Category: News

  • အလုပ်ကိစ္စနဲ့ ရှမ်းမြောက်ကိုသွားတဲ့ ဝန်းသို PDF တပ်ဖွဲ့ဝင် (၈) ဦး PDF အယောင်ဆောင်ထားတဲ့ စကမတပ်နဲ့တိုးပြီး အသတ်ခံရ

    အလုပ်ကိစ္စနဲ့ ရှမ်းမြောက်ကိုသွားတဲ့ ဝန်းသို PDF တပ်ဖွဲ့ဝင် (၈) ဦး PDF အယောင်ဆောင်ထားတဲ့ စကမတပ်နဲ့တိုးပြီး အသတ်ခံရ

    အလုပ်ကိစ္စနဲ့ ရှမ်းမြောက်ကိုသွားတဲ့ ဝန်းသို PDF တပ်ဖွဲ့ဝင် (၈) ဦး PDF အယောင်ဆောင်ထားတဲ့ စကမတပ်နဲ့တိုးပြီး အသတ်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်းကို အလုပ်ကိစ္စနဲ့ခရီးသွားတဲ့ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့က PDFတပ်ဖွဲ့ဝင်(၈)ဦး ငါးအိုးတံတားမှာ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဝန်းသိုPDFနဲ့ နီးသူတစ်ဦးဆီကနေ သိရပါတယ်။

    ဇန်နဝါရီလ ၁၃ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးမြို့ ရွှေလီမြစ်ကူးတံတားမှာ PDF အယောင်ဆောင်ထားတဲ့ စစ်ကော်မရှင်တပ်နဲ့တွေ့ပြီး ပစ်သတ်ခံရတာဖြစ်တယ်လို့ ဝန်းသို PDF နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

    “လမ်းမှားပြီး ဝင်သွားတာဖြစ်မယ်။ ငအိုးက ကိုယ့်ဘက်ကမစိုးမိုးထားဘူးလေ။ စစ်သားတွေက PDF ဝတ်စုံဝတ်ပြီးဂိတ်မှာထိုင်နေတာ။ အဲ့တာနဲ့တိုးပြီးတော့ ပစ်ခတ်ခံရတာ။ အလောင်းတွေပြန်မရဘူး။”လို့ ဆိုပါတယ်။

    စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွှေကူ၊ ငါးအိုးတံတားကို ဖြတ်ပြီး ဗန်းမော်ဘက်ကို အရပ်သားအယောင်ဆောင် စစ်ကူသွားတဲ့ KIA၊ PDF တပ်ဖွဲ့တွေကို ကင်းပုန်းအဖွဲ့က ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ပစ်သတ်ခံရတဲ့ PDFတပ်ဖွဲ့ဝင်တွေဟာ အသက်(၂၀)နဲ့ (၃၀)ကြား လူငယ်အရွယ်တွေဖြစ်ပြီး ၎င်းတို့နဲ့အတူ ဆိုင်ကယ်(၄)စီး၊ သေနတ်တစ်လက်၊ ဖုန်းနဲ့ အသုံးအဆောင်တစ်ချို့လည်း ပါသွားခဲ့တယ်လို့ သတင်းရင်းမြစ်ကပဲ ဆက်ပြောပါတယ်။

    စစ်ကော်မရှင်ရဲ့အုပ်ချုပ်မှုအောက်ရှိနေတဲ့ ငါးအိုးမြို့မှာ စစ်ကော်မရှင်တပ်သားတွေဟာ PDF အယောင်ဆောင်ပြီးငါးအိုးတံတားထိပ်မှာ ကင်းပုန်းဝတ်တာတွေ လုပ်လေ့ရှိကြောင်းနဲ့ ငါးအိုးအခြေစိုက် ခမရ (၁၂၁) တပ်ကနေလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။

  • ဘုရားသုံးဆူမြို့တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသားလေးဦးက အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုဖြစ်ပွား

    ဘုရားသုံးဆူမြို့တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသားလေးဦးက အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုဖြစ်ပွား

    ဘုရားသုံးဆူမြို့တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသားလေးဦးက အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုဖြစ်ပွား

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား လေးဦးက အဓမ္မပြုကျင့်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က ဘုရားသုံးဆူမြို့ ထားဝယ်စုရပ်ကွက်တွင် နေထိုင်သူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ၎င်း၏ချစ်သူ ကောင်လေးနှင့် ချိန်းတွေ့ရန် နေအိမ်မှ ထွက်ခွာသွားရာက ပျောက်ဆုံးနေခဲ့ကြောင်းနှင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိကြောင်း ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောကြားသည်။

    ၎င်းက ဆက်လက်ပြီး “ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ထားဝယ်စုလမ်းပိုင်းတစ်နေရာမှာရှိတဲ့ ရေတွင်းပျက်ထဲကနေ အပုပ်နံ့ရလို့ ဒေသခံတစ်ဦးက သွားကြည့်တော့ ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကိုတွေ့ခဲ့ရတာပါ။ အဲ့ဒီမိန်းကလေးငယ်ရဲ့ ရုပ်အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရသလို ဦးခေါင်းကလည်း ကြေမွနေတယ်။ ရုပ်အလောင်းကိုတော့ အဲ့ဒီနေ့မှာဘဲ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

    ထိုမိန်းကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိခဲ့ပြီးနောက် ၎င်း၏ချစ်သူကောင်လေးအား KNU က ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ရာမှ ချစ်သူကောင်လေးနှင့်အတူ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား လေးဦးက ထိုမိန်းကလေးငယ်အား အဓမ္မပြုကျင့်ကာ သတ်ဖြတ်ပြီးနောက် ရေတွင်းပျက်ထဲသို့ ပစ်ချထားခြင်းဖြစ်ကြောင်းကို စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတဲ့ မိန်းကလေးငယ်ရဲ့ ချစ်သူကောင်လေးနဲ့ အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့က အမျိုးတွေလို့ သိရပါတယ်။ မိန်းကလေးငယ် ချိန်းဆိုဖို့ကိုလည်း အဲ့ဒီအုပ်ချုပ်ရေးမှူးက သူစီစဉ်တာလို့ ကောင်လေးက ထွက်ဆိုချက်ပေးထားတယ်။ ချိန်းတွေ့မယ့်နေရာရောက်တော့ အသင့်စောင့်ဆိုင်းနေတဲ့ မိန်းကလေးငယ်ရဲ့ ချစ်သူကောင်လေးနဲ့ ရပ်ကွက် (၃) အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား လေးဦးမှ မုဒိန်းပြုကျင့်ပြီးနောက် ရိုက်နှက်သတ်ဖြတ်ကာ အနီးရှိ ရေတွင်းပျက်ထဲကို ပစ်ချထားတာလို့ ကောင်လေးက ထွက်ဆိုချက်ပေးထားတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။

    ထိုဖြစ်စဉ်မှ ကျူးလွန်သူများကို KNU က ထိန်းသိမ်းထားကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းနှင့် မည်သို့ စီရင်ချက်ချသွားမည်ကို မသိရသေးကြောင်းလည်း ၎င်းမြို့ခံက ပြောကြားသည်။

    လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံရှိနေသည့် ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် တရားဥပဒေစိုးမိုးခြင်းမရှိသည့်အတွက်ကြောင့် လူပျောက်မှု၊ လူသတ်မှု၊ ဖောက်ထွင်းမှု၊ လုယက်မှု အစရှိသည့် ရာဇဝတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းနှင့် ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးအား တာဝန်ယူထားသည်ဆိုသည့် လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေကြကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဘုရားသုံးဆူမြို့တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) အဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA – PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိသည့်အပြင် အခြားသောလက်နက်ကိုင်အဖွဲ့များစွာလည်းရှိကြောင်း မြို့ခံများထံမှ သိရသည်။

  • ပုလဲနယ်က NUG အခွန်ဂိတ်ကို ဗိုလ်နဂါးတပ်ဖွဲ့ ဝင်ရောက်စီးနင်းကာ ပလဖအဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီး

    ပုလဲနယ်က NUG အခွန်ဂိတ်ကို ဗိုလ်နဂါးတပ်ဖွဲ့ ဝင်ရောက်စီးနင်းကာ ပလဖအဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီး

    စီးနင်းချိန်မှာ ပစ်ခတ်မှုကြောင့် ရဲဘော်တချို့ ဒဏ်ရာရပြီး စစ်လက်နက်တချို့နဲ့ အခွန်ရရှိငွေတွေပါ ယူဆောင်သွားဟုဆို

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ပန်းရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အခွန်ဂိတ်ကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)တပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီးနောက် လက်နက်ငါးလက်၊ အခွန်ငွေတွေနဲ့အတူ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင် ၂ ဦးကို ဖမ်းခေါ်သွားတယ်လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က အတည်ပြုပြောပါတယ်။

    ပုလဲမြို့နယ် ပန်းရွာလမ်းဆုံမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အခွန်ဂိတ်ကို BNRAက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

    “ မြို့နယ် ပအဖ အခွန်ဂိတ်ကို BNRA အဖွဲ့က ဝင်စီးတာဟုတ်ပါတယ်။ ပအဖ တာဝန်ခံကိုလည်း သေနတ်နဲ့ အချက် ၂၀ ကျော် လိုက်ပစ်ခဲ့ပါတယ်။ ကျွန်တော်ကိုတော့ မထိခိုက်ပေမယ့် ရဲဘော်တစ်ဦး ခြေထောက် ထိမှန်ပါတယ်” လို့ ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက်က ပြောပါတယ်။

    စခန်းစီးနင်းခံရပြီးနောက် ပုလဲမြို့နယ် ပြည်သူလုံခြုံရေးအဖွဲ့ဝင် ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရပြီး သေနတ် အရှည်သုံးလက်၊ အတိုနှစ်လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့နဲ့ ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

    ဒီစီးနင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်က NUG လက်အောက်ခံ PDFတပ်ဖွဲ့တွေက BNRA ဂိတ်နှစ်ဂိတ်ကို ရှင်းလင်းပြီးနောက် လက်နက်တွေကို သိမ်းဆည်းခံရတဲ့ ဖြစ်စဉ်အပြီး ကိုးရက်အကြာမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ထံကနေ NUG သိမ်းဆည်းခဲ့တဲ့ ဂိတ်နှစ်ဂိတ်မှာ ချင်ပြစ်ရွာနဲ့ မရိုးတုန်းရွာ ဆက်သွယ်တဲ့ လမ်းပေါ်ရှိ ဂိတ်နဲ့ ပုပ္ပါးရွာအနီးက ဂိတ်စခန်းတို့ ဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်းတွေဝင်ရောက်စီးနင်းသိမ်းယူသွားတဲ့ လက်နက် ဆယ်လက်အထဲက ကိုးလက်ကို ပြန်လည်ရရှိပြီလို့လည်း BNRA ပြန်ကြားရေးတာဝန်ခံက ဖြေဆိုပါတယ်။

    ဓာတ်ပုံ – BNRA၊ ပုံအဟောင်းကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

  • စစ်ကောင်စီက တီမောသံရုံးယာယီတာဝန်ခံ ခေါ်တွေ့

    စစ်ကောင်စီက တီမောသံရုံးယာယီတာဝန်ခံ ခေါ်တွေ့

    ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတ လက်ခံတွေ့ဆုံပြီးနောက် စစ်ကောင်စီက သံရုံးယာယီတာဝန်ခံ ခေါ်တွေ့

    ရန်ကုန်မြို့ကအရှေ့တီမောသံရုံး ယာယီတာဝန်ခံကို အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ခေါ်ယူတွေ့ဆုံပြီး တီမောအစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ကိစ္စရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဒီကနေ့ ဖော်ပြပါတယ်။

    တီမောနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကိုတိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ(CHRO) ကိုယ်စားလှယ်တွေကို တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာက က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ရက်က လက်ခံတွေ့ဆုံခဲ့မှုအပြီး စစ်ကောင်စီဘက်က ဇန်နဝါရီ ၁၆ရက်မှာ သံရုံးယာယီတာဝန်ခံကို အခုလို ခေါ်ယူ သတိပေးတာလည်းဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ သတိပေးချက်မှာ တီမောလက်စ်တေအစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲ့တွေနဲ့ ထိတွေဆက်ဆံတဲ့ ကိစ္စရပ်ကိုကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။

    ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် ဦးဆောင်တဲ့ အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို တီမောလက်စ်တေ နိုင်ငံ အစိုးရရှေ့နေရုံးကို ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်တင်သွင်းဖို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ရက်မှာ တိုင်ကြားစာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် တီမောသမ္မတနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ရှင်းလင်းတင်ပြခဲ့သလို အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြောင်း အသိပေးခဲ့တယ်လို CHROက ထုတ်ပြန်ထားပါတယ်။

    ဒီလိုတိုင်ကြားရာမှာ အာဏာသိမ်းစစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို အုပ်စုလိုက်အဓမ္မကျင့်တာ၊ ကလေးငယ် အပါအဝင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ခရစ်ယာဘာသာရေးဆရာတွေ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ၊ ဆေးရုံနဲ့ ခရစ်ယာဉ်ဘာသာရေး အဆောက်အအုံတွေ အပါအဝင် အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်တာ၊ မီးရှိတာ စတဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ပြထားကြောင်း CRHOက အသိပေးထားပါတယ်။

    အဲဒီ တွေ့ဆုံမှုကို တီမောအစိုးရဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး ချင်းလူ့အခွင့်အရေးအဖွဲကို လက်ခံတွေ့ဆုံတာဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ခွဲခြမ်းစိတ်ဖိုနဲ့ တရားမျှတမှု၊ တာဝန်ခံမှုတိုကို မြှင့်တင်ဖို ရည်ရွယ်တယ်လို အသိပေးထားပါတယ်။

    CRHO ရဲ့ တီမောနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ CHRO ထံဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

    (ချင်းလူ့အခွင့်အရေးအဖွဲ(CHRO) ကိုယ်စားလှယ်တွေကို တီမောသမ္မတ ဟိုဆေးရာမိုစ့်ဟော်တာက က သမ္မတအိမ်တော်မှာ ဇန်နဝါရီ ၁၄ရက်က လက်ခံတွေ့ဆုံနေစဉ်။ ဓာတ်ပုံ – CHRO)

  • မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်

    မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်

    စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ်သော ဧရာ၀တီ မြစ်ဆုံစီမံကိန်းမှ ဆည်များ ပျက်စီးလျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ဟု မြန်မာဘူမိသိပ္ပံပညာရှင်များ သတိပေး

    တရုတ်တွင် ဘန်ချောင်-Banqiao ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အလွန်နီးကပ် သော ဧရာ ၀တီ မြစ်ဆုံစီမံကိန်းတွင် တည်ဆောက်မည့် ဆည်များ ပျက်စီးခဲ့လျှင် ကချင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံလုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်ကျရောက်နိုင်ကြောင်း မြန်မာ ဘူမိသိပ္ပံပညာရှင်များက သတိပေးချက်ထုတ်ပြန်လိုက်သည်။

    ဧရာ၀တီမြစ်ဆုံ ခေါ် မြစ်ဆုံ ရေကာတာ ပြန်လည် စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်များအနေဖြင့် ပညာရပ်ဆိုင်ရာ အခြေခံသော အချက် အလက်များအရ မြစ်ဆုံဆည် ဆောက်လုပ်ရန် လုံး၀ မသင့်တော်သည်ကို အကြံ ပြုလိုကြောင်း၊ မြစ်ဆုံဒေသသည် ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားသည့် ပြင်းထန်ငလျင်ဇုန်တွင်ရှိနေကြောင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ မကြာသေးသော ကာလ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့သည့် အင်အားပြင်း ငလျင်ကို ဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အ လွန် နီးကပ်နေကြောင်း၊ မြစ်ဆုံကဲ့သို့သော နေရာတွင် ကြီးမားသော ဆည်နှင့်ရေကာတာများ တည်ဆောက်ပါက ရေကာတာကြီးကြောင့် ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အင်အားကြီး ငလျင်များ ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြထားသည်။

    ယင်းအပြင် သိရှိပြီးသော ဘူမိဗေဒဆိုင်ရာ အချက်အလက်များအရ အဆိုပါ မြစ်ဆုံဒေသ၏ မေခနှင့် မလိခမြစ်ဝှမ်းတစ်လျှောက် တန်ဖိုးကြီးပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ရွှေနှင့်မြေရှားသတ္တုသိုက်ကြီးများ အပါအဝင် အဖိုးတန်သယံဇာတများ တွေ့ရှိနိုင်မည့် ဒေသဖြစ်ကြောင်း၊ မြစ်ဆုံဒေသတွင် မိုး သည်း ထန်ခြင်း၊ မတ်စောက်သော တောင်တန်းများ ရှိခြင်းနှင့် မတည်ငြိမ်သော ဘူမိ ဗေဒအနေအထားများကြောင့် မြေပြိုမှုများဖြစ်ပေါ်လာနိုင် ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ဆက်လက် ထောက်ပြထားသည်။

    ဧရာ၀တီမြစ်တစ်လျှောက် ရေစီးနှုန်းကို ထိန်းချုပ်ခြင်းသည် သဘာ၀အတိုင်းဖြစ်ပေါ်နေသည့် အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနုအပေါ် မှီခိုနေရသည့် မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းများနှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်၏ စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း သိရှိရသည်။

    အရေးကြီးသော သတိပြုရမည့် အချက်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသတွင် ဆည် ၇ ခု ဆောက်လုပ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့် တစ်ပြိုင် နက် ပျက်စီးမည်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နှင့် မြန်မာပြည်တစ်ပြည်လုံး ကြီးမားသော ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်ကြောင်း ထပ်မံ သတိပေးထားသည်။

    မြစ်ဆုံကဲ့သို့​ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်လျှင် အထက်ဖော်ပြပါ ဘူမိဗေဒ အချက်အလက်များ၊ နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုး ပြီး နိုင်ငံများ အပါ အဝင် မမျှော်လင့်သော ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဆက်လက် သတိပေးထားသည်။

    ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဆည်နှင့်ရေ ကာတာပေါင်း ၃၆၀၀ ကျိုးကျပျကစီးခဲ့ပြီး ထိုအထဲတွင် ဘန်ချောင် (Banqiao) ဆည်ကျိုးကျမှုကြောင့် လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကြောင်း ဥပမာပေး ထောက်ပြထားသည်။

    ၁၉၇၅ ခုနှစ် တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ် (Henan Province)တွင် ဘန်ချောင် (Banqiao) ဆည်ပြိုကျမှုသည် လူသားသမိုင်းတွင် အသေအပျောက် အများဆုံးနှင့် အဆိုးရွားဆုံး ဆည်ပြိုကျမှုကြီးဖြစ်ခဲ့သည်။

    ၁၉၇၅ ခုနှစ် ဩဂုတ်လအတွင်း တိုင်ဖွန်းမုန်တိုင်း နီနာက တရုတ်နိုင်ငံ ဟီနန်ပြည်နယ်အပေါ်တွင် ရပ်တန့်သွားပြီး မကြုံစဖူး ပြင်းထန်သည့် မိုးရွာသွန်းမှုကို ဖြစ်စေခဲ့ကြောင်း၊ ၂၄ နာရီအတွင်း ၁၀၆ စင်တီမီတာ (တစ်နှစ်စာ မိုးရေချိန်နီးပါး) ရွာသွန်းခဲ့ကြောင်း၊ ဘန်ချောင်ဆည်ကို “နှစ်ပေါင်း ၁၀၀၀ တွင် တစ်ကြိမ်” ဖြစ်နိုင်သည့် ရေကြီးမှုကို ခံနိုင်ရည်ရှိအောင် တည် ဆောက်ခဲ့သော် လည်း တကယ့်လက်တွေ့တွင် ရွာသွန်းသည့် မိုးက ဆည်တည်ဆောက်ခဲ့သည့် ဒီဇိုင်းထက် အဆပေါင်းများစွာ ပိုများနေခဲ့သဖြင့် နောက်ဆုံးတွင် ဆည်ကျိုးကျခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည်ကျိုးကျချိန်တွင် မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး တရုတ်ပြည်သူများကို သတိပေးရန် အချိန်မရလိုက်ကြောင်း၊ ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် ဘန်ချောင်ဆည် စတင်ပြိုကျခဲ့ပြီး ရေလှိုင်းအမြင့်မှာ ၁၀ မီတာ (၃၃ ပေ) ကျော်ရှိပြီး အကျယ် ၁၁ ကီလိုမီတာ (၇ မိုင်) ခန့် ရှိကြောင်း၊ ဆည်မှ ကျိုး ပေါက်လာသော ရေလှိုင်းမှာ တစ်နာရီကို ၅၀ ကီလိုမီတာ (၃၁ မိုင်) နှုန်းဖြင့် ဆည်အောက်ဘက်ရှိ ကျေးရွာများကို အကြီးအကျယ်တိုက်စား ရေလွှမ်းမိုးသွားခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည် ပြိုကျမှုကြောင့် ဆည်အောက်ဘက်ရှိ ဆည်ငယ်ပေါင်း ၆၁ ခု ပါ ဆင့်ကဲဆင့်ကဲ (Domino effect) ပြိုကျသွားခဲ့ပြီး ယင်းအချိန် တရုတ် အစိုး ရ၏ တရားဝင်ထုတ်ပြန်ချက်အရ လူပေါင်း ၂၆,၀၀၀ သေဆုံးခဲ့ကြောင်း၊ သို့ရာ တွင် သုတေသီများ၏ ထုတ် ဖော်ချက်များအရ ပြည်သူ စုစုပေါင်း ၁၇၁,၀၀၀ မှ ၂၃၀,၀၀၀ အကြား အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဘန်ချောင်ဆည်ပြိုကျမှုကြောင့် လူပေါင်း ၁၁ သန်း ခန့် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၆ သန်း နီးပါး ပျက်စီးခဲ့ကြောင်း၊ ဆည်ကျိုးပြီးနောက် သန့်ရှင်းသည့် ရေမရရှိမှုကြောင့် ကာလဝမ်းရောဂါနှင့် တခြား ကူးစက်ရောဂါတွေကြောင့် လူအများအပြား ထပ်မံသေဆုံးခဲ့ရကြောင်း သိရှိရသည်။

    တရုတ်အစိုးရက ဘန်ချောင်ဆည်ပြိုကျသည့် သတင်းကို နှစ်ပေါင်း ၃၀ ကြာ လျှို့ဝှက်ထားခဲ့ပြီး ၂၀၀၅ ခုနှစ်ကျမှသာ သတင်းအချက်အလက် စာရွက် စာ တမ်းများဖြင့် တရားဝင် လူသိရှင်ကြား သတင်း ထုတ်ပြန်ခဲ့သည်။