Category: News

  • ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်

    ရခိုင်-ပဲခူးအစပ် တိုက်ပွဲများကို AA အနေဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်ပြီးနောက် နာရီပိုင်းအတွင်း စစ်ကော်မရှင်၏ ၆၆၆ ကာကင်းစခန်းကို သိမ်းပိုက်ခဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း ၆၆၆ ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ AA သည် တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက် ၉ ကီလိုမီတာအကွာအဝေး၌ရှိသည့် စစ်ကော်မရှင်၏ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၅ မိနစ်တွင် စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။ အဆိုပါ ပွိုင့်ကုန်းနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ် ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း အောက်တို…

  • တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်

    တောင်ကြီးတွင် ဒဏ်ရာများနှင့် အလောင်းတစ်လောင်း စွန့်ပစ်

    ဒဏ်ရာအများအပြားနှင့် အမျိုးသားအလောင်းတစ်လောင်းကို ကားတစ်စီးဖြင့် တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းရှ်ိ မေမြို့လက်ဖက်ရည်ဆိုင် အနီးတွင် ယမန်နေ့ညက လာရောက်စွန့်ပစ်ခဲ့ကြောင်း ရပ်ကွက်နေသူများထံက သိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီခွဲဝန်းကျင်က ယင်းအလောင်းအား ရပ်ကွက်နေသူများက စတင်တွေ့ရှိခဲ့ပြီး အလောင်းမှာ အဝတ်မပါ၊ ရင်ဘတ်တွင် ကျားရုပ်ပုံတက်တူးရှိပြီး တကိုယ်လုံးတွင် ထိုးသွင်းဒဏ်ရာများ၊ မီးလောင်ဒဏ်ရာနှင့် ကြိုးချည်ဒဏ်ရာများနှင့် နားရွက်တစ်ဖက်အား တဝက်ခန့်လှီးဖြတ်ထားသည့် ဒဏ်ရာနှင့် အမျိုးသားလိင်အင်္ဂါ ကပ္ပာယ်အိတ်ဖြတ်ထားသည့် ဒဏ်ရာများရှိကြောင်း အလောင်းအား မြင်တွေ့ခဲ့ကြသည့် ကယ်ဆယ်ရေးများထံမှ သိရသည်။ “ပိန်ပိန်ပါးပါး အသက်က ၃၀-၄၀ ကြား၊ မီးလောင်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေကောပါတယ်။ အဝတ်မပါဘူး။ နှိပ်စက်ခံထားရတဲ့ ပုံစံတွေကောတွေ့တယ်။ ဒဏ်ရာတွေတော့ အများကြီးပြောတယ်။ မီးလောင်ဒဏ်ရာ၊ ကြိုးချည်ဒဏ်ရာတွေကောပါတယ် လို့သိရတယ် ၊…

  • ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

    ပြည်တွင်းမှ နာမည်ကြီးစလော့ဂိမ်းဒိုင်အချို့ အဖမ်းခံရ၊ အေးဂျင့်အများစု အကောင့်ဖျက်ပြေး

    စလော့ဂိမ်းများကြောင့် လူမှုဘဝထိခိုက်ရသည့် ကိစ္စများအပေါ် ဝေဖန်မှုများ များပြားလာပြီးနောက် ပြည်တွင်းရှိ နာမည်ကြီး စလော့ဂိမ်းဒိုင်ကြီးအချို့ အဖမ်းခံရပြီး လက်လီရောင်းသည့် အေးဂျင့်အများစု လူမှုကွန်ယက်အကောင့်များ ဖျက်ခြင်း၊ Deactivate လုပ်ခြင်းများ ပြုလုပ်ထားကြကြောင်း အွန်လိုင်းလောင်းကစားအေးဂျင့် အသိုင်းအဝိုင်းမှ သိရသည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ The Secret Villa Private Resort တွင် တည်းခိုနေသည့် စလော့ဂိမ်းဒိုင်တစ်ဦးမှ လူမှုကွန်ယက်တွင် တည်းခိုရာနေရာတင်ပြီး တိုက်ရိုက် (Live) လွှင့်ရာမှတစ်ဆင့် ၎င်းတည်းခိုသည့် Resort ကို အောက်တိုဘာလ ၁၅ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “သူတို့က နေရာအတိအကျနဲ့ Live လွှင့်တာမှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့သူတွေ အဖမ်းခံရတာပေါ့။ သူတို့အုပ်စုကလူတွေ။ အခုတော့…

  • ရန်ကုန်က လင်မယားနှစ်ယောက် မြစ်ကြီးနား ပြည့်တန်ဆာခန်း၌ ရောင်းစားခံရ

    ရန်ကုန်က လင်မယားနှစ်ယောက် မြစ်ကြီးနား ပြည့်တန်ဆာခန်း၌ ရောင်းစားခံရ

    ရန်ကုန်က လင်မယားနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက လမ်းစာရိတ်ပေးခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်း၌ ရောင်းစားမှုဖြစ်ခဲ့ ရန်ကုန်က လူငယ်ဇနီးမောင်နှံနှစ်ဦးကို မြစ်ကြီးနားမြို့ရှိ အသိတစ်ဦးက အလုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ်ခဲ့ပြီး ပြည့်တန်ဆာခန်းတစ်ခု၌ ရောင်းစားခဲ့ကြောင်း သိရသည်။ ရန်ကုန်တွင် အလုပ်ရှာရခက်သည့်အကြောင်းပြောဆိုမိရာမှ မြစ်ကြီးနားမြို့သို့ တက်လာပါက ကုန်ကားပေးမောင်းမည်ဟုဆိုကာ အောက်တိုဘာလ ၄ ရက်နေ့၌ လမ်းစာရိတ်ပို့ပေးပြီး ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။ “အလုပ်ရှာပေးမယ်ပြောပြီး ကားခပို့ပေးလိုက်တယ်။ အစက ကားမောင်းခိုင်းမယ်၊ ကောင်းရောင်း ကောင်းဝယ်လုပ်စားလို့ ရတယ်ဆိုပြီးပြောလို့ တက်လာတာ၊ ဒီရောက်တော့ သေချာတော့ မသိဘူး၊ ရွှေညောင်ပင်လို့ ပြောတယ်။ အဲ့ကပြည့်တန်ဆာခန်းတစ်ခုမှာ ရောင်းစားသွားတယ်။ ပြီးတော့ ပစ္စည်းတွေ၊ ဖုန်းတွေအကုန်သိမ်းပြီး မိန်းမကို ပြည့်တန်ဆာလုပ်ခိုင်းတယ်။ မလုပ်ချင်ရင် ပိုက်ဆံသိန်း ၂၀ ပေးရမယ်ဆိုပြီး အခန်းထဲပိတ်ထားတာ ဘယ်မှထွက်လို့ မရဘူး”ဟု…

  • မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ အချုပ်သား ၃၀ နီးပါး လက်နက်တွေယူ ထွက်ပြေး

    မြင်းခြံခရိုင် ပကဖ အချုပ်ခန်းကနေ အချုပ်သား ၃၀ နီးပါး လက်နက်တွေယူ ထွက်ပြေး

    ၈ ဦးကို Zero အဖွဲ့ ဖမ်းမိ မန္တလေးတိုင်း၊ ​မြင်းခြံခရိုင်ပကဖရဲ့ အချုပ်ခန်းကနေ အချုပ်သား ၃၀နီးပါးက လက်နက်တချို့ယူကာ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ၈ ဦးကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း သတင်းရရှိပါတယ်။ မနေ့က အောက်တိုဘာ ၁၆ရက်မှာ မြင်းခြံခရိုင်ပကဖရဲ့အချုပ်ခန်းက အချုပ်သား ၃၀ခန့်ဟာ သေနတ်တွေယူကာ ထွက်ပြေးသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။ အဲဒီထွက်ပြေးအချုပ်သားတွေထဲက အမျိုးသား ၇ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၈ဦးကို AK ၁လက်၊ အတို ၁လက်၊ ကာဘိုင် ၁လက်၊ ဓါးအရှည် ၁ချောင်းစတဲ့ လက်နက်တွေနဲ့အတူ ပြန်လည်ဖမ်းဆီးရမိထားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ “ဘယ်လို အချုပ်သားတွေဆိုတာ ကျနော်မသိပါဘူး။ဖမ်းပြီးတခါတည်း သက်ဆိုက်ရာအပ်လိုက်တာပါ”လို့ ကိုသက်ကြီးက ပြောပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင်ပကဖကို…