Category: News

  • မြဝတီမှာ Starlink အင်တာနက်လိုင်း စတင်ပြတ်တောက်လာ

    မြဝတီမှာ Starlink အင်တာနက်လိုင်း စတင်ပြတ်တောက်လာ

    Starlink သုံး၍ အွန်လိုင်းငွေလိမ်နေသည့်အပေါ် အမေရိကန်ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်း စစ်ဆေးနေကြောင်းပြောဆိုအပြီး ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့်တို့ အဓိကကျက်စားရာ မြဝတီ မြို့နယ်၌ Starlink အင်တာနက်သုံးစွဲမှုတချို့ ယမန်နေ့မှစ၍ ပြတ်တောက်လာကြောင်း ဒေသခံများထံက သိရသည်။ သောင်ရင်းမြစ်ဘေး အလျင်အမြန်ပေါ်ထွက်လာသည့် အဆောက်အအုံသစ်များတွင် အီလွန်မတ်စ်၏ စတားလင့်ခ် ဝန်ဆောင်မှုအတွက် စလောင်းများ တပ်ဆင်ထားကြောင်း ဂြိုဟ်တု ဓာတ်ပုံများနှင့် AFP ဒရုန်း ရိုက်ကူးမှုများတွင် ဖော်ပြထားပြီး Apmic Asian ဒေသဆိုင်ရာ အင်တာနက်မှတ်တမ်းတွင်လည်း စတားလင့်ခ်က မြန်မာ၏ အကြီးမားဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူဖြစ်လာသည်ဟု ဖော်ပြထားသည်။ ဤသတင်းများထွက်ပေါ် ပြီးနောက် ယမန်နေ့နံနက်မှစ၍ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း မြဝတီနှင့် အနီးတဝိုက် နေရာ တချို့၌ လိုင်းများပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့…

  • ညောင်ကျိုးအနီး လေသာတောင်ခြေကို ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ညောင်ကျိုးအနီး လေသာတောင်ခြေကို ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    တောင်ကုတ်- ဥသျှစ်ပင်ရိုးတောင်ကျော်လမ်း၊ ညောင်ကျိုးရွာအနီး လေသာတောင်ခြေသို့ ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော်(AA) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ ၎င်းစစ်ကြောင်းတွင် အင်အား ၈၀ ခန့်ပါဝင်ပြီး လေသာတောင်ခြေတွင်ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်သို့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများလာပို့စဉ် လေသာတောင်မရောက်ခင် အာရက္ခတပ်တော်ကကြားဖြတ်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။ “ဆင်လန်စခန်းကလာတာပါ။ လေသာတောင်မရောက်ခင်တိုက်ခိုက်ခံရတာ။ ကြားဖြတ်တိုက်ခိုက် ခံရတော့ စစ်ကောင်စီဖက်ကကျဆုံးမူရှိတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။ စစ်ကောင်စီသည် ဆင်လန်ကျေးရွာစခန်းကို ထပ်မံ၍ အခိုင်မာတည်ဆောက်ထားပြီး ၎င်းစခန်းကတစ်ဆင့် ရှေ့တန်းတပ်များသို့ ထောက်ပို့လုပ်နေသည်ဟု သိရသည်။ “စစ်တပ်က ဆင်လန်ကို နောက်ထပ်အခိုင်အမာခံတပ်ပြင်ထားတယ်။ အဲဒီကနေ လေသာတောင် ရှေ့တန်းနယ်မြေတွေကို စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းတွေပို့ပေးတယ်။ ဒါ့ပြင် စစ်ကူစစ်ကြောင်းတွေကို လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူကအစ ပြုလုပ်ပေးနေတယ်”ဟုပြောသည်။ ညောင်ကျိုးအနီး…

  • ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

    ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထား

    မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ၊ ညိုစောက ကိုးကိုးကျွန်း၊ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အပါအဝင် ဗိုလ်ချုပ်ကြီးတချို့ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ ထွက်ပေါ်လာ ကြံ့ဖွတ်ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် စစ်ဗိုလ်ချုပ်ဟောင်းများက ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်အရာရှိကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊…

  • လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

    လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

    လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠုန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်ရေးဒရုန်းကို အောက်တိုဘာလ ၁၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်အချိန်မှာ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စိတ်ချရတဲ့ နေရာကို ရွှေ့ပြောင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။ “လက်ပံတန်းအရှေ့ဖက်က သရက်ချောင်းရွာကို ဒရုန်းပွိုင့်ချပြီး ပျံလာတဲ့ အချိန်မှာ ပျက်ကျလာတာပဲ။ လက်ရှိကတော့ ဒရုန်းက ကျနော်တို့ အဖွဲ့မှာပါ” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ တာာဝန်ရှိသူက ပြောပါတယ်။ သိမ်းဆည်းရမိတဲ့ ဒရုန်းက အသစ်စက်စက်ဖြစ်ပြီး ကာလပေါက်ဈေးအနေနဲ့ ဘတ် ၁၂ သိန်းဝန်းကျင် တန်ကြေးရှိတယ်လို့…

  • ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    ကျားဖြန့်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်

    အောက်ပါရေးသားချက်များကို ဝတ္တုဟုမှတ်ယူလိုက မှတ်ယူနိုင်ပြီး၊ သတင်းဆောင်းပါးဟုမှတ်ယူလိုကမှတ်ယူနိုင်ပါသည်။ သတင်းရင်းမြစ်ကိုငဲ့ညှာရသဖြင့် နာမည်နှင့်တည်နေရာကို အတိအကျမဖော်ပြနိုင်ခြင်းကိုသည်းခံပေးပါရန်။ ဆရာရေ နေကောင်းရဲ့လား၊ ကျွန်တော်သတိတရစာရေးလိုက်ပါတယ်။ စာရိုက်ရတာလည်းမလွယ်ဘူးဆရာရဲ့ ၊ အုပ်စုခေါင်းဆောင်တွေလစ်တုန်း ရေးရတာ၊သူတို့အနားရောက်လာရင် ဆရာ့ကို ကျွန်တော် အစ်ကိုလို့ခေါ်မယ်နော်၊ အစ်ကိုက ဘာအလုပ်လုပ်တာလဲ ဆူရှီးလား၊ Uber taxi မောင်းတာလား၊ US ရောက်တာဘယ်လောက်ကြာပြီလဲ ဘာညာပေါ့၊ ညီမ အစ်ကို့ကိုအရမ်းခင်ပါတယ်ဘာညာပေါ့ဆရာရယ်။ကျွန်တော်တို့ဘဝကလည်း ယောက်ျားကမိန်းမယောင်ဆောင်နေရတာဆရာရယ်၊ဒါကိုဆရာလည်းသိပါတယ်၊သိလို့မှ ဟိုတစ်ခါ မြတ်နိုး ဆိုပြီးအယောင်ဆောင်ထားတဲ့ကောင်ကိုဆရာက ယောက်ျားလေးမှန်းသိနေတာပေါ့။အဲ့ဒိအဖွဲ့နဲ့ကျွန်တော်တို့ကမတူပါဘူး၊သပ်သပ်စီပါ။ ကျွန်တော်တို့က လူတစ်ယောက်ကို အနည်းဆုံး ဖေ့စ်ဘွတ် ၊အကောင့် ဆယ်ခုလောက်စီရှိတယ်ဆရာရဲ့၊ အင်းလေ အားလုံးမိန်းမနာမည်တွေနဲ့ချည်းပေါ့ ၊ တွေးမိတွေးရာနာမည်တွေလျှောက်မှည့်ရတာပဲဆရာရေ။တင်ထားတဲ့မိန်းကလေးဓာတ်ပုံတွေလား၊ US မှာရောက်နေတဲ့ Instagram ကမြန်မာမတွေဓာတ်ပုံကိုဒေါင်းလုပ်ဆွဲ ပြီးယူထားတာပဲဆရာရေ၊ အထူးသဖြင့် နိုင်ငံခြားမှာ နေတဲ့သူတွေရဲ့ပုံပေါ့ ၊ လှရမယ် ချောရမယ်၊ချမ်းသာ နေတဲ့ပုံပေါက်ရမယ်၊အဲ့လိုကောင်မလေးတွေပုံကို…