Category: News

  • ကော့သောင်းတွင် ဘုရားပေါ်အရက်သောက်သူကို ဟန့်တားသည့်ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်

    ကော့သောင်းတွင် ဘုရားပေါ်အရက်သောက်သူကို ဟန့်တားသည့်ဆရာတော် ရိုက်နှက်ခံရပြီး ပျံလွန်

    ကော့သောင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာတစ်ရွာတွင် ဘုရားရင်ပြင်ပေါ်အရက်သောက်စားနေသူအား သောက်စားခြင်းမပြုရန်တားမြစ်ပြောဆိုသည့် ကျောင်းထိုင်ဆရာတော်တစ်ပါးရိုက်နှက်ခံရပြီး ပျံလွန်တော်မူကြောင်း စုံစမ်းသိရှိရသည်။

    စူငယ်ဘလိုင်းကျေးရွာအုပ်စု၊ မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိတအား ကျောင်းတွင် ကပ္ပိယနှင့် ကျောင်းသားအချို့မရှိချိန် ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီတွင် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက လာရောက်ရိုက်နှက်ခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

    ဆရာတော်၏ ဦးခေါင်းကို ကြေးစည်တီးသည့်သစ်သားတုတ် (တင်းပုတ်) ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း ပျံလွန်တော်မူသွားသည့် ဆရာတော်နှင့် နီးစပ်သည့် ရဟန်းတစ်ပါးက မိန့်သည်။

    “ဆရာတော်ရဲ့ဦးခေါင်းတစ်ခုလုံးက ရစရာမရှိတော့ဘူး။ တင်းပုတ်နဲ့ ထုရိုက်ထားတာ” ဟု အထက်ပါ ရဟန်းက မိန့်သည်။

    သတ်ဖြတ်သွားသူသည် အဆိုပါကျောင်းတိုက်အတွင်း ထမင်း၊ ဟင်းများ လာရောက်တောင်းယူစားသောက်လေ့ရှိသူဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သည့် သံဃာတော်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

    ယခုသီတင်းပတ်အတွင်း အောင်ခေမာကျောင်းတိုက်၏ ဘုရားရင်ပြင်ပေါ်တွင် ၎င်းမှာ အရက်သေစာသောက်စားနေသည်ကို ဆရာတော်က တွေ့ရှိ၍ တားမြစ်ပြောဆိုခဲ့ရာမှ အငြိုးထားကာ ဆရာတော်အား ရိုက်နှက်ခဲ့ကြောင်း အထက်ပါနီးစပ် သည့် သံဃာတော်အသိုင်းဝိုင်းထံမှ စုံစမ်းသိရှိရသည်။

    လူငယ် အမျိုးသားကို ဒီဇင်ဘာလ ၇ ရက် ညနေပိုင်းတွင်ပင် ကျေးရွာသူ၊ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

    ဆရာတော် ဦးပဏ္ဍိတသည် လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာဇာတိဖြစ်ကြောင်း ဆရာတော်နှင့်နီးစပ်သူများထံမှ သိရသည်။

    ဆရာတော်သည် လွန်ခဲ့သည့် တစ်နှစ်ကျော်ကစ၍ ကော့သောင်းမြို့နယ် မကြုံဂလက်မော်ကင်းကျေးရွာရှိ အောင်ခေမာကျောင်းတိုက်တွင်း စတင်သီတင်းသုံးနေခြင်းဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သူများထံမှသိရသည်။

  • ဗန်းမောက်မြို့ကို စစ်တပ်က သိမ်းပြီးနောက် NUG တပ်က မြို့ကိုပြန်ဝိုင်း ပိတ်ဆို့ပြီးတိုက်ခိုက်နေ

    ဗန်းမောက်မြို့ကို စစ်တပ်က သိမ်းပြီးနောက် NUG တပ်က မြို့ကိုပြန်ဝိုင်း ပိတ်ဆို့ပြီးတိုက်ခိုက်နေ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု စစ်ကောင်စီက ကြေညာထားသည်။

    မြေပြင်စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံပြည်သူများကလည်း ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီဟု အတည်ပြုပြောကြားထားကြသည်။

    ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု ဖြစ်သော မြနန္နာ၊ လွှစင်ကုန်းနှင့် မြို့မရပ်ကွက်တို့ကို စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း မြို့ပတ်ပတ်လည်ကို NUG တပ်များမှ ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု ဗန်းမောက်မြို့နယ်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အခု အခြေအနေအရဆိုရင် မြို့ရဲ့အနီးနား ဘေးပတ်လည်ကို PDF ပကဖ တွေက ဝိုင်ရံပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်ဗျာ။ PDF ပကဖတို့က အချိန်မရွေး ပြန်သိမ်းကောင်း သိမ်းနိုင်ပါလိမ့်မယ်ဗျာ” ဟု ၎င်းက ပြောသည်။

    ဗန်းမောက်မြို့ပေါ်ကို စစ်ကောင်စီဘက်မှ လေယာဉ်နှင့် ဒရုန်းများဖြင့် အလွန်အကျွံအ သုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် NUG တပ်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က မြို့ပေါ်ကနေ ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု အဆိုပါ မြို့နယ်ပအဖ အဖွဲ့ဝင်က ပြောသည်။

    “ပြောဖို့ စောပါအုံးမယ်။ စကမရဲ့ လေကြောင်းပစ်ကူကြောင့် လတ်တလော အထိအခိုက်များမှာစိုးလို့ ဆုတ်ပေးတာ ဖြစ်နိုင်ပါတယ်ဗျာ။ စစ်ပွဲဆိုတာ အတိုးအဆုတ်ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

    ဗန်းမောက်မြို့ကို NUG တပ်များ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ SNA နှင့် စစ်ကောင်စီ ပူးပေါင်းအင်အား ၅၀၀ ကျော်မှာ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၆ လနီးပါးအကြာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    “တိုက်ပွဲကတော့ နေ့တိုင်းလိုလို ရှိနေပါတယ်။ စကစနဲ့ SNA တွေက မြို့ပေါ်ကိုပဲ ထိန်းထားနိုင်တာ။ မြို့ဘေးပတ်ပတ်လည်ကိုတော့ ကျနော်တို့ ပိတ်ဆို့ထားနိုင်ဆဲပါ။ ဒီလိုပဲ အတိုး၊ အဆုတ်ရှိနေတာပေါ့” ဟု ကသာခရိုင်တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ဗန်းမောက်မြို့ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသ ဦးဆောင်မှုဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

    ဗန်းမောက်မြို့ကို NUG က မသိမ်းပိုက်မီအချိန် မြို့၏ နေရာအများစုကို ရှမ်းနီတပ် SNA က နေရာယူထားခြင်းဖြစ်ပြီး ယခု စစ်ကောင်စီက SNA အတွက် ဗန်းမောက်မြို့ကို ပြန်တိုက်ယူပေးနေခြင်းဖြစ်ကြောင်း သိရသည်။

    ပုံစာ – ဗန်းမောက်မြို့ကို ပြန်သိမ်းပြီးနောက် စစ်ကောင်စီ ထုတ်ပြန်လာသော ဓါတ်ပုံများ။ (ဓါတ်ပုံ – MOI)

  • ကျောင်းကပွဲမှာ ဖင်ကုန်းပြီး လိင်ဆက်ဆံသလို ကပြခဲ့လို့ ကျောင်းထုတ်ခံရတော့မယ့် ကောင်မလေး (ရုပ်သံ)

    ကျောင်းကပွဲမှာ ဖင်ကုန်းပြီး လိင်ဆက်ဆံသလို ကပြခဲ့လို့ ကျောင်းထုတ်ခံရတော့မယ့် ကောင်မလေး (ရုပ်သံ)

    ကျောင်းကပွဲမှာ ဖင်ကုန်းပြီး လိင်ဆက်ဆံသလို ကပြခဲ့လို့ ကျောင်းထုတ်ခံရတော့မယ့် ကောင်မလေး (ရုပ်သံ)

  • ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး

    ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး

    စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး

    အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် (ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံးသွားကြောင်း ကာယကံရှင်မိဘများ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် တပ်အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်မှ အမှတ် ၆၇ ဗိုလ်လောင်းသင်တန်းဆင်းခဲ့သော ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လအကြာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ၀ိုင်းမော်မြို့ အနောက်ဘက်တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    “ကျောင်းဆင်းပြီး ဒုဗိုလ်အဖြစ် အပွင့်တင်ပြီးရင် ခွင့် ၁၀ ရက်ပေးပါတယ်။ ပြီးရင် သက်ဆိုင်ရာ တာဝန်ကျရာ နေရာတွေကို သွားရောက်ပြီး တာဝန်ထမ်းဆောင်ရပါတယ်။ အားလုံးကတော့ ရှေ့တန်းစစ်မြေပြင်ကို လွှတ်တာပါ။ DSA ၆၇ အများစုမှာ ရှေ့တန်းစစ်မြေပြင်ကို လွှတ်တာပါ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင် သေဆုံးခဲ့သော တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၀ိုင်းမော်မြို့ ၏ အနောက်ဘက် ရာဘာခြံနှင့် ငှက်ပျောခြံများအတွင်း တပ်စွဲထားသော ကာကင်းစခန်းများဖြစ်ပြီး ယင်းတိုက်ပွဲများတွင် KIA က စစ်တပ်၏ ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်းအပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စစ်တပ်နှင့် KIA တပ်များအကြား ၀ိုင်းမော်မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ခလရ ၅၈ တပ်ရင်း၏ ကာကင်းစခန်း ၂ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်က ၀ိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းကို ကာကွယ်ရန်အတွက် မြစ်ကြီးနားမြို့နယ်၊ဗလမင်းထင်တံတားအနီး၊ မိုင်းနားကျေးရွာ (မခေါယာန်) ရှိ မှန်ပြတောင်ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • မှောင်ခိုပစ္စည်းဖမ်းခြင်းနှင့်ခါးပတ်ကြား

    မှောင်ခိုပစ္စည်းဖမ်းခြင်းနှင့်ခါးပတ်ကြား

    ၁၉၆၄ ခုမှာ ပြည်သူပိုင်သိမ်းပြီး ပစ္စည်းမျိုးစုံကို ဗဟိုအစိုးရကချုပ်ကိုင်ပြီးရောင်းတယ်။

    ပပက ပြည်သူ့ဆိုင် သမဝါယမ နာမည်အမျိုးမျိုးတတ်ပြီး ပြည်သူလူထုကို ခွဲတမ်းနဲ့ ရောင်းပေးတယ်။

    ငပိ ငံပြာရည် ကြက်သွန်ကအစ လူဦးရေအလိုက် ခွဲတမ်းနဲ့ရောင်းပေးတယ်။

    မြောက်မလွယ် ဆိုင်နံပါတ်(၅၈) ဒေါ်သန်းညွန့်ဆိုင်က
    ဖမ်းမိတဲ့သတင်း။

    မိသားစုဝင်တစ်ယောက်သေရင် အကြောင်းကြားရတယ်။

    စာအုပ်ထဲကနေပယ်ဖျက်ပစ်တယ်။

    အကြောင်းမကြားဘဲ ပစ္စည်းခွဲတမ်းဆက်ယူနေရင် အလွဲသုံးစားမှုနဲ့ အရေးယူခံရတာတွေ အစပိုင်းမှာရှိခဲ့ပါတယ်။

    မှီခဲ့သူတွေမှတ်မိကြပါလိမ့်မယ်။

    ၁၉၆၇ ခုလောက်မှာ မှောင်ခိုဆိုတဲ့ဝေါဟာရပေါ်လာတယ်လို့ပြောရမယ်။

    ရှေးတုံးက မှောင်ခိုပစ္စည်းဖမ်းတယ်ဆိုတာ အတော်ကြောက်စရာကောင်းတယ်။

    လဘက်ခြောက် ဆန် ဆီ ဆားကအစ မိသွားရင်ထောင်ကျသွားနိုင်တယ်။

    အပိုအဖြစ် အလုပ်ကြမ်းနှင့်ဆိုတာက ပါသေးတယ်။

    ၁၉၆၇/၇၀ခုနှစ်လောက်မှာ အဖမ်းအဆီးအတော်ကြမ်းတယ်။

    လဘက်စို လဘက်ခြောက်လည်းမှောင်ခိုကုန်

    ဈေးချို(၁၂)ရုံထဲအထိဝင်ဖမ်းတယ်။

    ဖမ်းမိရင်လည်း အစပိုင်းတော့ ဘာမှလုပ်မရဘူး။

    ဈေးချိုမှာ ဈေးရောင်းရတာ ကျီးလန့်စာစားရောင်းကြရတယ်။

    ပြည်တွင်းဖြစ်လုံခြည်ကအစ ဖွက်ပြီးရောင်းကြရတယ်။

    ချည်ထုတ်ဆိုတာက အိန္ဒိယကလာတာ။

    ချည်ထုတ်တွေတွေ့ရင်ဖမ်းတယ်။

    တောင်မြို့က ရက်ကန်း ရက်သူတွေကို အထည်ယက်ဖို့အတွက် အစိုးရက ချည်ထုတ်ကို လိုသလောက်မပေးနိုင်ဘူး။

    ခွဲတမ်းနဲ့သာပေးတာ။ ချည်ထုတ်မရလို့ ရက်ကန်းမရက်နိုင်ကြဖူး။‌

    မှောင်ခိုချည်ထုတ်ဝယ်ပြီး ခတ်ရတဲ့အခါရှိတယ်။

    ဈေးချိုထဲမှာ လာဖမ်းတော့ မှောင်ခိုချည်ထုတ်နဲ့ယက်တာဆိုပြီး လုံချည်တွေအဖမ်းခံရတာ ဖြစ်ခဲ့ဖူးတယ်။

    ဖမ်းမိတဲ့ပစ္စည်းတွေကို ခွဲတမ်းနဲ့ ပပက ပြည်သူ့ဆိုင် သမဆိုင်တွေပို့ပြီးရောင်းတယ်။

    အကြော်ဖိုက ပဲဖြူလေး၅အိတ်မိလို့ အလုပ်ကြမ်းနဲ့ ၃လ တစ်ဦး ၂လတစ်ဦးထောင်ချခံရတယ်ဆိုတာစဉ်းစားသာကြည့်တော့။ အကြော်ဖိုဆိုမှ ပဲရှိမှာပေါ့။
    ဒေါ်ဦးသနပ်ခါးတိုက်က လဘက်ခြောက်(၃)အိတ်မိတာ ထောင်၃လ။
    လူတွေဘယ်လိုလုပ်ကိုင် စားသောက်ကြရတယ်ဆို‌တာ စဉ်းစားသာကြည့်ပါ။

    လူတိုင်းဝယ်မရဘူး။

    မဲဖောက်ရောင်းတာ။

    ၁၉၇၀ခုနောက်ပိုင်းလောက်မှာထင်တယ်။

    ဈေးချိုထဲ ဝင်ဖမ်းတာမျိုးမရှိတော့ဘူး။

    ဈေးချိုကနေ ကားဂိတ်ပို့တာ ဘူတာရုံကနေ ဈေးချိုပို့တာ လုပ်တဲ့အချိန်မှာဖမ်းတယ်။

    ဈေးချိုထဲမှာ ဖမ်းတာကအတော်အရုပ်ဆိုးတယ်။

    ကျုပ်ဦးလေးရဲ့”ရွှေမြင်းမှန်ဆိုင်”ကြီးပြည်သူပိုင် အသိမ်းခံရတော့ လိုင်စင်ရလို့ နိုင်ငံခြားက ပစ္စည်းတွေရောက်ခါစပေါ့။

    ၁၉၆၈/၁၉၆၉ခုလောက်ထင်တယ်။

    အသိမ်းခံရတဲ့ဆိုင်ခန်း(၂)ခန်းတွဲကနေ (၁)ခန်းပြန်ရတယ်။

    နံပါတ်(၂၂)ပြန်ရပြီး(၂၃)ကတော့ ရဲစခန်းလုပ်ထားတယ်။

    ဆိုင်နဲ့ကပ်ရက်ဆိုတော့ ဖမ်းဆီးတာတွေ နေ့စဉ်မြင်တွေ့နေရတယ်။

    ဖဆပလခေတ်က အထည်ဆိုင်။
    Photo:Credit.

    နောက်ပိုင်း ရဲစခန်းမလုပ်တော့ဘဲ အောင်တော်မူနာရီဆိုင် ဖြစ်လာတယ်။

    သူတို့လည်း၂၆လမ်း တိုက်တန်းက ဆိုင်ကို ပြည်သူပိုင်အသိမ်းခံထားရတာ။

    ၁၉၇၅ခုလောက်မှာ ကျုပ်အကိုနဲ့ စက်ဘီးပစ္စည်းရောင်းကြတယ်။

    မှောင်ခိုလုပ်ငန်းကြီးထွားချိန်လို့ပြောရမယ်။

    ခေတ်ကာလ ဘာကြီးဖြစ်နေဖြစ်နေ လူတိုင်းအဆင်ပြေကြတယ်။

    ရဲဖမ်းတာက ပစ္စည်းအသယ်အပို့ လုပ်ချိန်မှာဖမ်းကြတယ်။

    Custom က မြို့အဝင်နဲ့မြို့ပြင်မှာဖမ်းကြတယ်။

    ခါးပတ်ကြားဆိုတာက ရဲ Land Roverကား။

    ဖဆပလခေတ်က အထည်ဆိုင်။
    Photo:Credit.

    အပြာရောင်မှာ အဖြူရောင်ပတ်ထားလို့ ခါးပတ်ကြားလို့ခေါ်ကြတာပါ။

    ခါးပတ်ကြားက မြို့ထဲမှာပတ်နေတာ။

    ဆိုက်ကားသမား မြင်းလှည်းသမား ကုန်ပို့တွန်းလှည်းတွေက ခါးပတ်ကြား
    ကား ရပ်နေတဲ့နေရာကို အချင်းချင်းသတိပေးလေ့ရှိတယ်။

    တစ်ခါတစ်လေ ကိုယ်ပစ္စည်းပို့ရမဲ့ကားဂိတ်မှာ ခါးပတ်ကြားကား ရပ်နေတာတွေ့ရင် ပစ္စည်းမပို့ရဲဘူး။

    သူတို့သွားမှပို့ရတယ်။

    သူတို့ကလည်း ဆက်ကြေးလာယူတာ။

    နောက်မှ လိုင်းကြေးဆိုတဲ့ဝေါဟာရ ပေါ်လာတာပါ။

    တစ်ခါတစ်လေမှာ ကားဂိတ်ပစ္စည်းပို့ချိန် တွန်းလှည်းက ၈၃ လမ်းကနေ ဒုံးစိုင်းဆွဲပြီး အလယ်ပေါက်ကို”ဘေးကို ဘေးကို”ဆိုပြီးဝင်ပြေးကြတယ်။

    ရှေးတုံးက ဈေးချိုမှာ ပစ္စည်းထုတ်တွေကို တွန်းလှည်းနဲ့ သယ်ကြတယ်။
    တွန်းလှည်းဆွဲတဲ့ ကိုလှမောင် ကိုသတိရမိတယ်။
    သူတို့က သားအဖတွေဆွဲကြတာ။ မကျည်းသီးကုလားလို့ပြောရမယ်။
    Photo Credit

    အဲဒါမျိုးကြ လိုက်မဖမ်းတော့ဘူး။

    တစ်ခါတစ်ရံ ပျော်စရာလည်းအလွန်ကောင်းတယ်။

    ခါးပတ်ကြားကားက ဘူတာရုံနားမှာအမြဲရှိတတ်တယ်။

    ရထားဆိုက်ချိန်မှာ ဂရုစိုက်ကြရတယ်။

    Custom ဖမ်းပုံကတစ်မျိုး။

    မြို့ပြင်ကနေ ကုန်ကားအဝင်ကိုစောင့်ပြီးဖမ်းတတ်တယ်။

    တစ်ခါတစ်လေ ကူမဲ မြစ်သားအထိသွားစောင့်တယ်။

    လမ်းမှာ Customကားဘယ်နားမှာ ရပ်နေတယ်လို့ မန္တလေးကနေသွားတဲ့ကားက ရန်ကုန်က လာတဲ့ကုန်ကားတွေကိုသတိပေးကြတယ်။

    ဈေးချိုမြောက်မလွယ်က ဖမ်းမိတဲ့အထည်တွေကို ဂိုက်တိုင်းပြီးစစ်နေပုံ။

    တောထဲမှာသွား ပုန်းကြရတယ်။

    စီမံချက်ရှိချိန်ဆိုရင် တောထဲမှာ ၂ရက်၃ရက်နေကြရတယ်။

    Custom အဖမ်းခံရပြီဆိုရင် ကားဂိတ်က အကြောင်းကြားတယ်။

    ပစ္စည်းပေါ်မူတည်ပြီး ခွဲတမ်းပေးရမယ်ပေါ့။

    အရှုံးထဲက အမြတ်သဘောထားပေးကြရတယ်။

    ကားဂိတ်ကလည်း မဟုတ်တာမလုပ်ကြဘူး။

    တစ်ခါတော့ စီမံချက်ဆိုပြီး ကျုပ်ရဲ့ဆင်ကြယ်ကျွတ်(၁၀၀)အဖမ်းခံရတယ်။

    ပိုင်ရှင်ကိုယ်တိုင် Custom ရုံးသွားရမယ်လို့ ကားဂိတ်ကပြောတာနဲ့ ရုံးသွားလိုက်တာပေါ့။

    ကျုပ်ရောက်တော့မှ အထုတ်ကို ဂိုဒေါင်ကနေထုတ်လာတယ်။

    ညှိလို့ကမရဘူး။

    ရှားမလားရဲ့ကားဂိတ်ကတင်တာ။

    ဖမ်းချင်လည်းဖမ်းတော့ဆိုပြီးကြည့်နေလိုက်တယ်။

    Custom တွေ့က ကြော့မော့လို့။

    အဖြူရောင် ဝမ်းစက်တွေနဲ့။

    ရုံးအလုပ်သမားလို့ပြောတာဘဲ။

    ပုံစံက ဂျလေဘီ ပုံစံ။

    ရှေးတုံးက တွန်းလှည်း။
    Photo:Credit.

    ကျုပ်ရဲ့ပစ္စည်းထုတ်ကိုဖောက်ပြီး ကျွတ်အလုံးရေကိုရေတွက်တယ်။

    (၉၈)လုံးလို့ပြောတယ်။

    ကျုပ်က မဟုတ်ဖူး အလုံးရေ(၁၀၀)ပါပြောလို့ ပြန်စစ်တယ်။

    (၉၈)လုံးဘဲပြောတယ်။

    ကျုပ်က ရန်ကုန်ကလူနဲ့စာရင်းရှင်းရမှာ။

    (၁၀၀)လုံးပြောတယ်ဆိုတော့ Custom ကစိတ်မရှည်တော့ဘူး။

    သူကိုယ်တိုင်ရေတွက်တယ်။

    အလုံး(၁၀၀)မှန်တယ်ဖြစ်ရော။

    အလုပ်သမားဆိုတဲ့ကောင်တွေက(၂)လုံးဘုံးမလို့နေမှာပေါ့။

    ကျုပ်ရှေ့တော့ ဟန်လုပ်ပြီး ဟောက်နေတာတွေ့ရတယ်။

    ကျုပ်လည်းခေတ်အမျိုးမျိုးတွေ ကြုံတွေ့ခဲဘူးပါပြီ။

    နောင်လာနောက်သားတွေ သိအောင်ပြောပြတာပါ။

    ခါးပတ်ကြားလည်း “၈၈”အရေးအခင်းကြီးဖြစ်ပြီးမှထင်တယ်။ မရှိတော့ဘူး။

    ✍🏻Soe Myint Thein

    ကျုပ်အဖေ ဆိုင်က လသာ၊ ရန်ကုန်မှာ။ ပြည်သူပိုင်သိမ်း တယ်ဆိုပြီး စစ်ကားတစီး ဆိုင်ရှေ့လာရပ်တယ်။

    စခ တွေ ဆင်းလာကြပြီးလဆိုင်ထဲ ရှိတဲ့သူတွေ ကိုပြောင်းတွေနဲ့ ချိန်တယ်။

    စျေးဝယ်သူတွေ နဲ့ ဆိုင်အမှူ့ထမ်းတွေ အားလုံးကို ထွက်ခိုင်းတယ်။ ဆိုင်ရှင်အဖေကို ဗက ဆိုတဲ့ကောင်က စာရင်းတွေ အပ်ခိုင်းတယ်။

    လသာ တရုတ်တန်းမှာ တိုက်ပေါ်က ခုန်ခြ တဲ့သူတွေ ရှိတယ်။

    နောက်တခါ ကျပ်၅၀ တန် နဲ့ ၁၀၀ တန်တွေ တရားမဝင်ကြေညာတယ်။

    တိုက်ပေါ်က ခုန်ချတာတွေ ထပ်ကြားရတယ်။

    နေဝင်းလက်ထက်မှာ ပိုက်ဆံတွေကို တရားမဝင်ကြေညာတာ သုံးခါလောက်ရှိတယ်။

    နေဝင်းခေတ်က အထည်ကြီးပျက် နိုင်ငံဆိုတော့ လုပ်စားကိုင်စားလို့ ရခဲ့သေးတယ်။

    အာရှမှာ အချမ်းသာဆုံး ဖြစ်နေတဲ့ အချိန် နိုင်ငံတော်ရဲ့ ပိုက်ဆံတွေ၊ ဘဏ်တွေအားလုံးရဲ့ ပိုက်ဆံတွေ၊ ပြည်သူအားလုံး လုပ်ငန်းအား လုံးရဲ့ ပိုက်ဆံတွေ၊ ကမ္ဘာ့ဘဏ်မှာ အပ်ထားတဲ့ တန်နဲ့ချီတဲ့ရွှေတွေ၊ ပြည်သူတွေ အပ်ထားတဲ့ ဘဏ်ကအာမခံ သေတ္တာတွေ ထဲက ပစ္စည်းတွေ အကုန်လုံးကို နေဝင်းပိုင် လုပ်လိုက်တော့ သစ်ခုတ်စရာလဲ မလိုဘူး၊ မြေကြီးတူးစရာလဲမလိုဘူး။

    နေဝင်းနိုင်ငံခြားသွားလည်ရင် နောက်ပိုင်းစိတ်အေးရအောင် လေယာဥ်စင်းလုံး ငှားပြီး အဖွဲ့ဝင် အကုန်ကို သူတို့မိသားစုပါခေါ်ပြီးသွားလည်တာ။

    ဘောမ၊ ဘောငုံတွေ သိကြ။

    သယံဇာတ အမျိုးစုံပြီးပေါများတဲ့ နိုင်ငံ၊ တနိုင်ငံလုံး အလုပ်မလုပ်ဘဲ ထိုင်စားလို့ ရတဲ့နိုင်ငံ။

    အေးအဲ့ဒါ မင်းနေတဲ့ နိုင်ငံ၊ မင်းနဲ့ ဆိုင်တဲ့ နိုင်ငံဆိုတာ မမေ့နဲ့။

    Edit

    ကျုပ်ကျောင်းသား ဘဝ က ကချင်ပြည်မှာ ကျောက်စိမ်းတုံးတတုံး တွေ့တယ်လို့ သတင်းစာမှာ ဓါတ်ပုံနဲ့ ပါလာတယ်။ ဘယ်လောက်ကြီးသလဲဆို အဲဒီတုံးက သယ်နိုင်တဲ့ကား မရှိဘူး။

    ကြေးမုံ သတင်းစာက အဲဒီကျောက်စိမ်းတုံးကြီးက မြန်မာ တပြည်လုံး နှစ်နဲ့ချီပြီး ထ္မင်းကြွေးလို့ ရတယ်လို့ ဖတ်ခဲ့ဘူးတယ်။

    နှစ်စဥ် နေဝင်းက ကျောက်မြက်ရတနာ ရောင်းပွဲ တိုင်းမှာ သူအရင်ကြည့်ပြီး လိုချင်တာယူပြီးမှ ရောင်းရတယ်။

    မြိတ်ပုလဲကျွန်းကိုလဲ ပုလဲဖော်တဲ့ အချိန် သူလိုချင်တာယူပြီးမှ ရတနာပြပွဲမှာပေးရောင်းတယ်။

    ✍🏻ဂမ္ဘီရ မာလ