လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မစ်ရှင်အနေနဲ့ဝင်ဆော်တာ။ လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။ မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။ လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။ သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။

ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။

မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

“သေတဲ့ရာထူးက ကြီးတယ်လို့တော့ကြားတယ်။သူနဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့လည်းပါသွားတယ်”လို့ သူက ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။

စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

(ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ခလရ(၁၀၆) ဒုတပ်ရင်းမှူးဆိုသူကို တွေ့ရစဥ်။ဓာတ်ပုံ – ရေးဘီလူး)

11.5.2026

မွန်ပြည်နယ် လမိုင်းမြို့ ခလရ(၁၀၆)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော

အမည်-ထွန်းရာကျော်၊

ရာထူး-ဒုရင်းမှူး

ဒုရင်းမှူး အဆင့်ရှိသည့် ခလရ(၁၀၆)တပ်ရင်းတွင် အားကိုးရသော

ဒုရင်းမှူးထွန်းရာကျော်ကို ကျွုန်ုပ်တို့ရေးဘီလူးတပ်ရင်းမှ ဝိဉာဉ်အသွင်ပြောင်းပေးလိုက်ပါသည်။

တိုက်ပွဲဖစ်ပွါးသည့်နေရာ-လမိုင်းမြို့ရဲစခန်းအနီး မီတာ(၁၀၀)အကွာဝေးတွင်ဖစ်သည်။

အချိန်-6:30PM

ရေးဘီလူး

Comments

Leave a Reply

Your email address will not be published. Required fields are marked *