Category: News

  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ခွင့်လွှတ်၍မရဟု နွေဦးတပ်ပေါင်းစု SRA ပြော

    မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ခွင့်လွှတ်၍မရဟု နွေဦးတပ်ပေါင်းစု SRA ပြော

    ရခိုင်တစ်ပြည်လုံးနီးပါး အားကိုးအားပြုနေရသည့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ညက အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ခွင့်လွှတ်၍ မရကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်း SRA က ပြောသည်။

    စစ်ကောင်စီ ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးမှာ အားလုံးနီးပါး ပျက်စီးသွားသလို ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဆေးကုသနေသော လူနာများ ၃၃ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၇၇ ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ပြောသည်။

    မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲခြင်းသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ကြီးကြီးမားမား မျက်မြင်ကိုယ်တွေ့ ကျူးလွန်ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က ပြောကြားခဲ့သည်။

    “ဒီလို စစ်ရာဇဝတ်မှုကို စစ်တပ်က ကျူးလွန်တာဟာ အခုမှ မဟုတ်ဘူး။ တောက်လျှောက်ပြုလုပ်နေတာဖြစ်တယ်။ ဒါ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ဖြစ်စဉ်ဟာ အင်မတန် ထိတ်လန့်စရာကောင်းတဲ့၊ အံ့ဩစရာကောင်းတဲ့ စစ်ရာဇဝတ်မှု အကြီးကြီးကို တကယ့်ကို မျက်မြင်ကိုယ်တွေ့ ကျူးလွန်ထားတာဖြစ်တယ်။ ကျနော်တို့ ဒါတွေကို ခွင့်လွှတ်လို့ မရဘူး။ ကျနော်တို့ မေ့လို့မရဘူး။ ဒါကို တစ်ချိန်ချိန်မှာ တရားမျှတမှုကို ပြန်ပြီးရှာဖွေတဲ့အခါမှာ ကျနော်တို့ ဒီဖြစ်ရပ်တွေကို မေ့လို့မရဘူးဆိုတဲ့ သဘောထား ကျနော်တို့မှာရှိပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီသည် စကားနှင့်ပြော၍ ရသောအဖွဲ့မဟုတ်သည့်အတွက် SRA အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းကို ပြောဆိုမှာမဟုတ်ဘဲ တရားမျှတမှု ရရှိရေးအတွက်သာ လုပ်ဆောင်သွားမည်ဟု ကိုမင်းဟန်ထက်က ပြောကြားခဲ့သည်။

    နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance -SRA ကို နွေဦးတော်လှန်ရေးတပ် ၁၉ ဖွဲ့ဖြင့် စုပေါင်းပြီးဖွဲ့စည်းထားသော တော်လှန်ရေးတပ်ပေါင်းစုကြီးဖြစ်သည်။

    ပါဝင်သော အဖွဲ့များမှာ ဗမာ့တပ်တော် (BA)၊ BLDF၊ 96 Soldiers PDF၊ BPLA၊ KNDF၊ ချင်းညီနောင် (CB)၊ DPLF ၊ FFD ၊ G Z မျိုးဆက်တပ်တော်၊ KRF ၊ MAGWAY PDF၊ MSRF ၊ NLA ၊ PIA ၊ PNDF-KK/PPDF-KD ၊ YDF ၊ SAGAING PDF ၊ SAF နှင့် ယောတပ်တော် (YA) တို့ ပါဝင်ကြသည်။

    မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်မှရမည်ဟု ယုံကြည်ချက် ပိုမိုခိုင်မာစေပြီး ကိုယ်ရေးကိုယ်တာများကို ဘေးဖယ်ထားကာ တော်လှန်ရေးကို အာရုံစိုက်ကြရန် BPLA ခေါင်းဆောင် မောင်ဆောင်းခ တိုက်တွန်း

    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် ဖက်ဆစ်စစ်တပ်ကို အမြစ်မှ ရမည်ဟု ယုံကြည်ချက် ပိုမိုခိုင်မာစေပြီး ကိုယ်ရေးကိုယ်တာများကို ဘေးဖယ်ထားကာ တော်လှန်ရေး ကို အာရုံစိုက်ကြရန် BPLA ခေါင်းဆောင် မောင်ဆောင်းခက တိုက်တွန်းလိုက်သည်။

    ဒီဇင်ဘာလ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး) နေ့ ည ၉ နာရီ ၁၃ မိနစ်က မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် စစ်ကော်မရှင်မှ တမင်တကာ ရည် ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာတစ်စီးပေါ်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး ဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ဆောင်၊ အရိုးဆောင်၊ အဓိက ခွဲစိတ်ခန်းမ အပါအဝင် ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အစရှိသော မြောက်ဦးပြည်သူ့ဆေးရုံကြီး တစ်ခုလုံး နီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံပတ်ဝန်းကျင်ရှိ လူနေအိမ် အဆောက်အအုံအချို့ပါ ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

    ထို့အပြင် ဆေးရုံအတွင်း ဆေးကုသခံယူနေကြသော အရပ်သားပြည်သူ ၃ လသားအရွယ်မိန်းကလေး တစ်ဦး အပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ ရပြီး အခြားသော ဆေးကုသမှုခံယူနေကြသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အို များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထိုသို့ ဒဏ်ရာရရှိခဲ့သူများအထဲတွင် အာရက္ခပြည်သူ့ကျန်းမာရေးဝန်ထမ်း အချို့လည်း ပါ ဝင်ခဲ့ကြောင်း သိရသည်။

    “လက်ရှိမြောက်ဦးဖြစ်စဉ်အပါအဝင် ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှု တွေ အားလုံးက ဒီစစ်တပ်ကို အမြစ်ဖြတ်မှပဲရမယ်ဆိုတဲ့ ငါတို့ယုံကြည်ချက်ကို ပိုခိုင်မာတည်ကြည် စေတယ်။ ကျနော်တို့ ရိုကျိုးစွာ၊ နှိမ့်ချစွာ၊ ညီညွတ်စွာနဲ့ ရှိသမျှ ခွန်အားအပြည့်ကို အသုံးပြုပြီး ဒီဖက် ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရပါမယ်။ ကိုယ်ရေးကိုယ်တာတွေ ဘေးဖယ်ပြီး တော်လှန်ရေးကိုပဲ သေ ချာအာရုံစိုက်ကြရမယ်။ မဖြစ်နိုင်တာတွေကြားထဲ နံရံကို ခေါင်းနဲ့ဆောင့်ရဲမယ့်သူတွေလည်း မကြာ ခင် စနစ်တကျပေါ်ထွက်လာလိမ့်ဦးမယ်။ မလိုက်ရဲရင် အသိုက်ထဲ နေခဲ့ပါ။ လိုက်ရဲသူအတွက် တိုက် ပွဲရှိပြီး တိုက်ပွဲရှိမှ အောင်ပွဲရှိပါလိမ့်မယ် ရဲဘော်တို့ရေ…။” ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ် တော် (BPLA) ခေါင်းဆောင်မောင်ဆောင်းခက ၎င်း၏လူမှုကွန် ယက်မှ တဆင့် တိုက်တွန်းထား သည်။

    မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် စစ်ကိုစစ်နှင့်တူအောင်တိုက်ခိုက်ခြင်းမရှိပဲ အရပ်သားပြည်သူလူထူများကိုသာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် ထိရောက်စွာအရေးယူပေးကြပါရန် ကျူးလွန်ခံရသူများနှင့်တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံတ ကာ အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

  • ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်စိုးရိမ်ရ

    ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်စိုးရိမ်ရ

    သတင်းအမှောင်ချထားဟု ဒေါက်တာမျိုးညွန့် ပြော

    ကင်မ်ရစ်ရဲ့ ပြောဆိုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် စိုးရိမ်ရပြီး ပြည်တွင်းမှာ ဘာသတင်းအချက်အလက်မှ မရဘူးလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

    စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လုံးဝမရတော့တာကြောင့် အသက်ရှင်လျက်ရှိတာ မသေချာတော့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဒီဇင်ဘာ ၁၄ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာပါ။

    ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး တောင်းဆိုတဲ့ All In One Piece Movement မှာ ကိုထိန်လင်း ကိုယ်တိုင်ပါဝင်ခဲ့ပြီး အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ပြည်တွင်းမှာရှိနေတဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ကိုထိန်လင်းရဲ့ ပြောဆိုချက်ကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ ဘာသတင်းအချက်အလက်မှ မရဘူးလို့ ဆိုပါတယ်။

    NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “သမ္မတကြီးကိုတော့ သူ့အိမ်က ထောင်ဝင်စာ ပို့တယ်ပေါ့လေ။ ဒါပေမဲ့ ပါဆယ်ပဲ ပို့ရတာပါ။ ကျနော်တို့ သိသရွေ့တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု ဘယ်ရောက်နေမှန်း မသိဘူး၊ သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေလည်း တိတိကျကျ စိတ်ချယုံကြည်ရတဲ့ သတင်းရပ်ကွက်တွေက မရတာလည်းကြာပြီ ဆိုတော့ ကျနော်တို့က သူ့အတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ထင်ပါတယ်။ တစ်အချက် ကျနော်တို့ ခေါင်းဆောင်ဟာ ထောင်တွင်းအခြေအနေနဲ့ ပြင်းထန်တဲ့ ငလျင်အန္တရာယ်ကို ကြုံခဲ့ရတယ်၊ နောက်ပြီး ထောင်တွင်းမှာ ကုသဖို့မသင့်တဲ့ နှလုံးရောဂါတို့လို ရောဂါမျိုးကို ခံစားနေရတယ်၊ အဲဒီနှစ်ချက်ကြောင့် ကျနော်တို့က စိုးရိမ်တယ်လို့ ထွက်ပြောရခြင်း ဖြစ်ပါတယ်။ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စတခုပါပဲခင်ဗျ၊ ပြည်သူအများစုရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တိုင်းပြည်ရဲ့ အနာဂတ်မှာ ပါဝင်နိုင်ရေးဟာ အမြဲတမ်းရှိနေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အကြောက်တရားရဲ့ ဖိစီးမှုကြောင့်သာ လူတွေ နှုတ်ဆိတ်နေကြတာလို့ ကျနော် ထင်ပါတယ်။ စိတ်ချယုံကြည်ရတဲ့ သတင်း၊ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့တွေ့ခဲ့တဲ့သူတွေဆီကနေပြီးတော့ ကျနော်တို့ရတဲ့သတင်းမျိုး ဘာမှမရှိပါဘူး” လို့ ပြောပါတယ်။

    စစ်ကောင်စီ အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရခေါင်းဆောင်တွေကို စစ်ကောင်စီက ဓားစာခံသဖွယ် ဖမ်းဆီးခဲ့တာပါ။

    NLD အစိုးရထိပ်တန်းခေါင်းဆောင်တွေကို ဘယ်မှာ ထိန်းသိမ်းထားတယ်၊ ဘယ်လို နေထိုင်နေရပြီး ဘယ်လို ကျန်းမာရေးအခြေအနေတွေ ရှိနေတယ်ဆိုတာကိုတောင် မိသားစုတွေနဲ့ရှေ့နေတွေက သိခွင့်မရဘဲ စစ်ကောင်စီက သတင်းအမှောင်ချထားခဲ့တာပါ။

    နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “ကွယ်လွန်သွားခြင်းမျိုးလည်း ဖြစ်နိုင်တယ် ဆိုတဲ့ သူ့ရဲ့ရိုက်တာကို ပြောကြားချက်တွေပေါ့၊ သားတယောက်ရဲ့ အခုလိုမျိုး ခံစားချက်တွေကို ကျနော်တို့ အပြည့်အဝနားလည်ပါတယ်။ ဒီစစ်အာဏာရှင်တွေအဆက်ဆက်က နေဝင်းမှသည် နိုင်ငံတကာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အထိက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အငြိုးအတေး တော်တော်ကြီးတယ်ဗျာ။ သူတို့ကြီးတဲ့ အငြိုးအတေးက သူရဲဘောကြောင်တဲ့ အငြိုးအတေးဗျ။ သူတို့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်“ကြောက်” ရောဂါပေါ့၊ ဒေါ်အောင်ဆန်းစုကြည် Fobia ပေါ့၊ သူတို့မှာက ခိုင်ခိုင်မာမာကို ဒီရောဂါက ရှိနေတယ်လို့ ကျနော်ကတော့ အဲဒီလို ရှုမြင်သုံးသပ်တယ်၊ တုန်လှုပ်ချောက်ချားတာကတော့ တော်တော်လေးကို တုန်လှုပ်ချောက်ချားနေတယ်။ အခု ရွေးကောက်ပွဲနီးလေလေ ပိုတိုးပြီးတော့ သွေးရူးသွေးတန်းတွေနဲ့ လုပ်နေကိုင်နေတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ပေါ့။ NLD ခေါင်းဆောင်တွေ ကြည့်ပေါ့ဗျာ၊ ဦးဉာဏ်ဝင်းမှသည် ဒေါက်တာဇော်မြင့်မောင်ပေါ့ဗျာ၊ တခြား ခေါင်းဆောင်တွေအပေါ်မှာလည်း သူ့ဘက်ကနေ အငြိုးအတေး တော်တော်ကြီးတယ်ဗျ၊ သေအံ့ဆဲဆဲအချိန်ကျမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်တို့ လွတ်ငြိမ်းသက်သာခွင့်ပေးတယ်တို့ ဆိုတာ ဒါတွေက တကယ်တော့ မရိုးသားဘူးဗျ” ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခု ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်း ၃ နှစ်နီးပါးအကြာ လက်ရှိအချိန်အထိ စစ်ကောင်စီက ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့တာပါ။

    စစ်ကောင်စီက ဖမ်ဆီးထားတဲ့ စုစုပေါင်းအချိန် ၅ နှစ်နီးပါးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင် အပါအဝင် နေရာအများအပြားကို ပြောင်းရွှေ့ထားခဲ့ပြီး ဘာသတင်းမှ အတည်ပြု ထုတ်ပြန်တာ မရှိတော့ပါဘူး။

    ဖမ်းဆီးထားတဲ့အချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံး၊ အရိုး၊ သွားဖုံး စတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နေရတယ်ဆိုတဲ့ တဆင့်သတင်းတွေသာ ကြားခဲ့ရပြီး ခိုင်လုံတဲ့ ဘာသတင်းမှမရဘူးလို့ ကင်မ်အဲရစ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ✍🏻သုတချမ်းသာ

  • ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ

    ဝိတိုရိယဆေးရုံကြီး အနံ့တွေ ထွက်လာပြီ

    ဝိတိုရိယဆေးရုံ ငွေရှင်းကောင်တာမှာ

    ပိုက်ဆံရှင်းတော့ မှန်းထားတာထက်

    ငွေအမောက်ပိုများနေလို့

    အိမ်ကနေ kpay လှမ်းတောင်းလိုက်ရပါတယ်

    ငွေရှင်းကောင်တာမှာ ကျမက ငွေသားတဝက်

    Kpay တဝက်ရှင်းမယ်နော်လို့ပြောတာကို

    ကောင်တာက အမည် သန္တာမိုးဆိုတဲ့တယောက်က

    မျက်နာ မကြည်မသာနဲ့ ရုပ်ပျက်နေပီး

    Kpay နဲ့ ရှင်းရင်လဲ အကုန်လုံး kpay နဲ့ရှင်း

    ငွေသားနဲ့ရှင်းချင်လဲ ငွေသားနဲ့ပဲ အကုန်ရှင်းဆိုပီး

    လူကြားထဲမှာအရှက်ရအောင်ပြောပါတယ်။ 😪

    ကျမတို့လဲ ချမ်းသာနေတာမဟုတ်ပါဘူး

    ရောဂါပျောက်ချင်လွန်းလို့

    ဝိတိုရိယဆေးရုံမှာထိုင်တဲ့

    ဆရာဝန်က တော်တယ် ပြောကြတာနဲ့

    သွားပြခဲ့တာပါ။ Kpay နဲ့ချည်းပဲရှင်းရအောင်လဲ

    အိမ်က အပြည့်မပေးနိုင်လို့ပါ

    ဘောင်ချာဖြတ်ရတာ အဆင်မပြေဘူး

    ဘာညာနဲ့ပြောနေတာပါ။

    ကျမရှက်လဲ တကယ်ရှက်ရပါတယ်

    ကျမက အက်လိုရှင်းဖို့မပါဘူး

    ငွေသားတဝက်

    Kpay တဝက်ပဲရှိတယ်လို့ထပ်ပြောမှ

    မျက်နာကြောတင်းပီး

    စိတ်ပျက်တဲ့ပုံစံနဲ့ ဘောင်ချာဖြတ်ပေးခဲ့တာပါ

    ကျမတို့မှာ ရှိတာနဲ့ ကျမတို့ငွေပေးတာ

    ဘာလို့အက်လိုဆက်ဆံရတာလဲ

    အဲ့ဆေးရုံကို တကယ်ပဲ

    Bad recommend ပေးပါတယ်။

  • ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့

    ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်ဖို့

    အလုပ်သွားရင် ကားဂိတ်ထိအမေကလိုက်ပို့ပေးနေကျပါ

    ဒီနေ့တရက်လေးအမေလိုက်မပို့လို့ ကိုယ့်ဘာသာ ၁ ယောက်ထဲ ၅၆ ထိပ်ဂိတ်မှာကားစောင့်နေတာ😔

    ကားဂိတ်မှာ ကားစောင့်နေတဲ့လူတွေလည်းရှိတယ်

    နေရာကလည်း အကျယ်ကြီးကို အသက်ကြီးပြီးအချိန်မစီးတဲ့အကောင်တကောင် အနားကပ်လာပြီး ကိုယ့်ပါးကိုလာနမ်းဖို့လုပ်လို့ ဆောင့်တွန်းပြီး တခြားလူတွေရှိတဲ့ဘက်မှာ သွားရပ်နေလိုက်တယ် ။

    ကားပေါ်ရောက်တော့လည်း ကားကမထွက်သေးဘူး

    ခဏရပ်ထားတုန်း ကားလည်းအရမ်းမကြပ်နေဘူး

    ကားပေါ်ထိရောက်လာပြီး မသိရင်လူကြပ်သလိုလိုနဲ့ ကိုယ့်အနားပဲ အတင်းလာတိုးပြီး ကိုယ့်ပါးကိုလာနမ်းမလိုလုပ်တော့ ကိုယ်ကလည်းအစထဲက အငြိမ်မခံဘဲ အရှက်အကြောက်မရှိ လူကြားထဲ ထအော်ရဲတဲ့သတ္တိရှိတော့ အော်ပေးလိုက်တယ်

    အကိုတစ်ယောက်က သူနဲ့နေရာချင်းလဲပြီး ကိုယ့်ကိုကာထားပေးလို့ ကျေးဇူးတင်ပါတယ်

    ဖုန်းထုတ်ပြီးသူ့မျက်နှာကိုပုံရိုက်တော့မှ နင့်ကိုဘာလုပ်လို့လဲ ဆိုပြီး အရူးကွက်နင်းပြီး​ ဘုန်းကြီးကျောင်းကွေ့ရောက်တော့ဆင်း​ပြေးသွားပါတယ်

    မိန်းကလေးတွေ အပြင်တယောက်ထဲသွားလာရင် သတ္တိထားကြပါနော် ❗️

    ဒီလူကိုတွေ့ရင် မိန်းကလေးတွေ သတိထား ဆင်ခြင်နိုင်အောင် များများရှယ်ပေးသွားကြပါဦး။

    ပုံက အဲ့လူပုံပါ

  • BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ

    BBC မီဒီယာ လုပ်ငန်းစုကို အသရေဖျက်မှုနဲ့ ထရမ့် တရားစွဲ

    ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCကို အသရေဖျက်မှုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားစွဲဆိုလိုက်ပါတယ်။

    BBCရဲ့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးထုတ်လုပ်တဲ့ Panorama အစီအစဉ်မှာ ထရမ့်ရဲ့ မိန့်ခွန်းတစ်ခုကို မူရင်း အဓိပ္ပါယ်နဲ့ အရမ်းလွဲချော်အောင် တည်းဖြတ် ပြင်ဆင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ရှေ့နေတွေက တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တုန်းက ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ထဲ အင်အားသုံး စီးနင်းခဲ့တဲ့ ဖြစ်စဉ်မတိုင်ခင် ထရမ့်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို BBCက ပြုပြင် တည်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တည်းဖြတ်မှုရဲ့ ရလဒ်က ထရမ့်ဟာ မင်းမဲ့စရိုက်ဆန်ဆန် ဆူပူမှုတွေ ကျူးလွန်ကြဖို့ ထောက်ခံသူတွေကို တိုက်တွန်းတောင်းဆိုသလို ဖြစ်သွားပါတယ်။

    တကယ်တော့ BBCက ထရမ့်ရဲ့ မိန့်ခွန်းထဲက မိနစ်တွေ တော်တော်များများ ခြားနေတဲ့ အပိုင်းနှစ်ခုကို ဆက်စပ်လိုက်တာကြောင့် အဲဒီလို မူရင်းအဆိုနဲ့ ကွဲလွဲတဲ့ အဓိပ္ပါယ်မျိုးဆီ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

    ထရမ့်ရဲ့ ရှေ့နေတွေက ဒီကိစ္စအတွက် BBCကို ပြန်လည် ဖြေရှင်းတောင်းပန်ဖို့၊ ထရမ့်ကို နစ်နာကြေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ BBCက မှတ်တမ်းရုပ်ရှင်ကို ဖယ်ရှားပေးခဲ့ပြီး ထရမ့်ကိုလည်း တောင်းပန်ခဲ့ပေမယ့် နစ်နာကြေး ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီအရှုပ်အထွေးကို အကြောင်းပြုပြီး BBCရဲ့ ထိပ်တန်း ဦးဆောင် အရာရှိ တချို့လည်း ရာထူးကနေ တာဝန်ယူ နုတ်ထွက်ခဲ့ပါတယ်။

    BBCက အမှားအတွက် တောင်းပန်ပေမယ့် ထရမ့်ရဲ့ ရှေ့နေတွေ ပြောသလိုမျိုး ရည်ရွယ်ချက်ရှိရှိ အသရေဖျက်တယ်ဆိုတဲ့ သဘောတရားမျိုး လုံးဝ မပါတာကြောင့် နစ်နာကြေးပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အခုတော့ ထရမ့်ရဲ့ ရှေ့နေတွေက BBCဟာ အမေရိကန် သမ္မတအပေါ် ရည်ရွယ်ချက်ရှိရှိ၊ ကောက်ကျစ်တဲ့ အတွေးမျိုးနဲ့ လှည့်စားပြီး နာမည်ဖျက်ဖို့ မိန့်ခွန်းကို တည်းဖြတ်ခဲ့ပါတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ BBC မီဒီယာ လုပ်ငန်းစုကြီးကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

    ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင် ဗြိတိန်မှာ ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ကိစ္စနဲ့ ပတ်သက်ပြီး BBCကို တရားစွဲဖို့ သူက စီစဉ်နေကြောင်း ပြီးခဲ့တဲ့လမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို သူ့အနေနဲ့ မဖြစ်မနေ လုပ်ရမယ်လို့ ယူဆကြောင်း ထရမ့်က သတင်းထောက်တွေဆီ မှတ်ချက်ပေးခဲ့ပါတယ်။ BBCဟာ လိမ်ညာခဲ့ကြောင်း၊ သူ့ပါးစပ် ထွက်တဲ့ စကားလုံးတွေကို လိုသလို ခြယ်လှယ် ပြောင်းလဲခဲ့ကြောင်း ထရမ့်က စွပ်စွဲသွားပါတယ်။

    ကိုးကား: BBC

    ဓာတ်ပုံ – Getty Images