မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “မစ်ရှင်အနေနဲ့ဝင်ဆော်တာ။ လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။ မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။ လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။ သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။ ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။ မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ “သေတဲ့ရာထူးက […]