အရိုင်းစိုင်းတွေ ဖြစ်ကုန်ကြပီ ရင်လေးစရာပါပဲ

    ကော့သောင်းမြို့အေးရိပ်ငြိမ်း (အ.ထ.က ၃) စာသင်ကျောင်းတွင် ဆရာမက စာသင်ပီးလို့ ၉တန်းကျောင်းသားဖြစ်သူ မောင်ပြည့်ဖြိုးမောင်က စာရေးနေချိန်မှာ

    အနောက်ကနေ ကိုးတန်းကျောင်းသားဖြစ်သူ ကျော်မိုးဝင်းနှင့် လပြည့်နိုင် ဆိုသူ ကျောင်းသားနှစ်ယောက်မှ ပေါက်တူးရိုးနဲ့ ခေါင်းကိုဝင်ရိုက်တာလို့ သိရပါတယ်။

    “သူတို့ ၂ ယောက်က ကြိုတင်ကြံစီထားပီး…ဆရာမဆီကနေ သန့်ရှင်းရေးလုပ်ဖို့ဆိုကာ ပေါက်တူးရိုးကို…သွားငှားတယ်ရှင့်…

    ပီးတော့ အဲ့ပေါက်တူးရိုး သစ်သားဒုတ်၂ ချောင်းကို ခုံးအောက်မှာ ကြိုတင်ယူထားပီး ဆရာမအလစ်မှာဝင်ချတာပါရှင့်…

    ဒါတောင်ဆရာမက ပေါက်တူးရိုးဝှက်ထားပြီး သစ်သားဒုတ်ပါဆိုပြီး အတန်းပိုင် ဆရာမကပါ အလိုတူအလိုပါ လိမ်ပေးပါတယ်ရှင့်

    ရိုက်တဲ့ကလေးဖက်က မိဘတွေအမတွေကလဲ တာဝန်ယူမှုမရှိဘဲ…ရိုင်းစိုင်းစွာပြောဆိုပါတယ်ရှင့်…။

    ချတာက လေးချက်ပါ အသေချတာပါ” ဆိုပြီး မျက်မြင်တွေ့ရှိသူတစ်ယောက်မှ ပြောကြားထားတာပဲ ဖြစ်ပါတယ်။

    ရိုက်ခံရတဲ့ ၉ တန်းကျောင်းသားလေး မြန်မာပြည်ဆေးရုံ ကလက်မခံလို့ ထိုင်းဆေးရုံမှာ ကုသနေရသည်

    “ထိုင်းဆေးရုံတင်တဲ့အချိန်မှာ…ခံရတဲ့မိဘတွေကကလေး သက်သာရင် ့ပြုလုပ်တဲ့သားငယ်အတွက်စဉ်းစားပေးမယ်လို့ပြော

    ဒါသူအမတွေကထိုင်ဆေးရုံက နပ်စမကို ့ဘ-တ် ငွေ 8500 သွားထိုးခဲ့ပါတယ်ရှင့်…

    အစကသူတို့တွေတာဝန်ယူပါ့မယ်ပြောတယ်…

    သူတို့ပိုက်ဆံသွားထိုးခဲ့တာ သူတို့ပါးစပ်က ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ် လို့သိရပါတယ်ရှင့်

    ကလေးကမသက်သာဘဲ ဆေးရုံကဆင်းရလို့ ကလေးခြေနေမကောင်းလို့ ရန်ကုန်မာသွားပြ မို့

    အခုလက်ရှိ ဘတ်၅သောင်းပေးပါလို့ပြောခဲ့ပါတယ်

    ပီး တော့..သူတို့ကို ဒီကလေးဦးနှောက်နဲ့အာရုံကြောပတ်သတ်လာရင် တာဝန်ယူပေးပါလို့..လက်မှတ်ထိုးဖို့ပြောတာ လုံးဝမလာခဲ့ပါ ဘူးလို့သိရတယ်

    အဲဒါနဲ့စခန်းရောက်တော့ စခန်းကအပြီးလုပ်တဲ့ နောက်ဆက်တွဲတွေထိမလုပ်နဲ့ပြောလို့…ဘတ်၂သိန်းတောင်းခဲ့တယ်

    ကုချင်တဲ့ နေရာမှာကုပါမယ်လို့ပြောတာ သူတိုဖက်ကမြန်မာ ငွေ၁၀သိန်းစကားဟပါတယ်..

    အဲဘတ်၂သိန်းမပေးနိုင် ဘူး..ထော//င်ကျခံပဲ့မယ်ပြောပီး..ရှေ့နေတွေ ခေါ်နေတယ်လို့ သိ ရပါတယ်

    အခုကလေးကတော့ အိမ်ရောက်ပါပိရှင့်

    ခေါင်းကိုက် တယ်ဆိုပီး ည ညအော်ပါတယ်ရှင့်

    ညဆိုအိပ်မရဘူး လည်ပင်းတွေ လဲ နာနေတယ်လို့ ပြောပါတယ်ရှင့်”

    ဒါကတော့ ကလေးနဲ့ပါတ်သက်ပီး သိရှိထားသူတစ်ယောက်က သတင်းပေးပို့ထားတာပဲ ဖြစ်ပါတယ်

    ကဲ အမှုကတော့ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ စောင်ကြည့်ကြရုံ ပေါ့

  • နာမည်ကြီးသရုပ်ဆောင်တွေ အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်ရှင် ရိုက်ကူးမှုကြောင့် ဝေဖန်ခံနေရ

    နာမည်ကြီးသရုပ်ဆောင်တွေ အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်ရှင် ရိုက်ကူးမှုကြောင့် ဝေဖန်ခံနေရ

    မြန်မာနိုင်ငံ၏ နာမည်ကြီးသရုပ်ဆောင်များသည် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ရုပ်ရှင် ရိုက်ကူးခဲ့မှုကြောင့် ဝေဖန်ခံနေရကြောင်း သိရသည်။

    အဆိုပါ ရုပ်ရှင်သည် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဟု အမည်ပေးထားပြီး စစ်ကော်မရှင်လက်အောက်ခံ မီဒီယားများနှင့် စစ်တပ်လော်ဘီများ က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြခဲ့ပြီးနောက် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ပြည်သူများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

    “နေ့စဉ်နဲ့အမျှ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြည်သူတွေ အလူးအလဲခံစားနေရတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေကိုလဲ ဗုံးကြဲ၊ ရွာတွေကိုလဲ မီးရှို့နေတယ်။ အဲ့ဒါကိုတော့ မပြောဘူး။ ရွေးကောက်ပွဲအတွက်တော့ ရုပ်ရှင်ရိုက်ပြကြတယ်။ အဲ့ဒီမှာ ထူးခြားတာက သရုပ်ဆောင်အများစုက အကယ်ဒမီရထားတဲ့လူတွေကြီးပဲ၊ ဦးမိုက်ပြောသလို ဘယ်သူမှ နားထင်တေ့ပြီး လုပ်ခိုင်းတာမဟုတ်ဘူး” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသားထက်ဇော်က ပြောသည်။

    အဆိုပါ ဝါဒဖြန့် ရုပ်ရှင်တွင် နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ နေဝင်း၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်စသည့် သရုပ်ဆောင်များအပြင် တက်သစ်စ အနုပညာရှင်များနှင့် ဟာသလူရွှင်တော်များစွာ ပါဝင်ထားသည်ကို တွေ့ရသည်။

    “စစ်တပ်အာဏာသိမ်းတုန်းကတော့ လက်သီး လက်မောင်းတန်းပြီး ဆန္ဒပြခဲ့တာလဲ ဒီကောင်တွေပဲ၊ ဆန္ဒပြပွဲတွေပြီးလို့ လက်နက်ကိုင်တော်လှန်တော့ ဒီကောင်တွေပဲ စစ်တပ်ကို မတာ၊ ဖက်ခွက်စားလို့ ပြောရင်လဲ ဒီကောင်တွေက နာတယ်။ အမှန်ပြောရင်လက်မခံနိုင်တဲ့အထဲ စစ်တပ်ပြီးရင် ဒီကောင်တွေလဲပါတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

    အဆိုပါ ဝါဒဖြန့်ရုပ်ရှင်တွင် စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ လက်ရှိ အတုအယောင်ရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း CDM အကြောင်းအရာများ၊ လူငယ်များ ပြည်ပသို့ ထွက်ရောက်မှု ကိစ္စများနှင့် မီဒီယာများအကြောင်းတို့ကို ထည့်သွင်းထားပြီး ထည့်သွင်းထားသည့်အကြောင်းအရာများသည်လည်း ပုတ်ခတ်စော်ကားထားသည့် အကြောင်းအရာများသာဖြစ်သည်။

    “နေတိုး၊ မြင့်မြတ်တို့လို နာမည်ကြီး သရုပ်ဆောင်တွေထည့်ရိုက်ကတည်းက ဒါက သာမန်လူထုတွေကို ဝါဒဖြန့်ဖို့ ဖြစ်တယ်။ နေတိုးဆို ရခိုင်တိုင်းရင်းသား၊ ရခိုင်ပြည်သူတွေ နေ့စဉ်ဗုံးကြဲခံနေရတာကို သိရှိပြီးသားလေ၊ သူဆို ပိုမပါဝင်သင့်ဘူး။ ဒါကြောင့် အခုရုပ်ရှင်မှာပါဝင်တဲ့ သူတွေကို လူမှုရေးပြစ်ဒဏ်သေချာလုပ်သင့်ပါတယ်” ဟု စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် အမည်မဖော်လိုသော တော်လှန်အနုပညာရှင်တစ်ဦးက ပြောသည်။

    ဝါဒဖြန့် ရိုက်ကူးထားသည့် “​ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင် ဇာတ်လမ်းတိုသည် Tik Tokနှင့် တယ်လီဂရမ်ချန်နယ်များ၌ စစ်တပ်လော်ဘီများက ကျယ်ကျယ်ပြန့်ပြန်ဖြန့်ဝေလျက်ရှိပြီး ယင်းဇာတ်လမ်းကို ပြည်သူများအနေဖြင့် မကြည့်ရှု့ရန် တော်လှန်သူများက တိုက်တွန်းထားကြသည်။

    ထို့ပြင် ဝါဒဖြန့် ဇာတ်ကား၌ ပါဝင်သည့် သရုပ်ဆောင်တစ်ဦးချင်းကို မှတ်သားထားပြီး လူမှုရေးပြစ်ဒဏ်များကို ထိထိရောက်ရောက်လုပ်ဆောင်သင့်သည်ဟု လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားမှုများလည်းရှိနေသည်။