Category: News

  • စစ်ခေါင်းဆောင်အား ဘွဲ့ပေးခြင်းမှာ ဘွဲ့ရူးဂုဏ်ရူးတတ်သည့် ငရဲခွေးကြီးကို ဝတ်ရုံခြုံပေးခြင်းသာဖြစ် ဟု ရန်ကုန်တက္ကသိုလ် အင်အားစုများဆို

    စစ်ခေါင်းဆောင်အား ဘွဲ့ပေးခြင်းမှာ ဘွဲ့ရူးဂုဏ်ရူးတတ်သည့် ငရဲခွေးကြီးကို ဝတ်ရုံခြုံပေးခြင်းသာဖြစ် ဟု ရန်ကုန်တက္ကသိုလ် အင်အားစုများဆို

    စစ်ခေါင်းဆောင်အား ဘွဲ့ပေးခြင်းမှာ ဘွဲ့ရူးဂုဏ်ရူးတတ်သည့် ငရဲခွေးကြီးကို ဝတ်ရုံခြုံပေးခြင်းသာဖြစ် ဟု ရန်ကုန်တက္ကသိုလ် အင်အားစုများဆို

    အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခြင်းသည် စက္ကူသာသာ ဘွဲ့ကတ်ပြား ရောင်းစားမှုဖြစ်ပြီး ဘွဲ့ရူးဂုဏ်ရူးတတ်သည့် ငရဲခွေးကြီးတစ်ကောင်အား ဘွဲ့ဝတ်ရုံ ခြုံပေးခြင်းသာ ဖြစ်ကြောင်း ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့် CDM ကထိက တို့က ဝေဖန်ပြောကြားသည်။

    စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်က စစ်ခေါင်းဆောင်သည် ၎င်း၏ လက်ထက်အတွင်း နိုင်ငံရေး၊ စီးပွားရေး စသည့် စိန်ခေါ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်သည်ဟုဆိုကာ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို အပ်နှင်းခဲ့သည်။

    ရန်ကုန်တက္ကသိုလ်သည် သမိုင်းအဆက်ဆက် စစ်အုပ်စု၏ လက်ချက်ဖြင့် ကျောင်းသားအများအပြား ကျဆုံးခဲ့ရသည့်နေရာဖြစ်ပြီး အင်းယားကန်ဘောင်၊ အဓိပတိလမ်းမနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးတို့၌ ကျောင်းသားသွေးများပင် မခြောက်သေးကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တာဝန်ရှိသူက ဆိုသည်။

    “ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးမကလို့ ဘာဘွဲ့ပဲပေးပေး စက္ကူကတ်ပြား တစ်ခုထက်တော့ ပိုမှာမဟုတ်ဘူး။ ဘွဲ့ရူးဂုဏ်ရူးတတ်တဲ့ ငရဲခွေးကြီးတကောင်ကို ဘွဲ့ဝတ်ရုံခြုံပေးပြီး မျက်နှာလုပ်တဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မကလျာနွယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    လက်ရှိကြုံတွေ့ ရင်ဆိုင်နေရသည့် အကျပ်အတည်းများမှာ အာဏာသိမ်း စစ်ကော်မရှင် ကြောင့်သာဖြစ်ပြီး လူထုကို ဗုံးကြဲ၊ ဖမ်းဆီးသတ်ဖြတ်ရန်မှလွဲ၍ မည်သည့်ထူးခြား စွမ်းဆောင်ချက်မျှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    ထို့အတူ ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ဆရာ၊ ဆရာမများအသင်းနှင့် ဗကသများ အဖွဲ့ချုပ်တို့ကလည်း ယခုကဲ့သို့ စစ်ခေါင်းဆောင်ကို “ဂုဏ်ထူးဆောင်ပါရဂူဘွဲ့” ပေးအပ်မှု အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ပူးတွဲသဘောထား ထုတ်ပြန်ထားသည်။

    အဆိုပါ ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင် စစ်ရာဇဝတ်တရားခံ စစ်ခေါင်းဆောင်၏ ကိုယ်တွင် ကျောင်းသူကျောင်းသားတို့၏ သွေးများစွန်းပေလျက်ရှိပြီး ညစ်ထေးသောကိုယ်ဖြင့် ဆင်မြန်းသော ဘွဲ့ဝတ်ရုံနှင့် သွေးစွန်းသောလက်ဖြင့် ကိုင်တွယ်သော ဘွဲ့လက်မှတ်သည် ဂုဏ်သိက္ခာကင်းမဲ့ကြောင်း၊ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း သွေးညှီနံ့များ လှိုင်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

    “အစဉ်အလာကြီးမားတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲ့နှင်းမှာ တိုင်းပြည်ကို ရစရာမရှိအောင်ဖျက်နေတဲ့သူကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးတာကတော့ ဖားလွန်းအားကြီးတယ်။ သူ့ကို ဒီလိုဘွဲ့ ပေးပါလို့များ တောင်းဆို သလားမသိ။ မလုပ်ရဲတာ ဘာမှမရှိဘူး မဟုတ်လား” ဟု ရန်ကုန်မြို့မှ CDM ကထိက ဆရာမတစ်ဦးက ပြောသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးနှင့် အရှေ့တောင်အာရှ၌ အဆင့်မြင့်ဆုံးဟု ကျော်ကြားခဲ့သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် သည် ပညာရပ်ဆိုင်ရာသာမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၏ သန္ဓေတည်ရာ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရာ နေရာလည်းဖြစ်သည်။

    ရန်ကုန်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ဘွဲ့များကို ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရဟန်းတော်များနှင့် နိုင်ငံတကာခေါင်းဆောင်များအပါအဝင် ၇၂ ဦးကိုသာ ချီးမြှင့်ထားပြီး စာပေပါရဂူဘွဲ့ကို ရဟန်းသံဃာများဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ချီးမြှင့်ခဲ့ပြီး ဥပဒေပါရဂူဘွဲ့ကိုမူ ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့ ရရှိထားသည်။

    ယခုအခါ စစ်ကော်မရှင်ခန့် ပညာရေးဝန်ကြီး ဒေါ်ချောချောစိန်နှင့် ပါမောက္ခချုပ် ဦးတင်မောင်ထွန်းတို့က စစ်ခေါင်းဆောင်အား ၎င်းတို့၏ တံစိုးလက်ဆောင်အဖြစ် ဘွဲ့ကတ်ပြားကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

    “လက်ရှိ စာသင်ကျောင်းပေါ်တည့်တည့် ဗုံးကြဲချတတ်တဲ့ စစ်ခေါင်းဆောင်ကို ရန်ကုန်တက္ကသိုလ်မှာ ပါရဂူဘွဲ့ပေးတာက ကျောင်းသားထုကို စော်ကားတာပဲ။ CDM လုပ်လို့၊ ဆန္ဒပြလို့ အဖမ်းခံရ၊ အသတ်ခံရတဲ့ ကျောင်း သားတွေ၊ ဆရာတွေ၊ ပညာရေးဝန်ထမ်းတွေဆိုတာလည်း အခုချိန်ထိ မရေမတွက်နိုင်အောင် ရှိနေဆဲပဲ” ဟု ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ မကလျာနွယ်က ဆိုသည်။

    ဓာတ်ပုံ-MOI

  • အသဲကွဲပီး ပင်လယ်ထဲ ခုန်ချ စီရင်ခဲ့တဲ့ မိန်းကလေးဟာ၊ ရေကူးတတ်လို့ သူ့ဆုတောင်း မပြည့်ခဲ့

    အသဲကွဲပီး ပင်လယ်ထဲ ခုန်ချ စီရင်ခဲ့တဲ့ မိန်းကလေးဟာ၊ ရေကူးတတ်လို့ သူ့ဆုတောင်း မပြည့်ခဲ့

    ချွန်ပူလီမှာ 6ရက်နေ့ မနက် 5:30လောက်က အသက်
    20-25နှစ်ကြား မိန်းကလေးဟာ ၊

    ရည်းစားထားသွားလို့ အသဲကွဲခဲ့တယ်။ အဲတော့ လူ့ဘဝကြီးမှာ မနေချင်တော့ဘူးဆိုပီး၊

    နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ တညလုံး မူးအောင်
    အဝသောက်လိုက်တယ်။

    သောက်နေရင်း မိန်းကလေးက ဘာပြောလဲဆိုတော့၊
    ဒီနေ့ဟာ ငါလူပြည့်မှာ နောက်ဆုံးနေရမဲ့နေ့၊

    ငါ-ေ-သ-သွားရင် ဘယ်ဘဝကို ရောက်လို့ ရောက်မှန်းမသိဘူး။

    ဒါကြောင့် နောက်ဘဝကျရင် မသောက်ရမှာစိုးလို့ အ-ရ-က်ကို တညလုံး ထိုင်သောက်ခဲ့တယ်။

    ပီးတော့ မိန်းကလေးက သူ့ကို ထားသွားတဲ့ ချစ်သူကြောင့် အသဲပြတ်ပီး ၊ပင်လယ်ထဲကို ခုန်ချခဲ့တယ်ရှင့်။

    ဒါပေမဲ့ မိန်းကလေး ဆုတောင်း မပြည့်ခဲ့ဘူး။

    ေ-သချင်ပါတယ်ဆိုမှ ၊ရေကူးတတ်တော့ မ-ေ-သပဲ ပင်လယ်ထဲမှာ မျောနေတယ်ရှင့်။

    နောက်ရဲတွေ ရောက်လာကြပီး၊ မိန်းကလေးကို ချော့မော့ပီး ၊ကမ်းပေါ်တက်ခိုင်းခဲ့တယ်။

    ရဲတွေက မိန်းကလေးကို ပုလိပ်ရုံးခေါ်သွားပီး၊
    အားပေးခဲ့တယ်။

    ပီးနောက် အမျိုးတွေကို ဆက်သွယ်ခဲ့ပီး မိန်းကလေးကို လာခေါ်ဖို့နဲ့၊

    ရေကူးတတ်လို့ မ-ေ-သတဲ့ မိန်းကလေးက၊ နောက်တမျိုး ကြံစည်မှာစိုးလို့၊

    အမျိုးတွေမလာခင် စောင့်ရှောက်ပေးထားခဲ့ကြတယ်။

    အိမ်နီးချင်းတွေ ပြောပြချက်အရ မိန်းကလေးဟာ အချစ်ပြသာနာရှိပီး၊

    စိတ်ညစ်ခဲ့ပီး၊ နောက်ဘဝမှာ မသောက်ရမှာစိုးလို့၊မူးအောင်သောက်ပီး၊ ရေထဲခုန်ချကာမှ၊

    ရေကူးတတ်တော့ သူမ ဆုတောင်းမပြည့်ခဲ့ဘူးလို့ ပြောပြကြတယ်။

  • ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌအပါအဝင် သုံးဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းပိတ်

    ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌအပါအဝင် သုံးဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းပိတ်

    ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌနဲ့ အသင်းရဲ့ရာထူးအကြီးဆုံး ​ရွှေလုပ်ငန်းရှင်ကြီး နှစ်ဦးကို စစ်​ကောင်စီက ဖမ်းဆီးပြီးနောက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။

    စစ်ကောင်စီက ရွှေဆိုင်တွေကို ဆက်တိုက်စစ်ဆေးနေတာကြောင့် အရောင်းအဝယ်တွေ ရပ်ထားတာလို့ ဆိုပါတယ်။

    “အရောင်းအဝယ်ကတော့ ရပ်ထားတယ်။ တစ်ရက်ကိုတစ်ဆိုင်လိုက်စစ်တာ သူတို့က။ ရွှေဈေးသိန်း ၁၀၀ ကျော်ကတည်းက စစ်နေတာ။ တခြားဆိုင်တွေလည်း ခေါ်စစ်ခံရတာတွေရှိတယ်”လို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    ရွှေဆိုင်တွေ အရောင်းအဝယ်ရပ်ထားပေမယ့် ပြင်ပ ရွှေစျေးကွက်မှာ ရောင်းဝယ်မှုတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။

    “တစ်ကျပ်သားသိန်းတစ်ရာကျော်ဆဲပဲ အခုညနေပိုင်းအထိ။တစ်ခုရှိတာ အခုကာလက လိုတဲ့သူတွေပဲရောင်းပါ။ရွှေစျေးက မငြိမ်တာရော လုံခြုံရေးအရပါ ဂရုစိုက်ဖို့လိုတယ်”လို့ ရွှေစျေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

    ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင်ရွှေတုံးရွှေခဲတွေကို ဝယ်ယူဖြန့်ဖြူးရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ရွှေ​ဈေး ၁ ကျပ်သားကျပ်သိန်း ၁၀၀ကျော်အထိ စံချိန်တင်တက်ပြီး ​​နောက်မှာ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ကို အခုရက်ပိုင်းထဲစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

    သူတို့ဟာ ရွှေဈေးကွက်မတည်မငြိမ်ဖြစ်​အောင် ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ ရွှေတုံးရွှေခဲ​တွေကိုဝယ်ယူ၊သိုလှောင်ပြီး အရောင်းအဝယ်​တွေပြုလုပ်ခဲ့တယ်လို့ မနေ့က စစ်ကောင်စီ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဦးမျိုးမြင့်ဟာ ၂၀၂၆ ဇန်နဝါရီအတွင်း ၇၀ ကျပ်သားရှိတဲ့အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ပြီး အမြတ်တင်ပြန်ရောင်းဖို့ သိုလှောင်ထားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

    အလားတူ ဦးမျိုးသူဝင်းက သူရဲ့ရွှေဆိုင်​တွေက ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီမှာ အခေါက်ရွှေ ကိုးပိဿာခွဲကို အမြတ်ယူဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့တယ်လို့စွပ်စွဲထားပါတယ်။

    ဦးနေမျိုးထက်ရဲ့​ရွှေစင်အကယ်ဒမီရွှေဆိုင်​တွေက၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ပြီး ၂၆၈ကျပ်သားကို အမြတ်ရယူပြန် ရောင်းချခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

    “ရွှေဆိုင်လုပ်ငန်းရှင်တွေမှာ ရွှေဆိုတာ အနည်းဆုံးပိဿာ ဆယ်နဲ့ချီရှိကြတာပဲ။အခုလို ဖမ်းတာက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေဆိုတော့ ရွှေစျေးကို ဟန့်လိုက်တာပါတယ်။ နောက်တစ်ခုက ရွှေစျေး သိန်း ၁၀၀ ကျော်တာကို YGEA က မထိန်းနိုင်လို့ ဖမ်းတာလို့ မြင်တယ်။ ပြီးတော့ YGEA ထဲမှာ နဂိုကတည်း ကစစ်တပ်ထောက်လှမ်းရေးက ရှိပြီးသား။ ရှင်းရှင်း ပြောရရင် စစ်တပ်က အကျိုးစီးပွားနဲ့ ဒါမှမဟုတ် သူမကြိုက်တော့ရင် ဖမ်းတယ်ဆိုတာပါပဲ”လို့ ရန်ကုန်အခြေစိုက် ရွှေအရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောထားပါတယ်။

    ရွှေဆိုင်လုပ်ငန်းရှင်အများစု အလားတူလုပ်တာမှာ ရွှေအသင်းက ရာထူးအကြီးဆုံး ပုဂ္ဂိုလ်သုံးဦးတည်းကိုဘာ​ကြောင့်​ရွေးပြီးအ​ရေးယူတာလဲ ဆိုတာဟာ ​နောက်ကွယ်မှာ အခြားအ​ကြောင်းရင်း​တွေရှိနိုင်တယ်လို့ ​ရွှေ​ဈေးကွက်​စောင့်ကြည်သူအချို့က​ ပြောပါတယ် ။

    အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့မိသားစုနဲ့ နီးစပ်ပြီး၊စစ်​ခေါင်း​ဆောင်မိသားစုဝင်​တွေကိုယ်တိုင်ရင်းနှီးမြှပ်နှံထားတဲ့ ​နှစ်ပိုင်းအတွင်းဆိုင်ခွဲ​တွေအများအပြဖွင့်ထားတဲ့ ​ရွှေဆိုင်​တချို့ရှိ​နေပြီး သူတို့က အခုဖြစ်စဥ်​ကြောင့် ​ရွှေအသင်းမှာ ရာထူးကြီးကြီး​တွေယူလိုက်ရင် မထူးဆန်းဘူးလို့​ ရွှေ​ဈေးကွက်​စောင့်ကြည့်သူအချို့က​ ပြောပါတယ်။

    ရန်ကုန်​ရွှေအသင်း(YGEA)က ပါဝင်သူ​တွေဟာစစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်စိတ်ကြိုက်လုပ်​ပေးခဲ့ကြသူ​တွေဖြစ်ပါတယ်။

    အသင်းဥက္ကဌ ဦးမျိုးမြင့်နဲ့ အသင်းဝင်လုပ်ငန်းရှင်​တွေဟာ နိုင်ငံမှာ စစ်တပ်ကဗုံးကြဲလို့ ၊စစ်တပ်ကကျူးလွန်လို့ လူအစုလိုက်အပြုံလိုက်​သေဆုံးတဲ့​နေ​တွေမှာ​တောင် ​ဂေါက်ရိုက်သီးမပျက်သလို ၊​ဂေါက် သီးရိုက်ပြီးရင်လည်း သူတို့ဓါတ်ပုံ​တွေကို အသင်း​ဖေ့စ်ဘွတ်ခ်မှာ အမြဲတင်ခဲ့တာကို ​တွေ့ရပါတယ်။

    အာဏာသိမ်းစစ်အုပ်စု​စေခိုင်းသမျှလုပ်ခဲ့​ပေမယ့်သူတို့ ၃ ဦးကို စစ်​ကောင်စီက ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာပါတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်တာကြောင့် တည်ဆဲဥပဒေ​တွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ဒါ​ပေမယ့် ဘယ်လိုအ​ရေးယူ​ဆောင်ရွက်မယ်ဆိုတာကို အ​သေးစိတ်မ​ဖော်ပြပါဘူး။

    ဒါ့အပြင် ရွှေလုပ်ငန်းရှင်များအနေနဲ့ ရွှေဈေးကွက် တည်ငြိမ်​အောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက် သွားကြဖို့ ၊ အမိန့်ညွှန်ကြားချက်​တွေကိုလိုက်ကြရန်နဲ့ မလိုက်နာတဲ့ရွှေလုပ်ငန်းရှင်​တွေကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်းခြိမ်း​ခြောက်ထားပါတယ်။

    ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်း​ရွှေ​ဈေးစံချိန်တင်တက်ခဲ့တာဟာ ကမ္ဘာ့​ရွှေ​ဈေးကိုယ်တိုင်တက်တာ ၊​အ​မေရိကန်ဒေါ်လာအ​ပေါ်ယုံကြည်မှု​လျော့ကျပြီး နိုင်ငံကြီး​တွေကိုယ်တိုင်​ရွှေဝယ်စုတာ၊ ကျပ်​ငွေတန်ဖိုးကျတာ စတာ​တွေ​ကြောင့်ဖြစ်တယ်လို့​​ဈေူကွက်ကျွမ်းကျင်သူ​တွေက​ပြောပါတယ်။စစ်တပ်က ရွှေနဲ့ ဒေါ်လာ​ဈေးတက်လာရင်လုပ်ငန်းရှင်​တွေကို အပြစ်ပုံချပြီး ဖမ်းဆီးတဲ့နည်းနဲ့ ​ဈေးကျ​အောင်လုပ်တဲ့နည်းလမ်းကိုပဲ အစဥ်အဆက်ကျင့်သုံး​နေတာဖြစ်ပါတယ် ။

    ဒါအပြင် ​ဒေါ်လာ ၊​ရွှေ ၊စားအုန်းဆီစတဲ့လုပ်ငန်းရှင်​တွေကို ဖမ်းဆီးပြီးရင် စစ်အုပ်စုက ပြစ်မှုအတိုးအ​လျှော့ ၊​ထောင်တွင်းအ​နေ​ချောင်ဖို့အ​ကြောင်းပြချက်​တွေနဲ့ လာဘ်​ငွေသိန်း​ပေါင်း​သောင်းချီရယူ ​လေ့ရှိတယ်လို့လုပ်ငန်းရှင်​တွေက​ပြောပါတယ်။

  • ထိုင်းအက်ရှင်မင်းသား တိုနီဂျာ ကင်ဆာရောဂါဝေဒနာ ခံစားနေရ

    ထိုင်းအက်ရှင်မင်းသား တိုနီဂျာ ကင်ဆာရောဂါဝေဒနာ ခံစားနေရ

    ထိုင်းနိုင်ငံက အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ စက်ကိရိယာအကူမပါဘဲ သဘာဝကျကျ ထိုးကြိတ်ခုန်ပျံကျော်လွှား သရုပ်ဆောင်သူ ထိပ်တန်းမင်းသား ကျာဖနုန် ခေါ် တိုနီဂျာ (မြန်မာတွေအကြားမှာ ဝမ်းဘတ်လို့လူသိများသူ) ဟာ ကင်ဆာရောဂါဝေဒနာ ခံစားနေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    ဒီမတိုင်ခင်က သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ တင်ထားခဲ့ပြီး အဲဒီပုံတွေဟာ အရင်လို ထွားကျိုင်းသန်မာနေတာမဟုတ်ဘဲ ပိန်သွယ်ပြီး အသားအရေလည်း ဖျော့တော့နေတာကြောင့် သူ့ရဲ့ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

    Thai Entertainment အနုပညာသတင်းဌာနက သူ့ကို အင်တာဗျူးရာမှာတော့ သူဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မကြာခဏ ဗိုက်အရမ်းနာပြီး အသားအရေရော မျက်လုံးပါ အဝါရောင်သန်းလာတယ်၊ ဒါကြောင့် ဆေးရုံတက်ပြီး ဆေးစစ်ကြည့်တာမှာ သူ့ရဲ့သည်းခြေအိတ်မှာ ကင်ဆာဆဲလ်ကို တွေ့ရှိပြီး အဆင့် ၃ မှ အဆင့် ၄ ကို ကူးပြောင်းနေပြီလို့ ဆိုပါတယ်။

    သူဟာ ခွဲစိတ်ကုသမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ကီမိုးဆေး ပုံမှန်ထိုးနေတယ်၊ နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာနဲ့ ကုသိုလ်ရေး အလှူအတန်းတွေလုပ်ပြီး ကိုယ်ရောစိတ်ပါ ကျန်းမာအောင် နေထိုင်လျက်ရှိတယ်၊ ပရိသတ်တွေ စိုးရိမ်စွာနဲ့ သတင်းမေးတာတွေ၊ ဆုတောင်းပေးတာတွေအတွက်လည်း ကျေးဇူးတင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    လက်ရှိ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ တိုနီဂျာမှာ လက်ဝှေ့သမားတယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က “အုန်းဘတ်” အမည်ရှိ အချစ်ဇာတ်ကြမ်းကားနဲ့ ရုပ်ရှင်လောကထဲ စတင် ဝင်ရောက်လာတယ်၊ အဲဒီကားမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်လို့ လူကြိုက်များပြီး ဒီနောက်ပိုင်းမှာလည်း ဇာတ်ကြမ်းသရုပ်ဆောင် ရုပ်ရှင်ကားတွေ ဆက်တိုက်ရိုက်ကူးခဲ့ရပြီး ဟောလိဝုဒ်ရုပ်ရှင်လောက အထိ နာမည်ကျော်ကြားခဲ့ပါတယ်။

    Source: khaosod / MGROnline / CH3 News

  • ဖြူးမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပစ္စတိုဖြင့် တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်

    ဖြူးမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပစ္စတိုဖြင့် တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်

    ဖြူးမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပစ္စတိုဖြင့် တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်လို့ စစ်တပ်တပ်ကြပ်ကြီးတစ်ဦးသေဆုံး၊ သေနတ် ၂ လက်ရရှိ

    ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ပစ္စတိုတစ်လက်တည်းနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်ကတပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိခဲ့တယ်လို့ ဧရာဝတီ အမှတ်(၃) တပ်ရင်း P 26002 တာဝန်ရှိသူက ပြောပါတယ်။

    ဖေ​ဖော်ဝါရီလ ၅ ရက်၊ မနေ့ညနေပိုင်းမှာ ဧရာဝတီ အမှတ်(၃)တပ်ရင်း၊ ဟင်္သတခရိုင် အမှတ်(၂) တပ်ရင်းရဲ့ ထောက်လှမ်းရေးရဲဘော်က ဇေယျဝတီမြို့၊ သကြားစက်အနီးမှာရှိတဲ့ စစ်တပ်ဂိတ်ကို 9 MM ပစ္စတိုနဲ့ တစ်ယောက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦးသေဆုံးသွားပြီး ဝင်ရောက်ပစ်ခတ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

    “ညနေ ၄နာရီ ခွဲလောက်မှာ ဝင်ပစ်တာပါ။ အဲ့ဂိတ်က မြို့ပေါ်မှာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ငွေတောင်းတာတွေကြမ်းနေလို့ပါ” လို့ ဧရာဝတီ အမှတ်(၃) တပ်ရင်း P 26002 ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်ဆံ အတောင့် ၄၀ တို့ကိုပါ တပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဧရာဝတီ အမှတ်(၃) တပ်ရင်း P 26002 ကပြောပါတယ်။

    ပုံစာ- သိမ်းဆည်းရမိသည့် သေနတ်(၂) လက်အားတွေ့ရစဥ်