Category: News

  • ပဲခူးနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာနစစ်ကြောင်းသို့ လွှဲပြောင်း

    ပဲခူးနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာနစစ်ကြောင်းသို့ လွှဲပြောင်း

    တစ်နိုင်ငံလုံးအထွေထွေ ထိုးစစ်အတွက် ကြိုပြင် ပဲခူးနှင့် ရန်ကုန်တိုင်း စစ်ဆင်ရေးအတွက် ပဲခူးပကဖကို ဖွဲ့စည်းလိုက်ပြီး အထူးတိုင်းစစ်ဌာန စစ်ကြောင်းသို့ လွှဲပြောင်း ပူးပေါင်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ KNU တပ်မဟာ ၁ နယ်မြေတွင် ပဲခူးခရိုင်ပကဖက ဖွဲ့စည်း ထားသည့် တိုက်ခိုက်ရေးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်စေရန် လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကျင်းပခဲ့ ပြီး ပဲခူးခရိုင်ပကဖတာဝန်ခံ ရဲဘော်ဖြိုးမောင် မှ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားထံသို့ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေး စစ်ကြောင်းကို အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှူအတွင်းရှိ…

  • အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်

    အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်

    အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ အိုးသည်ကုန်း အကြမ်းဖက် စစ်တပ်ဂိတ်တွင် စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်း စစ်တပ် ဂိတ်တွင်ကင်းစောင့်နေသော စစ်သားနှင့် ပျူစောထီးများ စကားများ ရန်ဖြစ်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုပစ်ခတ်မှု အတွင်း ပျူစောထီး ၁ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်သား…

  • ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

    ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံး

    ရေဖြူတွင် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက် စစ်တပ် မီးရှို့မှုကြောင့် ကြံ့ဖွတ် အမတ်ဟောင်း ပျူစောထီးနိုင်ဦးနေအိမ်ပါပြာကျ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ ၁၃ ဦးသေဆုံးပြီး စစ်သား အလောင်းများကို နေအိမ်ထဲထည့်ကာ မီးရှို့ဖျောက်ဖျက်သွားကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာသော အင်အား ၂ဝဝ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုဂေါဇွန်းရွာကို ရောက်ရှိလာပြီး ရွာသားများကိုဖမ်းဆီးခြင်း၊ လူနေအိမ်များအားဖျက်ဆီးခြင်း၊ ရွှေငွေနှင့်လက်ဝတ်ရတနာများအားယူဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပုဂေါဇွန်းရွာကို ဝင်ရောက်စီးနင်းပြီးနောက် စက်တင်ဘာလ ၂၉…

  • အသက် ၁၆ နှစ်အရွယ်  မိန်းကလေးကို စစ်သားများက  အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

    အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို စစ်သားများက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

    ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့စဉ် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုပါ စစ်သားများက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့မှ ၁၀ ကီလိုမီတာ ခန့်ကွာ ၀ေးသော လယ်တဲတွင် တိမ်းရှောင်နေသော ပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ယင်းသို့ သတ်ဖြတ်မှုတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကျောက်မဲမြို့သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သော စစ်တပ်က စက်တင်ဘာလ ၂၄ ရက်နေ့ ကျောက်မဲမြို့မှ ၁၀ ကီလိုမီတာ ခန့်ကွာ ၀ေးသော လယ်တဲတွင် တိမ်းရှောင်နေသော အရပ်သား ၄ ဦးကိုသတ်ဖြတ်ခဲ့ကာ အသက်…

  • ရန်ကုန်မြို့လယ်က ဟိုတယ်တွင် အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရ

    ရန်ကုန်မြို့လယ်က ဟိုတယ်တွင် အမျိုးသမီး ၁ ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရ

    ရန်ကုန်မြို့လယ်ကောင်၊ ပန်းဘဲတန်းမြို့နယ် အမှတ် ၁၁ ရပ်ကွက်၊ ၃၂ လမ်း အထက်ဘလောက်မှာရှိတဲ့ Beauty Land Hotel မှာ အောက်တိုဘာ ၆ ရက် ဒီနေ့မနက် အမျိုးသမီး တယောက် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၉ နာရီခွဲက Beauty Land Hotel အခန်းနံပါတ် ၅၀၂ မှာ တည်းခိုတဲ့အမျိုးသမီးကို လူသတ်သမားက အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ကာ အခန်းအပြင်ဘက် လေအေးပေးစက် တပ်ဆင်ထားတဲ့စင်ပေါ်မှာ အမှိုက်အိတ်အပြာနဲ့ စွန့်ပစ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ဘယ်အချိန်ကတည်းက သတ်သွားလဲ မသိဘူး။ လူကို အသားငါးခုတ်သလို အပိုင်းပိုင်း ခုတ်ထစ်ပြီး အမှိုက်အိတ်ထဲ ထည့်ထားပြီး လေအေးပေးစက်ပေါ် တင်ထားတာ။ လက်တဖက်ထွက်နေမှ သိတာ။…