Category: News
-

မုံရွာတွင် ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်
မုံရွာတွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံး (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော် လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအ၀ိုင်းပတ်တွင် ပြည်သူများထံမှ ငွေကြေးနှင့်ပါလာသော ပစ္စည်းများ အတင်းအဓမ္မဆက်ကြေးကောက်ခံနေသော ရဲ အရာရှိ…
-

မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံး
မုဒုံမြို့ပေါ်တွင်လည်း စစ်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး လူငယ်များကို နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးနေ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မုဒုံမြို့နယ်၊ ကမာဝက်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ် သမားများက ကားဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ ဝင်ရောက် တိုက်ခိုက်မှု အတွင်း ကမာဝက်ရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။ “အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီလောက်မှာ ကမာဝက်ရွာ…
-

စစ်ခေါင်းဆောင် မန္တလေးရောက်နေချိန် ရွေးကောက်ပွဲ ဆန့်ကျင်လူထုလှုပ်ရှားမှုပြုလုပ်
အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်ကောင်စီရဲ့ရွေးကောက်ပွဲတိုက်ဖျက်ရေး “No vote just trap” လူထုလှုပ်ရှားမှု တခုကို မန္တလေးမြို့တွင်း လူစည်ကားရာနေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။ No Vote Just Trap “မဲမပေးနဲ့ ထောင်ချောက်” စာတန်းပါ အင်္ကျီကိုဝတ်ဆင်ပြီး မန္တလေးရဲ့ အထင်ကရ နေရာတွေမှာ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလူထုလှုပ်ရှားမှုကိုတော့ စစ်ခေါင်းဆောင် မန္တလေးကို ရောက်နေချိန်မှာပဲ မန္တလေးမြို့ ဘုရားကြီး၊ မန္တလေးတောင်တော် ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော် နာရီစင်၊ ကျုံးဘေး၊ စည်ပင်ရုံးရှေ့၊ ဘုရားပွဲခင်းနဲ့ အထင်ကရ လမ်းမကြီးတွေမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
-

ဘုတလင် စစ်ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ နှစ်ရှည် စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားလို့ စစ်ဘေးရှောင်တွေ ထပ်မံထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတယောက်က “ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ဇီးတောအနောက်ရွာနားက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ အရပ်အခေါ် တဲတိုက်စစ်ရှောင်စခန်းတွေကို စစ်တပ်စစ်ကြောင်းက လာရောက်မီးရှို့ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ နမခ ကနေ အောက်တိုဘာ ၃ ရက်မှာ စတင်ထွက်လာတာဖြစ်ပြီး ဇီးတောအနောက်ကျေးရွာမှာ တည တပ်စွဲနေခဲ့ကာ ကျေးရွာအနီးမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။ ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “ဇီးတောအနောက်ရွာ ဆိုတာက မုံရွာ-ဘုတလင် ကားလမ်းပေါ်က ဘုတလင်မြို့နယ်အဆုံးမှာ ရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။ မုံရွာ နမခ က ထွက်လာတဲ့…
-

သေဆုံးသွားသူတို့၏အမည်များ မဲစာရင်းတွင် ပါနေကြောင်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပြော
နေပြည်တော်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှဆွေက လပိုင်းအတွင်းကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်း မှားယွင်းနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု အောက်တိုဘာ ၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။ “ဥပမာ… မင်္ဂလာဒီပလို ရပ်ကွက်မျိုးမှာဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူးဗျာ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရဲ့မိသားစုက မဲစာရင်းမပါဘူး။ ကျန်တဲ့လူတွေပြောမနေနဲ့။ အဲဒီလိုတွေဖြစ်တယ်။ သေသွားတဲ့သူတွေ ပြန်ပါနေတာရှိတယ်။ နောက်တခါ အပြီးပြောင်းသွားတဲ့သူတွေ။ အဲ့ဒီလူတွေလည်း ပြန်ပါနေ တယ်” ဟု သူက အွန်လိုင်းတွင် ရုပ်သံရိုက်ကူးထုတ်လွှင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ကွာတာက တော်တော် ကွာတာ။ ၅၀၀ မှာ ၃၀၀ လောက် ကွာနေတာ၊ ဒါက သိပ်မကောင်းဘူး” မဲစာရင်းမှားယွင်းမှုနှင့် ကျင့်သားရနေသော မြန်မာနိုင်ငံတွင် စစ်တပ်က ထိုစာရင်း အကြောင်းပြ အာဏာသိမ်းထားစဉ် ပေါ်ထွက်လာသော ဦးလှဆွေ၏…