Category: News


  • แ€‘แ€›แ€”แ€ทแ€บแ€€ แ€กแ€ฎแ€›แ€”แ€บแ€€แ€ญแ€ฏ แ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บแ€แ€…แ€บแ€แ€ซแ€™แ€พ แ€™แ€™แ€ผแ€„แ€บแ€–แ€ฐแ€ธแ€žแ€Šแ€ทแ€บ แ€…แ€…แ€บแ€กแ€„แ€บแ€กแ€ฌแ€ธแ€–แ€ผแ€„แ€ทแ€บ แ€แ€ฏแ€ถแ€ทแ€•แ€ผแ€”แ€บแ€™แ€Šแ€บ

    အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးပြီးနောက် အုပ်ချုပ်ရေးကောင်စီအသစ်ဖွဲ့စည်းပြီး အစ္စရေးနှင့် အမေရိကန်ကို လက်စားချေမည်ဟုဆို အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) သေဆုံးသွားပြီးနောက် အီရန်နိုင်ငံတွင် အရေးပေါ် အုပ်ချုပ်ရေးကောင်စီ (Governing Council) တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အီရန်အခြေခံဥပဒေအရ အမြင့်ဆုံးခေါင်းဆောင်သစ် တစ်ဦးကို ပြန်လည်ရွေးချယ်ခြင်းမပြုမီအထိ နိုင်ငံကို ဦးဆောင်ရန် လူ ၃ ဦးပါဝင်သော အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကောင်စီတွင် လက်ရှိ အီရန်သမ္မတ Masoud Pezeshkian၊ တရားသူကြီးချုပ် Gholamhossein Mohseni Ejei၊ စောင့်ကြည့်ရေးကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦး (Expediency Council မှ ရွေးချယ်သူ)…

  • แ€—แ€”แ€บแ€ธแ€™แ€ฑแ€ฌแ€บแ€™แ€พแ€ฌ แ€”แ€ฑแ€ทแ€…แ€‰แ€บแ€แ€ญแ€ฏแ€€แ€บแ€•แ€ฝแ€ฒแ€•แ€ผแ€„แ€บแ€ธแ€‘แ€”แ€บแ€”แ€ฑ

    စစ်တပ်က လေယာဉ်၊ဒရုန်းနဲ့ အပြင်းအထန် တိုက်ခိုက်ဟု KIA ပြော ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၈ရက် ညသတင်းဖော်ပြချက်မှာ အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ ဗန်းမော်မြို့မှာ လတ်တလော စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ KIA ပူးပေါင်းတပ်ဖွဲ့များခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးပါတယ်။ နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာကို လေယာဉ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်နေကြောင်းလည်း ဖော်ပြပါတယ်။ KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁ နှစ် သုံးလခန့်ကြာပြီဖြစ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံပမ်းအချို့ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။…

  • แ€›แ€€แ€บแ€…แ€€แ€บแ€แ€ฒแ€ท แ€กแ€ฌแ€แ€ฌแ€›แ€พแ€„แ€บแ€แ€šแ€ฑแ€ฌแ€€แ€บ แ€•แ€ผแ€ฏแ€แ€บแ€€แ€ปแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€ฏแ€ทแ€›แ€œแ€’แ€บแ€€แ€ญแ€ฏ แ€€แ€ผแ€ญแ€ฏแ€†แ€ญแ€ฏ แ€‘แ€ฑแ€ฌแ€€แ€บแ€แ€ถแ€”แ€ฑ แ€€แ€ผแ€แ€ฌ

    “ပြည်သူတွေအပေါ် ရက်စက်တဲ့ အာဏာရှင်တယောက် ပြုတ်ကျသွားလို့ရလဒ်ကို ကြိုဆို ထောက်ခံနေ ကြတာ” အီရန်မှာ ခါမေနီ သေဆုံးသွားတဲ့ သတင်းအပေါ် မြန်မာပြည်သူတွေ ဝမ်းသာနေကြတာက အမေရိကန်ကို အထင်ကြီးလို့လည်း မဟုတ်ဘူး၊ ဒေါ်နယ်ထရမ့်ကို ထောက်ခံ နေတာလည်း မဟုတ်ပါဘူး။ သူတို့ လက်ရှိဖြတ်သန်းနေရတဲ့ နိုင်ငံရေး အခြေအနေ၊ စိတ်ဒဏ်ရာတွေနဲ့ အများကြီး ဆက်စပ်နေပါတယ်။ အီရန်အစိုးရဟာ ဆယ်စုနှစ်များစွာ ပြည်သူတွေကို ဖိနှိပ် အုပ်ချုပ်ခဲ့တဲ့ ဘာသာရေး အာဏာရှင်စနစ် ဖြစ်ပါတယ်။ ဆန္ဒပြခဲ့ကြတဲ့ အီရန်ပြည်သူတွေကို အစိုးရက အကြမ်း ဖက်နှိမ်နင်းခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အသွင်သဏ္ဍာန် တူနေတဲ့အတွက် အီရန်ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နက်နက်ရှိုင်းရှိုင်း ကိုယ်ချင်းစာကြပြီး ဖိနှိပ်ခံပြည်သူတွေဘက် ကနေ ရပ်တည်ကာ…

  • แ€’แ€ฑแ€ซแ€บแ€กแ€ฑแ€ฌแ€„แ€บแ€†แ€”แ€บแ€ธแ€…แ€ฏแ€€แ€ผแ€Šแ€บแ€”แ€พแ€„แ€ทแ€บ แ€”แ€ญแ€ฏแ€„แ€บแ€€แ€ปแ€‰แ€บแ€ธแ€™แ€ปแ€ฌแ€ธ แ€œแ€ฝแ€แ€บแ€™แ€ผแ€ฑแ€ฌแ€€แ€บแ€›แ€ฑแ€ธ แ€…แ€ฎแ€™แ€ถแ€แ€ปแ€€แ€บแ€แ€ปแ€™แ€พแ€แ€บแ€›แ€”แ€บ NLD แ€†แ€ฏแ€ถแ€ธแ€–แ€ผแ€แ€บ

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အပါအဝင် အချက် ၁၃ ချက်ကို အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်သည်။ ယမန်နေ့(ဖေဖော်ဝါရီ ၂၈ ရက်)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဒုတိယဗဟိုကော်မတီသည် ကြားကာလ သတ္တမအကြိမ်မြောက် အစည်းအဝေးကို Zoom Online Platform မှတဆင့် ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် မတရားဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို စီမံချက်ဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး စီမံချက်များဆိုသည်မှာ နိုင်ငံရေးနည်းနှင့် ကြိုးပမ်းမှုကိုဆိုလိုခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ဆိုသည်။…

  • แ€แ€ซแ€™แ€ฑแ€”แ€ฎแ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€กแ€ฎแ€›แ€”แ€บแ€”แ€ญแ€ฏแ€„แ€บแ€„แ€ถแ€•แ€ญแ€ฏแ€„แ€บ แ€™แ€ฎแ€’แ€ฎแ€šแ€ฌแ€กแ€แ€Šแ€บแ€•แ€ผแ€ฏ

    အကြီးကျယ်ဆုံးထိုးစစ်ဆင်မည်ဟု ကြေညာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ဟာ ရုံးခန်းမှာ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင် မီဒီယာက တရားဝင် အတည်ပြု ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ခါမေနီရဲ့ သမီး၊ သမက်နဲ့ မြေးဖြစ်သူတို့ပါ အတူသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ခါမေနီ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းတွေဟာ ရန်သူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာဖြစ်တယ်လို့ အီရန်သတင်းဌာနက တုံ့ပြန်ထားပါတယ်။ တီဟီရန်မြို့က သူ့ရဲ့ ရုံးခန်းအဆောက်အအုံ ပျက်စီးသွားတာကိုလည်း ဂြိုဟ်တုပုံရိပ်တွေကတဆင့် အတည်ပြုတွေ့ရှိရပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ် IRGC က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း…