Category: News
-
AA ထိန်းချုပ် မြို့နယ်အချို့ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်နေ
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်ကို တွေ့ရကြောင်း AA က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။ ထို့ကြောင့် သံတွဲနှင့် ဂွမြို့နယ်အတွင်း ပင်လယ် ငါးဖမ်းမှုကို ညနေ ၆ နာရီမှာ နံနက် ၆ နာရီအတွင်း တားမြစ်ကြောင်း ဖော်ပြထားပြီး နေ့အချိန်တွင်လည်း စစ်ကောင်စီ နေဗီများနှင့် ဝေးရာတွင် ငါးဖမ်းကြရန် တိုက်တွန်းထားသည်။ စစ်ကောင်စီသည် ရခိုင်ကမ်းရိုးတန်း တလျှောက် ရေတပ်အင်အားဖြည့်တင်းမှုနှင့် နေဗီများ သွားလာလှုပ်ရှားများကို အရှိုန်မြှင့်လုပ်ဆောင်လာကြောင်း ပင်လယ်ကမ်းစပ်ကျေးရွာ ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ် ပြင်ဆင်မှုများသည် အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များမှ ဒေသခံ အရပ်သားများ၏ လုံခြုံရေး ထိခိုက်လာနိုင်သည့်အပြင် တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက…
-

KK Park တွင် စစ်တပ်က ကျားဖြန့်ဝင်ရောက်စီးနင်းနေသည့်ပုံစံ ဟန်ပြဓာတ်ပုံရိုက် ဝါဒဖြန့်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KK Park ဝင်းအတွင်းရှိ အဆောက်အအုံတခုကို လက်နက်အပြည့်အစုံနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းနေပုံ ဓာတ်ပုံရိုက်ပြီး ဒီနေ့ အောက်တိုဘာ ၂၀ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။ KK Park အတွင်းမှာ တရားမဝင် ဆက်သွယ်မှု ဆောင်ရွက်ဖို့ ရည်ရွယ်တပ်ဆင်ထားတဲ့ Star Link စလောင်း အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အဆောက်အအုံတွေထဲက အလုပ်သမား အမျိုးသား ၁,၆၄၅ ယောက်၊ အမျိုးသမီး ၄၅၅ ယောက်နဲ့ လုံခြုံရေးအမျိုးသား ၉၈ ယောက် စုစုပေါင်း ၂,၁၉၈ ယောက် တွေ့ရှိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ အရင်ကလည်း မကြာခဏ အဖမ်းအဆီးပြကာ သတင်းဖော်ပြမှုတွေ ရှိခဲ့တယ်လို့…
-

The Wailing
The Wailing (2024) အန်ဒရေဟာမက်ဒရစ်မြို့က ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့ဘ၀မှန်ကိုမမျှော်လင့်ပဲသိရှိလိုက်ရတဲ့အတွက်စိတ်ထိခိုက်ကြေကွဲနေသူတစ်ဦးဖြစ်ပြီး သူ့ချစ်သူ ပေါ သူနဲ့ဗီဒီယိုကောပြောနေတုန်း အမည်မသိအရာတစ်ခုရဲ့ရက်စက်စွာသတ်ဖြတ်ခြင်းခံလိုက်ရချိန်မှာ သူ့စိတ်အခြေအနေဟာ ပိုမိုဆိုးရွားလာတဲ့နောက် သူ့ချစ်သူကိုသတ်သွားတဲ့ ဗီဒီယိုကင်မရာတွေထဲမှာသာပုံရိပ်ထင်ပြီး ပြင်ပမှာမမြင်နိုင်တဲ့ အရိပ်ဆန်ဆန်ပုဂ္ဂိုလ်တစ်ဦးကိုအစွဲအလန်းကြီးလာခဲ့ပါတယ်။ မာရီဆိုတာကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကသူတို့နဲ့ထပ်တူကံကြမ္မာကြုံတွေ့ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူကတော့ အာဂျင်တီးနားမှာနေထိုင်သူဖြစ်ပါတယ်။ ကာမီလာကတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရင်းက မထင်မှတ်စွာနဲ့ အဲ့ဒီအနက်ရောင်သက်ကြီးအမျိုးသားသဏ္ဍာန်ကိုတွေ့ရှိခဲ့ရသူပါ။ ဒီအမျိုးသမီးသုံးယောက်ဟာ မတူညီတဲ့ Timeline သုံးခု၊နေရာသုံးခုမှာနေထိုင်ကြတဲ့သူတွေဖြစ်ပြီး အမည်မသိသက်ကြီးအမျိုးသားသဏ္ဍာန်ရဲ့တိုက်ခိုက်မှု၊စိတ်ဒဏ်ရာ၊ လက်ဆင့်ကမ်းကူးစက်တတ်တဲ့ ကျိန်စာတွေကနေတစ်ဆင့်ဆက်စပ်နေကြသူတွေဖြစ်ပါတယ်။ Jump scare တွေကောင်းကောင်းသုံးလို့ရတဲ့နေရာတွေအများကြီးရှိပေမယ့် သုံးမထားပဲ ဇာတ်ကောင်တွေခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊လုံခြုံမှုကင်းမဲ့နေတဲ့ခံစားချက်၊ရှောင်ပုန်းမရနိုင်တဲ့မွန်းကျပ်မှုတွေကတစ်ဆင့်ကြည့်ရှုသူတွေကိုခြောက်ခြားလာစေမယ့်ခံစားချက်မျိုးအပြည့်အ၀ပေးနိုင်တဲ့ ဟော်ရာကားကောင်းတစ်ကားပါ။ (တစ်ချို့နေရာတွေ It Follows နဲ့ဆင်တူပါတယ်)
-

မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံး
မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားဟုဆို မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မလွန်ရွာရှိ ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို…
-

ခမောက်ကြီး၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံး
လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးကာ လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာအတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ကျေးရွာ ပျူစောထီး ခေါင်းဆောင် အေးစိုးတို့ကို လုံခြုံသည့်တစ်နေရာတွင် စစ်ဆေးမေးမြန်းညှိနှိုင်းပြီး ပြန်လွှတ်ရန် အတွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၏ ကားကိုပါ ယူဆောင်လာပြီး ဖမ်းဆီးလာကြောင်း၊ ထို့နောက် လုံးဖောကျေးရွာအလွန် တစ်နေရာတွင် နမ္မနွယ်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် သက်ဦးကို…