Category: News
-

ငလျင်သင့်အဆောက်ဦးဖြိုချရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၃ လမ်း၊ ၂၀×၂၁ လမ်းကြားတွင် ယနေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမှာ ဦးထွန်းဝင်း၊ ၄၄ နှစ်၊ (ဘ)ဦးအောင်မင်း၊ ချောင်းဦးမြို့နယ်နေထိုင်သူဖြစ်ပြီး ၎င်းသည် ငလျင်သင့်မှုကြောင့် ပြိုကျပျက်စီးခဲ့သော မလဲ့လဲ့ဝင်းလှိုင်၏ “နန်းထက်စံ” အမျိုးသမီးဘော်ဒါဆောင် ၅ ထပ်တိုက်အဆောက်အဦး ပြုပြင်လျက်ရှိသည့် အောက်ထပ်(မြေညီထပ်)ရှိ ကွန်ကရစ်ကျောက်တိုင်နှင့် ထုတ်တန်းထောင့်တွင် ကျောက်ပုံးရိုက်ထားသည့် သစ်သားအား ထုတ်တန်းပေါ်မှတက်ပြီး သံတူရွင်းဖြင့် ခွာထုတ်ရာ လျှပ်စစ်ဓါတ်ကြိုးအား ထိုးမိ၍ သံတူရွင်းမှတဆင့် ဓါတ်လိုက်မှုဖြစ်ပွားကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-

မအူစစ်တပ်ဂိတ်အနီး စစ်ယာဉ်တန်းကို မိုင်းဆွဲ (ရုပ်သံ)
မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီး စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး
-

မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
မော်လမြိုင်မြို့ရှိ ပြည်နယ် အစိုးရရုံးနှင့် ဝန်ကြီးအိမ်ရာ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံး

