စက်မှုဇုန်တွေ နဲ့ အထူးစီးပွားရေးဇုန်တွေ အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေ နဲ့ ၂၄ နာရီ လျှပ်စစ်ဖြန့် ဝေပြီး မီတာခ တစ်ယူနစ် ၉၀၀ တိုးမြှင့် ကောက်ခံမယ်လို့ စစ်အုပ်စု က ထုတ်ပြန်ထားပါတယ်။ စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့တာပြီး သီလဝါနဲ့ တခြား စက်မှုဇုန်တွေကိုလည်းအကြောင်းကြားထားတယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်နှုန်းထားကစက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေအတွက်သာ ဖြစ်ပြီး အိမ်သုံးမီတာခနှုန်းထားတွေကိုတော့ ယခင်အတိုင်း ဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ စက်မှုဇုန်တွေအပြင် အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကိုလည်း လျှပ်စစ်မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပါသေးတယ်။ “၂၄ နာရီ…
ညောင်ဦး-မြင်းခြံလမ်းပိုင်းတွင် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က တိုက်ခိုက်၍ ငါးဦးသေဆုံးသွားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Pakokku Special Task Force က ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကော်မရှင် လက်ပါးစေ မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်၏ အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကားကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်ဒီးနှင့် ရဲဘော် ဓာတ်ဗူး ဦးဆောင်သည့် ရဲဘော် (၁၀)ဦးက ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်အဖွဲ့ဝင် ငါးဦးသေဆုံးပြီး G4 သေနတ်တစ်လက်၊ ကာဘိုင် နှစ်လက်နှင့် ကျည်အများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို Pakokku…
အီရန်နိုင်ငံအား အမေရိကန်- အစ္စရေး တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း တရုတ်၊ ရုရှားနိုင်ငံတို့က ထုတ်ဖော်ပြောဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ချက်ချင်းပြုလုပ်ရန် နှစ်ဖက်စလုံးကို တောင်းဆိုကာ တင်းမာမှုများ ရှောင်ရှားရန်နှင့် ဆွေးနွေးပွဲများပြန်လည်စတင်ရန် တိုက်တွန်းထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အီရန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို လေးစားသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ကြေညာချက်တွင် ဖော်ပြထားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီကလည်း ယင်းတိုက်ခိုက်မှုကို “အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအပေါ် ဗြောင်ကျကျရန်လို ကျူးကျော်ခြင်း” ဟု ဝေဖန်ထားသည်။ ထို့ပြင် ဝါရှင်တန်၏ စစ်ရေးအရ အကျပ်ကိုင်ခြင်းသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများအား ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများမှ သွေဖည်နေကြောင်း ဆင်ဟွာက ဆိုသည်။ ရုရှားနိုင်ငံကလည်း အဆိုပါ တိုက်ခိုက်မှုအပေါ် ကြိုတင်ကြံစည်ထားသော အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှုအဖြစ်…
ဒေါက်တာ Zaw Naing မေးတဲ့ မေးခွန်းရဲ့အဖြေအနေနဲ့ အမေရိကန်+အစ္စရေးနဲ့ အီရန်ရဲ့ စစ်ပွဲအနေဖြင့် မြန်မာနိုင်ငံအပေါ်သက်ရောက်လာနိုင်ချေများကို ကျနော်တစ်ဦးထဲရဲ့ အမြင်အရ သုံးသပ်ကြည့်ရရင်- (၁) စက်သုံးဆီစျေးနှုန်း မြန်မာနိုင်ငံဟာ စက်သုံးဆီကို ပြည်ပကနေ အဓိက တင်သွင်းနေရတာကြောင့် ကမ္ဘာ့ရေနံစျေး တက်တာနဲ့အမျှ ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာနိုင်ပါတယ်။ (၂) ကုန်စျေးနှုန်း စက်သုံးဆီစျေးတက်ရင် သယ်ယူပို့ဆောင်ရေးစရိတ် တက်လာပြီး၊ နောက်ဆက်တွဲအနေနဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း စျေးနှုန်းတွေကိုပါ သက်ရာက်မှု ရှိလာနိုင်ပါတယ်။ (၃) အလုပ်သမားများ၏ ဘေးအန္တရာယ် အရှေ့အလယ်ပိုင်းနိုင်ငံတွေ (ဥပမာ – ယူအေအီး၊ ကာတာ၊ ကူဝိတ်) မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ထောင်ပေါင်းများစွာ ရှိပါတယ်။ စစ်ပွဲဧရိယာ ကျယ်ပြန့်လာရင် သူတို့ရဲ့ လုံခြုံရေး စိုးရိမ်ရသလို၊ အလုပ်အကိုင်တွေ ရပ်နားရတဲ့အတွက်…
မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှု ပြန်လည်ခက်ခဲလာပြီး ဘဏ်တစ်ခု လျှင် တစ်ကြိမ်ထုတ်ယူပါက ကျပ်သိန်း ၃၀ ခန့်သာ အကန့်အသတ်ဖြင့် ထုတ်ပေးနေသည့်အတွက် အသေးစား လုပ်ငန်းရှင်များနှင့် အများပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ လကုန်ရက်နှင့် တိုက်ဆိုင်နေသည့် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေသားထုတ်ယူရာ၌ ယခင်ကထက် ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်။ “ဒီတစ်ပတ် ငွေထုတ်ရတာ ပိုခက်လာတယ်။ ဘဏ်ထဲမှာ အပ်ငွေမရှိလို့ အများကြီး မထုတ်ပေးနိုင်ဘူးလို့ ဘဏ်က ပြောတာပဲ။ ဘဏ်မန်နေဂျာနဲ့ ရင်းနှီးတဲ့ လုပ်ငန်းအကောင့်ဆိုရင်တောင် ကျပ်သိန်း ၅၀ လောက်ပဲ တစ်ခါထုတ်ပေးတယ်” ဟု ရန်ကုန်မြို့ခံ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ လက်ရှိတွင် ဘဏ်များက ငွေသားကို ကျပ်သိန်း ၂၀ မှ ၃၀…