၁၅-၂-၂၀၂၆၊ မနက် ၃ နာရီခွဲမှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မောင်ဝင်း ကုန်မာဆိုင် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ အမျိုးသမီး ၃ ဦး အတူနေထိုင်ကြပေမယ့် တဦးက ဘုရားဖူးခရီးသွားတာကြောင့် ကျန်ရှိတဲ့သူ ၂ ဦး ကွယ်လွန်ခဲ့ပါတယ်။ အပေါ်ထပ်ကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကုန်မာဆိုင် ဖြစ်တာကြောင့် ဒုစရိုက်သမားရန်ကို ကြောက်လို့ ဆိုင်တံခါးကို သော့ကိုးလုံး ခတ်ထားမှုကြောင့် အလွယ်တကူ ဖွင့်မရ ဖြစ်ခဲ့ပါတယ်။ နောက်ဖေးခန်းကလည်း အလွယ်တကူ ထွက်လို့ မရတာကြောင့် ကွယ်လွန်သူ ညီအစ်မ ၂ ဦးဟာ နောက်ဖေးခန်းမှာ ဖက်လျက်လေး မီးလောင် ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာ သော့ကိုးလုံး ခတ်ထားတဲ့…
အာရက္ခတပ်တော် ( AA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ ဓညဝတီရေတပ်ဌာနချုပ်အနားထိရောက်ရှိလာပြီးAA က ပစ်ခတ်သော ဒရုန်း၊လက်နက်ကြီးကျည်များမှာ စခန်းထဲထိ ကျရောက် ပေါက်ကွဲမှုများ ရှိလာသဖြင့် စခန်းရှေ့သို့ ထွက်ကာ ကာကင်းစခန်းများကို တိုးချဲ့ တည်ဆောက်နေသည်ဟုသတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” သစ်ပုတ်တောင်နဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာတွေမှာ အခိုင်အမာစခန်းချနေကြတယ်။ လက်ရှိတော့ စိုင်ခြုံရွာမှာ အင်အား ၂၀၀ လောက်တပ်စွဲထားပြီးကာကင်းလုပ်ထားတယ်။ အဲဒီနားအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ရေတပ်ဌာနချုပ်က မကြာခဏ လက်နက်ကြီး၊ဒရုန်း၊စနိုက်ဘာအပစ်ခံရလို့ပျက်စီးမှုတွေများတယ်။ သေဆုံးမှုလည်းရှိတယ်” ဟုပြောသည်။ လက်ရှိတွင် ဓည၀တီအနီးရှိ စိုင်ခြုံကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေကာ အင်အား ၂၀၀ ခန့်ရှိသော စစ်ကြောင်း တစ်ကြောင်းသည် စိုင်ခြုံရွာတွင် တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို မီးရှို့မှုများပြုလုပ်နေသည်ဟု သိရသည်။ “ရေတပ်ဌာနချုပ်ကနေ ကင်းလှည့်စစ်ကြောင်းတွေကတော့…
ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ရေနီနှင့် ပန်းတနော်မြို့နယ်တို့တွင်လည်းမီးလေ-ာင်မှုများဖြစ် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၌ ယနေ့ ဖေ ဖော်ဝါရီ ၁၇ ရက်နံနက်အစောပိုင်းက Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ရေနီမြို့နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တို့တွင်လည်း မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်ကွက်၊ ၆၆လမ်း၊ ၄၂ လမ်းနှင့် ၄၃လမ်းကြားရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွား၍ မဟာအောင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသော်လည်း မီးလေ-ာင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေသဖြင့် နံနက် ၅…
လားရှိုးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကားမောင်းလာသည့် ဘုန်းကြီးတစ်ပါးက ဆိုင်ကယ်နှင့် လမ်းလယ်ကျွန်းကို ပဲ့ထွက်သည့် အထိ တိုက်ပြီး နောက်ထွက်ပြေးရန် ကြံစည်ခဲ့သည်။ သို့သော်အများက ဝိုင်းတားဆီးမှုကြောင့် ထွက်မပြေးနိုင်ဘဲ မိခဲ့သည်။ မြန်မာနိုင်ငံတွင် ဘုန်းကြီးများ ကိုယ်တိုင် ဆိုင်ကယ်ကားမောင်းခြင်း ဝိနည်းနှင့် ညီ၊ မညီမှာ အငြင်းပွားနေဆဲ ကိစ္စဖြစ်ပြီး တကယ့်သံဃာတော်အစစ်များက လက်မခံသည့် ကိစ္စရပ်လည်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်တွင် မိတ်လိုက်နေသော အိမ်မွေးဆင်ကို ပိုင်ရှင်က အမြန်ပြီးစီးရန် အလောတကြီးခိုင်းစေသဖြင့် အဆိုပါ ဆင်ထီးမှာ ပိုင်ရှင်ကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး အနီးနားတဝိုက်ရှိ မော်တော်ကားများကို ဖျက်စီးခဲ့သည်ဟု သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘူရီရမ်ခရိုင်အတွင်းရှိ၊ ဆတစ်မြို့နယ်၊ ထာ့မွမ်ကျေးရွာအုပ်စုတွင်နေထိုင်သော အမျိုးသားတစ်ဦးဖြစ်သူ နိုင်စွန်ဖွန်းက ၎င်းမွေးမြူထားသော ဖက်အူထိုင်းအမည်ရှိ ဆင်ထီးကို အခြားဆင်မတစ်ကောင်နှင့် မိတ်လိုက်ရန် အငှားလိုက်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုထားသည်။ ယင်းသို့ အငှားလိုက်ပြီး ဆင်မနှင့် မိတ်လိုက်ရာတွင် နဘေးမှနေကာ အမြန်ပြီးစီးရန် ဆင်ထီးအား လောဆော်ခဲ့သည်ဟုဆိုသည်။ အဆိုပါခိုင်းစေမှုကို အသက် ၁၉နှစ်အရွယ်ရှိသော ဆင်ထီးမှ စိတ်ရိုင်းဝင်ပြီးနောက် ပိုင်ရှင်ဖြစ်သူ နိုင်စွန်ဖွန်းအား အစွယ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။ ထိုအပြင် လမ်းဘေးတွင်…