ထိုင်းရောက်မြန်မာများလိုက်နာရန် အကြံပြုချက်
-ထိုင်း-မြန်မာကြား ပြင်ပတွင်ရော၊ လူမှုကွန်ယက်မှာပါ အမုန်းစကားပြောဆိုခြင်းမပြုရန်
-အော်ဟစ်ဆူညံစွာ ပြောဆိုနေထိုင်တာမျိုး မလုပ်ကြရန် (ထိုင်းနိုင်ငံသားအများစုဟာ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပြီး ဆူညံတာကိုမကြိုက်ဘဲ တိုင်ကြားတတ်ကြပါတယ်)
-လမ်းဘေးနေရာတွေမှာ အရက်၊ ဘီယာ သောက်စားတာမျိုးမလုပ်ရန်
-ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးဆိုင်ရာကိစ္စရပ်တွေကိုပါဝင်ပတ်သက်ခြင်းမပြုကြရန်
-တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆို ပါဝင်ပတ်သတ်ခြင်းမပြုရန်
-ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို သိရှိပြီးလေးစားလိုက်နာကြရန်
-အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေ နေထိုင်ကြရန်
-ထိုင်းစကားပြောတတ်လျှင် ပိုအဆင်ပြေတာကြောင့် ထိုင်းစကားပြောတက်အောင်ကြိုးစားသင့်
-သက်ဆိုင်ရာနယ်မြေရှိ ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန်
-ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိအောင် သတင်းဖတ်ရှု၊ နားစွင့်နေရန်
-ပတ်စ်ပို့၊ ပန်ရောင်းကတ်စတဲ့ စာရွက်စာတမ်းအထောက်အထားတွေကို အမြဲတမ်းယူဆောင်ရန်

Leave a Reply