Category: News

  • မြန်မာမူဆလင် ပီ ဒီ အက်ပ် ပူပေါင်းအဖွဲ့လက်တွဲညီနေပြီ …

    တော်လှန်ရေးမှာ ပြည်သူနဲ့အတူ မြန်မာမူဆလင်လူငယ် PDF တွေ တက်ကြွစွာပါဝင်နေတယ်ဆိုတာ သိရှိသူနည်းပါးလို့ ဒီပို့စ်နဲ့ မက်ဆေ့ပေးပါတယ်။ #VideoCreditToOwner

  • မန္တလေးမှာ ဆန္ဒပြပွဲဖမ်းဖို့လာတဲ့ စစ်အုပ်စု မြို့နယ်မှားပြီး ရောက်သွား

    မန္တလေးမှာ ဆန္ဒပြပွဲဖမ်းဖို့လာတဲ့ စစ်အုပ်စု မြို့နယ်မှားပြီး ရောက်သွား အောက်တိုဘာ-၃၊၂၀၂၅၊ရှိန်း/People’s Spring မန္တလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ စစ်အုပ်စုကကြိုးပမ်းပေမယ့် မြို့နယ်မှားပြီး ရောက်သွားခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးပတ်မှာ မန္တလေးမြို့မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြတဲ့ လှုံ့ ဆော်စာ တွေကြဲတာနဲ့ ဆန္ဒထုတ် ဖော်တာကို မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာ မန္တလေးသပိတ် ကော်မတီကပြုလုပ်ခဲ့တာပါ။ ဆန္ဒပြပွဲကို အဲဒီနေ့မှာပဲ စစ်အုပ်စုက သတင်းရပြီး ဖမ်းဆီးဖို့ပြုလုပ်ခဲ့ပေမယ့် ချမ်းအေးသာစံမြို့နယ်လို့ သတင်းရပြီး လမ်း၆၀၊လမ်း၃၀ ထောင့်ကို စစ်ကားတွေ အစုလိုက်၊အပြုံလိုက် ရောက်လာတယ်လို့ မြို့ခံ တွေကပြောပါတယ်။ “ကောင်လေးတယောက်နဲ့ ကောင်မလေးတ‌ ယောက်ဆိုင်ကယ်နဲ့ ဆိုပြီး လာရှာတာ။တယောက်မှ မမိဘူး”လို့ မြို့ခံတဦး ကပြောပါတယ်။ စစ်အုပ်စုရဲ့ ရွေး‌ကောက်ပွဲဆန့်ကျင်ဖို့အတွက်…

  • ရေတာရှည်မြို့နယ်တွင် ဆင်ဂွေကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်မှု ရဲနှင့်စစ်တပ်က အရေးမယူ

    ရေတာရှည်မြို့နယ်တွင် ဆင်ဂွေကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်မှု ရဲနှင့်စစ်တပ်က အရေးမယူ ရန်ကုန်၊ အောက်တိုဘာ ၃ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဆင်ဂွေကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်ခဲ့သော်လည်း ရဲနှင့်စစ်တပ်က အရေးမယူကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန် ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး မျိုးဝင်းက အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် နေထိုင်ရာ အိမ်သို့သွားရောက်ခဲ့ကြောင်း၊ မိန်းကလေးငယ်၏ မိဘများမှာ လယ်ထဲသို့ သွားရောက်နေချိန်ဖြစ်၍ အုပ်ချုပ်ရေးမှူး မျိုးဝင်းကို “အမေတို့ မရှိဘူး” ဟု မိန်းကလေးငယ်က ပြောဆိုခဲ့ကြောင်း၊…

  • ဝါသဝ လက်သပ်မွေးထားတဲ့ ကန့်ဘလူက ပျူတွေကိုကြည့်ပါအုံး။ မိ-‌ေ-တော့ မျ-က်နှာင-ယ်လေးတွေနဲ့

    ဝါသဝ လက်သပ်မွေးထားတဲ့ ကန့်ဘလူက ပျူတွေကိုကြည့်ပါအုံး။ မိ-‌ေ-တော့ မျ-က်နှာင-ယ်လေးတွေနဲ့

  • နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါ ၅ ဦးဒဏ်ရာရ

    နမ္မတူနဲ့ မန်တုံမြို့ကို စစ်ကောင်စီဗုံးကြဲသဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါ ၅ ဦးဒဏ်ရာရ ၂ အောက်တိုဘာ ||| နွေဦးအသံ ||| တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ မန်တုံမြို့တွေကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၂ ရက်၊ မနက် ၇ နာရီ ၂၀ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီက ပြည်သူလူထုတွေရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ နမ္မတူမြို့ကို ၁ လုံး၊ မန်တုံမြို့ကို ၄ လုံး ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နမ္မတူမြို့ရှိ အမျိုးသား တဦး၊ အမျိုးသမီး…