မြ၀တီမြို့သို့ ချီတက် ထိုးစစ်ဆင်နေသော အောင်ဇေယျ စစ်ကြောင်းမှ စစ်အရာရှိများက ရဲဘော်များကို အငတ် ထားပြီး အသေခံ စစ်တိုက်ခိုင်းဟု ခလရ ၉၄ မှ အလင်းဝင် တပ်သား နိုင်လင်းထွန်း ပြောဆို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်သို့ ထိုးစစ်ဆင်နေသာ စစ်ကောင်စီ၏ အောင်ဇေယျ စစ်ကြောင်းတွင် စစ်အရာရှိများက အောက် ခြေရဲဘော်များကို ထမင်းချက်ပြုတ်စားသောက်ခွင့်မပေးဘဲ အငတ်ထားပြီး အသေခံ စစ်တိုက်ခိုင်းနေကြောင်း ခလရ ၉၄ မှ အလင်းဝင်လာသည့် တပ်သား နိုင်လင်းထွန်းက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၁ ရက်နေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ထုတ်ပြန်သည့် ရုပ်သံ အင်တာဗျူးတွင် အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသည့် တပ်မ ၅၅ လက်အောက်ခံ ခလရ…
ပွင့်ဖြူ၊ ရေပုတ်ကြီးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၃ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာမှ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် PDF တပ်ဖွဲ့က သွားရောက် ပြောဆိုစဉ် တိုက်ပွဲ ဖြစ်ပွားပြီး ပျူစောထီး ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့က လက်နက်ချ အလင်းဝင်ရန်…
ချောင်းဦး၊ မုံရွာနှင့် ယင်းမာပင် မြို့နယ်တို့တွင် မိုင်းရှင်းရန် လာသည့် စစ်သားများ၊ ကြေးနီ ယာဉ်တန်းနှင့် စစ်ယာဉ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေ လမ်းပိုင်းတွင် မိုင်းရှင်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDSOM ဗိုလ်စင်္ကြာစစ်ကြောင်းမှ ရဲဘော်စမာက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ-မန္တလေး လမ်းပိုင်း၌ မိုင်းရှင်းရန် နတ်ရေကန် စစ်တပ် အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ…
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ကျေးရွာသုသာန်အနီး ရွှေဘို-ရေဦးလမ်းပိုင်းပေါ်မှာ ရိက္ခာထုတ်ပြီးပြန်လာတဲ့ပျူစောထီးအဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၃ ဦးသေတယ်လို့ ရွှေဘို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီကျော်ခန့်မှာ ရွှေဘိုမြို့တွင်းကနေ ရေဦးလမ်းအတိုင်း ပန်းရံကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ကျော် ဦးဆောင်ပြီး ကား ၆ စီးနဲ့ ရိက္ခာထုတ်ပြီးပြန်လာတဲ့ ပန်းရံ၊ မြင်းချင်း၊ ခွန်တောင်းကြီးကျေးရွာတွေက ပျူစောထီးအင်အား ၆၀ ကျော်ခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ “သူတို့က ဆန်ကားက ၄ စီး၊ အိမ်စီးကား ၂ စီးနဲ့ ပထမအရှေ့ကဆန်ကားတွေကို လွှတ်ပေးလိုက်ပြီးတော့ အိမ်စီးကားနဲ့ အခြားရိက္ခာတွေတင်လာတဲ့ကားတွေကို ဖြတ်တိုက်တာ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတော့ရှိတယ်။”လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ပွဲ ၄၅…
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နေစဥ်နီးပါးတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုတာဝန်ရှိသူများက ပြောသည်။ ကော့ကရိတ်မြို့နယ်အတွင်း ကော့နွဲ့၊ ရန်ကုတ်၊ နောင်နိုင်း စသည့်ရွာများနှင့် ကော့ကရိတ်မြို့နယ် တောင်ဘက် ဒေသများတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။ တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိပြီး စစ်ကောင်စီဘက်ကလည်း ဒရုန်းများ ပိုမိုအသုံးပြုလာနေကြောင်း သိရသည်။ “လေယာဉ်နဲ့လာကြဲတာမရှိပေမယ့် အရင်ကနဲ့မတူတာကတော့ Drone တွေသုံးလာပါတယ်။ ၂၇ ရက်နေ့ပွဲမှာလည်း လေကြောင်း Drone ကြဲတာတွေနဲ့ မြေပြင်မှာ လက်နက်ကြီးလက်နက်ငယ် အစုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျွန်တော်တို့ မြေပြင်ရဲဘော်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်” ဟု SOG စစ်ကြောင်းမှ ရဲဘော်တစ်ဦးက…