Category: News

  • ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်

    ရဲ ၄ ယောက်အား ပစ်သတ်ထွက်ပြေးသည့် ရဲတပ်သားကို ဖမ်းမိချိန် စစ်တပ်က ပစ်သတ်

    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ ရဲမေ တယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတဲ့ ရဲတပ်သားတယောက်ကို စစ်တပ်က ဇန်နဝါရီ ၁၇ ရက် မနက်က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၁၆ ရက် မနက်က ကျောက်တံခါးမြို့မရဲစခန်းမှာ ရဲတပ်သား မင်းဉာဏ်ထက်အောင်နဲ့ ဇနီးဖြစ်သူတို့ စကားများ ရန်ဖြစ်ရာကနေ ရဲတပ်ကြပ်နဲ့ ရဲတပ်သား၂ ယောက်က ဝင်ရောက်ဖျန် ဖြေပေးရာမှာ ထပ်မံစကားများပြီး ဇနီးဖြစ်သူနဲ့ရဲ ၃ ယောက်ကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “လင်မယားချင်း စကားများတာ သူ့မိန်းမကလည်း ရဲမေပဲ။ စကားများတဲ့အချိန် ရဲတပ်ကြပ် တယောက်ရယ်၊ ရဲတပ်သား ၂ ယောက်ရယ် လာဆွဲတာ၊ ဆွဲရင်း စကားထပ်များပြီး သူ့မိန်းမရော ရဲသုံးယောက်ကိုရော သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားတာ။ ထွက်ပြေးသွားတဲ့ ရဲကို စစ်တပ်က မနေ့က ဖမ်းမိပြီး ပစ်သတ်လိုက်တယ်။”

    ထွက်ပြေးသွားတဲ့ ရဲတပ်သား မင်းဉာဏ်ထက်အောင်ကို ဇန်နဝါရီ ၁၇ ရက် မနက်က စစ်ကောင်စီတပ်က ပိန်းဇလုပ်မြို့ ကင်းပွန်းချုံဘုန်းကြီးကျောင်းအနီးမှာ ပစ်သတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ထွက်ပြေးသွားတဲ့ ရဲတပ်သားမှာ သေနတ်တွေရော ကျည်တွေရောပါသွားလို့ စစ်တပ်က အင် အားအလုံးအရင်းနဲ့လိုက်ရှာတာ၊ ပိန်းဇလုပ်ရဲစခန်းဘက်မှာ မိသွားတယ်။ မိတော့ ယူသွားတဲ့သေနတ်နဲ့ကျည်တွေ ပြန်တောင်းတယ်။ ရဲတပ်သားက ဖွက်ထားတဲ့နေရာ ကိုလိုက်ပြတယ်။ သေနတ်ပြန်ရရော အဲ့ဒီရဲတပ်သားကို စစ်တပ်က သေနတ်နဲ့ပစ်သတ်လိုက်တယ်။ ရဲစခန်းမှာတော့ ခုခံထွက်ပြေးလို့ ပစ်ခတ်တာဆိုပြီး စာတင်ထားတယ်။”

    ကျောက်တံခါးမြို့နယ်ဟာ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါဝင်တဲ့အတွက် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်စဥ်အပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်ကလည်း ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး ဒုရဲအုပ်တယောက် သေဆုံးကာ ရဲတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အလားတူ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်ကလည်း ပဲခူးတိုင်း၊ မင်းလှမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်လို့ ရဲတပ်ကြပ်တယောက် သေဆုံးခဲ့ပါတယ်။

  • မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

    မယ်စဲ့အကျဥ်းထောင်က စစ်သုံ့ပန်း အကျဥ်းသား ၆၀နီးပါး လက်နက်တွေယူ ထွက်ပြေးသွား

    ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်အကျဥ်းထောင် ကနေ စစ်သုံ့ပန်း အကျဥ်းသား ၆၀ နီးပါးဟာ လက်နက်တွေယူပြီးထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။

    မနေ့က(ဇန်နဝါရီ ၁၇ရက်)ညပိုင်းမှာ အကျဥ်းသားတွေက လက်နက်အချို့ပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

    “၅၉ ဦး မယ်စဲ့ IECထောင်ကနေ လွတ်သွားတာ။သေနတ်တွေလည်းပါသွားတယ်။ထောင်ဝန်းထမ်းတွေကို ကြိုးတုတ်ပြီးအချုပ်ထဲ ထည့်ခဲ့တာ”လို့ ကရင်နီဒေသခံတစ်ဦးက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

    ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC )ရဲ့တွဲဖက်အတွင်း ရေးမှူး ဦးဗညားက”ကျ​နော်တို့အသိ​ပေးထုတ်ပြန်ပါ့မယ်။ထွက်ပြေးသွားတာတော့ မှန်တယ်”လို့ ပြောပါတယ်။

    ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေဟာ စစ်ကောင်စီတပ်သမား စစ်သုံ့ပန်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

    လက်ရှိ အခြေအနေကြောင့် မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။

    ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

    စစ်ကိုင်း၊ရှမ်းမြောက် နဲ့ မန္တလေးတိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေ အကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

    အကျဉ်းသားများကို ခေါ်ထုတ်သွားသည့် တရားခံ (၂)ဦး

    ကရင်နီပြည်နယ်၊ အကျဉ်းထောင် အမှတ် (၂) မှ အကျဉ်းသား (၈၀) ဦး ထွက်ပြေးသည့်အမှုတွင် အကျဉ်းသားများကို ခေါ်ထုတ်သွားသည့် အဓိက တရားခံထောင်ဝန်ထမ်း (၂)ဦး၏ ရုပ်ပုံဖြစ်ပါသည်။

    မယ်စဲ့အကျဉ်းထောင်မှ စစ်သုံ့ပန်း ၅၉ ဦး ထွက်ပြေး ထောင်ဆေးမှူးက လမ်းဖွင့်ပေးခဲ့ပြီး လက်နက်များယူဆောင်သွား

    ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ မယ်စဲ့အကျဥ်းထောင်(၂) မှ စစ်သုံ့ပန်း အကျဥ်းသားများ ၅၉ ဦးထွက်ပြေးသွားကြောင်း သိရသည်။

    အကျဉ်းသားများသည် ယနေ့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

    “ထောင်ဆေးမှူးကနေဖွင့်ပေးတာလို့သိရတယ်။ အစောင့်တွေကို ကြိုးတုပ်ပြီးအချုပ်ပြန်ထည့်ခဲ့တယ်။ သတ်သွားတာမျိုးမရှိဘူး၊ ဆေးမှူးနဲ့နောက်တစ်ယောက်ကတော့ ထွက်ပြေးသွားတဲ့လူတွေနဲ့ ပါသွားတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူတစ်ဦးက ပြောသည်။

    ထွက်ပြေးသွားသည့် အကျဉ်းသားများက သေနတ် ကိုးလက်နှင့် ဆက်သွယ်ရေးစကားပြောစက်များကို ယူဆောင်သွားကြောင်းသိရသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်းအောင်ကို ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

    အလားတူ ယမန်နှစ် အောက်တိုဘာလ ၉ ရက်နေ့ကလည်း ကရင်နီပြည်နယ်အတွင်းရှိ အကျဉ်း ထောင်တစ်ခုမှ အကျဉ်းသား ခြောက် ဦး ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

    လက်ရှိတွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

  • မြင်းခြံပသစသတင်း

    မြင်းခြံပသစသတင်း

    PDF လူငယ်လေး နှစ်ယောက်ကို

    အရှင်လတ်လတ် မီးမြှိုက် သ-က်ဖြတ် ခဲ့တဲ့

    သီတာယုမွန်ကို လက်စားချေချင်သော အားဖြင့်

    ယခုဖမ်းမိထားတဲ့ အန်တီသီတာ့ ယောကျာ်းဖြစ်သူ

    စိန်လွင် ကို ရှင်းလိုက်မည်ဆိုပါက

    ကျပ် သိန်း ၅၀၀ ဆုချီးမြှင့်မည်ဟု ပြည်သူတစ်ဦးက

    ကြေညာလိုက်သည်။

    အန်တီသီတာဘက်ကလည်း

    အဆိုပါ စိန်လွင်နှင့် ကွာရှင်းပြတ်ဆဲထားတာကြာပြီ

    ဖြစ်ကြောင်း ၊ စိန်လွင်က အန်တီသီတာ၏ ဒုတိယလင်ဖြစ်ကြောင်း၊

    ပထမလင်နှင့်ကွဲကာ စိန်လွင်နှင့် ယူခဲ့ကြောင်း၊

    ယူပြီးမှ စိန်လွင်ဟာ မိန်းမတအားရှုပ်တာ သိရကြောင်း၊

    ထို့ကြောင့် ရှင်းလိုက်လျှင်လည်းဝမ်းသာမည်ဖြစ်ကြောင်း

    လူမှုကွန်ယက်မှတဆင့် ပြန်လည်ချေပထားသည်။

    အလားတူ ထိုင်းရောက်နေတဲ့ ယခင် လင်ကြီးနဲ့ရထားတဲ့

    သီတာယုမွန်သမီး အကြီးမ ယွန်းယုလွင်ဦးကို

    နေရာပြောင်းခိုင်းနေပြီး ထိုင်းရောက်မြန်မာပြည်သူများကလည်း

    အသည်းသန်လိုက်လံ ရှာဖွေနေကြကြောင်းသိရသည်။

    အန်တီသီတာယုမွန်ရဲ့ အသက်တမျှချစ်ရသော

    ယွန်းယုလွင်ဦး တစ်ယောက် ထိုင်းကနေအမြန်ဆူံး

    ထွက်ပြေးလွတ်မြောက်နိုင်ပါစေ။

    Nay Min Thar

  • နိုင်ငံရေးပေါကားမရိုက်ချင်လို့ စစ်တပ်မုန်းတီးရေးမပြောတာလို့ ဦးကိုကိုကြီးပြော

    နိုင်ငံရေးပေါကားမရိုက်ချင်လို့ စစ်တပ်မုန်းတီးရေးမပြောတာလို့ ဦးကိုကိုကြီးပြော

    နိုင်ငံရေးမှာ စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များနိုင်တာသိပေမဲ့ နိုင်ငံရေးပေါကား မရိုက်ချင်တာကြောင့် မပြောတာလို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

    ဇန်နဝါရီ ၁၈ ရက်က ပါတီရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ မဲဆွယ်စည်းရုံးရေး ရုပ်သံမှာသူက အခုလို ပြောတာဖြစ်ပါတယ်။

    မြန်မာဇာတ်ကားတွေကို ပရိသတ်ရေချိန်နဲ့ ကိုက်ပြီး ရိုက်ထူးထုတ်လုပ်တဲ့အခါ အရည်အသွေးအပိုင်းမှာ ဝေဖန်ခံရလေ့ရှိတာကို သူက အဲဒီရုပ်သံမှာ နှိုင်းယှဥ်ပြောရင်း အခုလို သုံးနှုန်းသွားတာဖြစ်ပါတယ်။

    “စစ်တပ်မုန်းတီးရေးပြောရင် လူကြိုက်များတယ်။ ဒါပေမဲ့ ကျွန်တော်မပြောဘူး။ စစ်တပ်ချစ်တဲ့သူတွေက မချစ်ရကောင်းလားဆိုပြီး ကျွန်တော်ကို တိုက်ခိုက်တာရှိတယ်။ ခေတ်တစ်ခေတ်မှာ လူကောင်းရှိတယ်။ လူဆိုးရှိတယ်။ ဒါကို လက်တွေ့ကျကျဘယ်လိုပြုပြင် မလဲလို့ ပြောတဲ့အခါမှာ စစ်တပ်မုန်းတဲ့သူကလည်းမကြိုက်ဘူး။ ချစ်တဲ့သူကလည်းမကြိုက်ဘူး” လို့ ဦးကိုကိုကြီးက ပြောပါတယ်။

    လက်ရှိစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ဖို့ နိုင်ငံရေးပေါကားမရိုက်ဘူးလို့ သူကပြောပါတယ်။

    “ဟိုတုန်းက ဖယောင်းတိုင်ထွန်းပြီး အစည်းအဝေးလုပ်ပြတာတို့၊ စက်ဘီးနဲ့ရုံးတက်ပြတာတို့၊ သန့်ရှင်းရေးလုပ်ပြတာတို့ဆိုတဲ့ အဲဒါမျိုးနိုင်ငံရေး‌ ပေါကားတော့မရိုက်ဘူး” လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌက ပြောပါတယ်။

    ပြည်သူ့ပါတီဥက္ကဋ္ဌဟာ နောက်တစ်ပတ် ဇန်နဝါရီ ၂၅ ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်တိုင်းထဲက လမ်းမတော်မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းပြုလုပ်ခဲ့တဲ့ အပိုင်း ၁ နဲ့ အပိုင်း ၂ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ် လာရာမှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော်တွေအတွက် ဝင်ရောက်ယှဥ်ပြိုင်ကြတဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတွေကို လူထုက ထောက်ခံမဲပေးခဲ့ပေမဲ့ ကြံ့ခိုင်ရေးအမတ်တွေကိုတော့ မကျော်နိုင်သေးပါဘူး။

    ဒါကြောင့် ရွေးကောက်ပွဲနှစ်ပိုင်းစလုံးမှာ စစ်တပ်ကျောထောက်နောက်ခံပေးတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းတွေပဲ မဲအများစုနိုင်နေပါတယ်။

    ပြီးခဲ့တဲ့ရွေးကောက်ပွဲ ၂ ပိုင်းစလုံးမှာ ပြည်သူ့ပါတီ ၀င်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ရန်ကုန်၊ တနင်္သာရီနဲ့ ဧရာဝတီတိုင်းတို့က မဲဆန္ဒနယ်တွေမှာ မဲစက်ပျက်ယွင်းမှု၊ မဲရေတွက်တဲ့အပိုင်းမှာ ပွင့်လင်းမြင်သာမှုမရှိမှုတွေကို ပါတီ ဗဟိုအဆင့် တိုင်ပင်ဆွေးနွေးကြပြီးတဲ့နောက်မှာ ဒီကိစ္စတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြမေးမြန်းဖို့ရှိတယ်လို့ တိုင်းအဆင့်ပါတီတာဝန်ရှိသူတွေက ရွေးကောက်ပွဲအပိုင်း ၂ အပြီးမှာ ဖြေထားပါတယ်။

  • ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်

    ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်

    ရေဖြူ၊ ပေါက်ပင်ကွင်းက ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ

    ရေး – ထားဝယ်ကားလမ်းမ၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာအဝင်တွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။

    တိမ်းမှောက်သည့်ကားမှာ ရေးမြို့မှ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကွင်းရွာသို့ ပြန်လာသည့် ပေါက်ပင်ကွင်းရွာမှ ခရီးသည်တင်ကားဖြစ်သည်။

    “ကားက ဖိုးဘီး (Four Wheels) ကားကို ပြန်ဆင်ထားတဲ့ ကားအမျိုးအစားပါ။ ဈေးကားပုံစံမျိုးပေါ့။ ကားမှောက်ပြီး မီးထလောင်တယ်။ ဘယ်လိုမှောက်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု သွားရောက်ကူညီပေးခဲ့သည့် ရေးမြို့အခြေစိုက် အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

    ဒဏ်ရာရသူများကို ရေးမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောဆိုသည်။

    အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းနှင့်အတူ ကိုးမိုင်ရွာလူနာတင်ယာဉ်၊ ဣစ္ဆာသယ (အဏ္ဏဝါ) အသင်းနှင့် မေတ္တာရှင် (ချောင်းတောင်) လူနာတင်ယာဉ်တို့က ဒဏ်ရာရလူနာများအား ဆေးရုံပို့ဆောင်ရာတွင် ပူးပေါင်းကူညီခဲ့ကြောင်း ယင်းအသင်းများထံမှ သိရသည်။

    ပုံစာ – ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်း ကိုးမိုင်ရွာအဝင် ကားတိမ်းမှောက်မှုမြင်ကွင်း။ ဓာတ်ပုံ – အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း။