Category: News

  • UNDP က နယူးယောက်အခြေစိုက်ဝန်ထမ်း ၃၀၀ ကို ဂျာမနီနိုင်ငံသို့ ရွှေ့မည်

    UNDP က နယူးယောက်အခြေစိုက်ဝန်ထမ်း ၃၀၀ ကို ဂျာမနီနိုင်ငံသို့ ရွှေ့မည်

    အမေရိကန်ပြည်ထောင်စုရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေအပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇန်နဝါရီ ၂၀ ရက်မှာ နယူးယောက်ဌာနချုပ်က ဝန်ထမ်း အယောက်၃၀၀ နီးပါးကို ဂျာမနီနိုင်ငံ ဘွန်းမြို့နဲ့ နောက်ထပ်အယောက် ၁၀၀ကို စပိန်နိုင်ငံဆီ ရွှေ့ဖို့ ဆုံးဖြတ်ချက်ကို ဂျာမနီနိုင်ငံက ကြိုဆိုခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုဟာ ပြောင်းလဲနေတဲ့ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရှုခင်းကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေဖို့နဲ့ ကမ္ဘာ့အထိခိုက်လွယ်ဆုံး လူတွေကို ပံ့ပိုးဖို့ UNDP ရဲ့ စွမ်းရည်ကို အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ရေး ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

    ကုလသမဂ္ဂစနစ်နဲ့ ဘက်ပေါင်းစုံမူတွေဟာ ဖိအားပေးခံနေရလို့ ၂ နှစ်ကြာမဲ့ လုပ်ဆောင်မှုဟာ ဂျာမနီရဲ့ သံခင်းတမန်ခင်းအပေါ် ယုံကြည်မှုကို ပြနေတယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒီဖူးလ်က သီးခြားရေးသားထားတဲ့ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

    ဘွန်းမြို့ရဲ့ မြို့တော်ဝန်အပြင် ဒေသခံတွေနဲ့ UNDP မိတ်ဖက်အဖွဲ့အစည်း တခုတို့ကလည်း ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ပါတယ်။

    ဒေသခံ ကာမန် ဘလူးမ်က “ဘွန်းအတွက် UNDP ဟာ မြို့ရဲ့ နိုင်ငံတကာစရိုက်လက္ခဏာကို ပိုအားကောင်းစေတယ်လို့ အဓိပ္ပာယ် ရတယ်။ ဒါက အလွန်ကောင်းမွန်တယ်လို့ ကျနော်ထင်ပါတယ်”လို့ ပြောပါတယ်။

    ဘွန်းမြို့ဟာ နှစ်ပေါင်း ၇၅ နှစ်တာ သက်တမ်းရှိတဲ့ ကုလသမဂ္ဂမြို့ တမြို့ဖြစ်ခဲ့တယ်လို့ မြို့တော်ဝန် ဂီဒို ဒေးယပ်စ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

    “ကျနော်တို့မှာ ဝန်ထမ်း ၁၂၀၀ လောက် ရှိတဲ့ အဖွဲ့အစည်း ၂၇ ခုရှိပါတယ်။ အခု ၃၀၀ ထပ်တိုးပါမယ်။ အဲဒါက ၂၅ ရာခိုင်နှုန်းပါ။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က ခြေလှမ်းကြီးတခုပါ။”

    ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဘီလီယံနာ အီလွန်မတ်စ်ခ် ဦးဆောင်တဲ့ အစိုးရပြုပြင်ပြောင်းလဲရေးရဲ့ တစိတ် တပိုင်းအနေနဲ့ အမေရိကန်ရဲ့ နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ၈၀ ရာခိုင်နှုန်းကျော် လျှော့ချခဲ့ပါတယ်။

    Source:Reuters

  • နှုတ်ခမ်းမွှေးအဖွဲ့ ကြမ်းနေပြီ

    နှုတ်ခမ်းမွှေးအဖွဲ့ ကြမ်းနေပြီ

    2026 Jan 20 ရက်က

    အယုဒ္ဓယမှာ နှုတ်ခမ်းမွှေးအဖွဲ့

    အလုပ်သွား အလုပ်ပြန် မြန်မာပြည်သား မှန်သမျှကို

    မင်းမိုက်စရိုက်ဆန်ဆန် အဖွဲ့လိုက် ဝိုင်းကိုက်ကြပြီး

    အထိုးကြိတ်ခံရတဲ့ ညီလေး အလုပ်တောင် မသွားနိုင်ဘူးတဲ့ဗျာ 🥹🥹

    Screenshot
  • အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြင့် ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး

    အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြင့် ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး

    အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ အသင်းသူ အသက်မပြည့်သေးတဲ့ မိန်းမငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ရဲတွေက ဇန်နဝါရီ ၁၇ ရက်မှာ ဖမ်းဆီးပြီး စစ်ဆေးနေတာလို့ မြိုခံတယောက်က ပြောပါတယ်။

    “အသင်းဝင်ကလေးမလေးကို လှိုင်သာယာဘက်မှာ ပရဟိတကိစ္စ ကူညီစရာရှိတယ်လို့ လိမ်ခေါပြီး သူ့အိမ်မှာ မုဒိမ်းကျင့်တာ ၃ ကြိမ်လောက်ရှိတယ်။ ပြန်ပြောရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်တော့ ကလေးမလေးက မပြောရဲဘူး။ ဖြစ်စဥ်က ၁ ရက်နေ့ဖြစ်တာ၊ ၁၆ ရက်မှ ကလေးမက သူမိသားစုကို ပြန်ပြောမှ အမှုဖွင့်တာ။ ၁၇ ရက်နေ့က လာဖမ်းသွားတယ်။”

    ရဲတွေက ဖမ်းဆီးစစ်ဆေးပြီးနောက် ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုတဲ့အပြင် CID က ရရှိထားတဲ့ ဆေးစာတွေမှာလည်း မှန်ကန်တာကြောင့် ပုဒ်မ ၃၇၆ အရ ဒဂုံမြို့သစ်ခရိုင်တရားရုံကို တရားစွဲဆိုတင်ပို့ခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “မနေ့ကပဲ ခရိုင်တရားရုံးမှာ ပုဒ်မ ၃၇၆ နဲ့ အမှုတင်လိုက်တယ်။ ပြောချင်တာက ပရဟိတပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် အသက်မပြည့်သေးတဲ့ အမျိုးသမီငယ်တွေကို စိတ်ချပြီး လွှတ်မထားသင့်ဘူး။”

    အဆိုပါ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ဒဂုံမြို့သစ်ခရိုင်တရားရုံးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ စတင်စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

  • ထိုင်းရောက်မြန်မာတို့ အထူးသတိထား လိုက်နာရမယ့်အချက်များ

    ထိုင်းရောက်မြန်မာတို့ အထူးသတိထား လိုက်နာရမယ့်အချက်များ

    ထိုင်းရောက်မြန်မာများလိုက်နာရန် အကြံပြုချက်

    -ထိုင်း-မြန်မာကြား ပြင်ပတွင်​ရော၊ လူမှုကွန်ယက်မှာပါ အမုန်းစကားပြောဆိုခြင်းမပြုရန်

    -အော်ဟစ်ဆူညံစွာ ပြောဆိုနေထိုင်တာမျိုး မလုပ်ကြရန် (ထိုင်းနိုင်ငံသားအများစုဟာ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပြီး ဆူညံတာကိုမကြိုက်ဘဲ တိုင်ကြားတတ်ကြပါတယ်)

    -လမ်းဘေးနေရာတွေမှာ အရက်၊ ဘီယာ သောက်စားတာမျိုးမလုပ်ရန်

    -ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးဆိုင်ရာကိစ္စရပ်တွေကိုပါဝင်ပတ်သက်ခြင်းမပြုကြရန်

    -တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆို ပါဝင်ပတ်သတ်ခြင်းမပြုရန်

    -ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို သိရှိပြီးလေးစားလိုက်နာကြရန်

    -အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေ နေထိုင်ကြရန်

    -ထိုင်းစကား​ပြောတတ်လျှင် ပိုအဆင်​ပြေတာ​ကြောင့် ထိုင်းစကား​ပြောတက်​အောင်ကြိုးစားသင့်

    -သက်ဆိုင်ရာနယ်မြေရှိ ‌ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန်

    -ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိ​အောင် သတင်းဖတ်ရှု၊ နားစွင့်နေရန်

    -ပတ်စ်ပို့၊ ပန်​ရောင်းကတ်စတဲ့ စာရွက်စာတမ်းအထောက်အထား​တွေကို အမြဲတမ်းယူဆောင်ရန်

  • မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    မဲဆောက်တွင် ဧရာဝတီမ ဟု လူသိများသည့် အွန်လိုင်းဆယ်လီ LGBT လုယက်သတ်ဖြတ်ခံရ

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ‘ဧရာဝတီမ’ ဟု လူသိများသည့် မြန်မာအွန်လိုင်းဆယ်လီ LGBT တစ်ဦး အဓမ္မပြုကျင့် လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

    မဲဆောက်မြို့၊ မယ်တောင်နယ်မြေ၊ TK ကြီးရပ်ကွက်ရှိ ယာခင်းတစ်ခုအတွင်း သတ်ဖြတ်စွန့်ပစ်ထားသည့် ၎င်း၏ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ‘ဧရာဝတီမ’ သည် ဇန်နဝါရီ ၁၉ ရက် ည ၁၂ နာရီကျော်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်းနှင့် နီးစပ်သူများက လူမှုကွန်ရက်တွင် လူပျောက်ကြောင်း အကူအညီတောင်းခံထားသူ ဖြစ်သည်။

    ရုပ်အလောင်းကို တွေ့ရှိချက်အရ အဓမ္မ ပြုကျင့်ပြီး ဝါးရင်းတုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်ထားသည့် ဒဏ်ရာများ တွေ့ရှိရကာ ၎င်းနှင့်အတူပါသွားသည့် iPhone 17 Pro Max နှစ်လုံး၊ ရွှေဆွဲကြိုး၊ ဟန်းချိန်းနှင့် ရွှေလက်စွပ်များလည်း ပျောက်ဆုံးနေကြောင်း နီးစပ်သူများထံမှ သိရသည်။

    သေဆုံးသူ၏ Facebook မက်စင်ဂျာတွင် အပြန်အလှန် ပေးပို့ထားသည့် စာများအရ ၎င်းနှင့် သိကျွမ်းသူ အမျိုးသားတစ်ဦးက အပြင်သို့ထွက်ရန် ခေါ်ဆောင်သွားပြီးနောက်ပိုင်း ယခုကဲ့သို့ အသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး လူသတ်တရားခံဟု ယူဆရသည့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာအမျိုးသားတစ်ဦးကို စုံစမ်းရှာဖွေနေကြောင်း သိရသည်။

    Screenshot