မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်တက်၍ အမျိုးသမီးပရိတ်သတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်းနှင့် ကြိုက်သည့်ပုံစံဖြင့်လာရောက်ရှင်းနိုင်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးမှ ၎င်း၏လူမှုကွန်ရက်မှတဆင့် ယနေ့ (မတ်လ ၁၂ ရက်) တွင် ပြောဆိုထားသည်။ “ခုကိစ္စ မောင်မောင်လွင်ဘက်က ကျနော် ရှိတယ်။ သူဒီလိုလုပ်လို့ မှန်တယ်လို့ တဖက်ပိတ် ပြောနေတာ မဟုတ်ဘူး။ Consequences သိအောင် ပြောပြတာ၊ ကြိုက်သလို လာရောက်ရှင်းလို့ ရပါကြောင်း” ဟု ဦးစိုင်းခင်မောင်အေး က ပြောဆိုထားသည်။ သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်တွင် ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်၌ ပွဲကြည့်စင်ပေါ်မှ ပရိသတ်တဦးက မောင်မောင်လွင်အား လူမျိုးရေးဆိုင်ရာ နှိမ်ချသည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ပြောဆိုခဲ့ရာမှ မောင်မောင်လွင်က…
ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပထမပိုင်းပွဲစဉ် ပြီးဆုံးချိန်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပွဲကြည့်စင်မှ ပရိသတ်တဦးက ရန်ကုန်ယူနိုက်တက်အသင်းမှ ယှဉ်ပြိုင်ကစားနေသည့် မောင်မောင်လွင်ကို အော်ဟစ်ပြောဆိုနေခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။ ပွဲစဉ် Live ထုတ်လွှင့်မှုတွင်လည်း “ဘာလုပ်တာလဲ၊ ငါ့ကိုလာမလုပ်နဲ့နော် ဘောလုံးသမားဖြစ်ပြီးတော့ လူပါးလာမဝနဲ့ ဒီမှာငါ့ကို လာလုပ်နေတယ်။ ပါးကို လာထိုးတယ်၊ ဘောလုံးသမားဖြစ်ပြီး” ဆိုသည့်အသံနှင့် အမျိုးသမီးတဦး၏ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်ခဲ့သည်။ ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း…
ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား အကျဉ်းစခန်းဖြစ်မှန်း သိလျက်နှင့် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် တကယ့်ရက်စက်မှုဟု ယခင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းပြောသည်။ စစ်သုံ့ပန်း ဒုတိုင်းမှူး သောင်းထွန်းက ONN သတင်းဌာနနှင့် ပြုလုပ်သည့် ရုပ်သံထုတ်လွင့်ချက်တွင် ထိုသို့ ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်သည် တိုက်ခိုက်မှုမပြုမီ မတ်လ ၆ ရက်နေ့ခန့်မှစ၍ တစ်ပတ်ခန့်အကြာ ကင်းထောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့တွင် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည် အဆိုပါနေရာသည် စနစ်တကျဆောက်လုပ်ထားသည့် အကျဉ်းထောင်အဆောက်အအုံများ၊ လုံခြုံရေးတဲများနှင့် ထောင်ဝတ်စုံဝတ်ဆင်ထားသူများ အမြောက်အမြား ဝင်ထွက်သွားလာနေသည်ကို ကင်းထောက်စဉ်အတွင်း အထင်အရှားမြင်တွေ့နိုင်သဖြင့် အကျဉ်းစခန်းမှန်း မသိစရာအကြောင်းမရှိဟု ၎င်းက ONN သတင်းဌာနနှင့် ပြုလုပ်သည့် ရုပ်သံထုတ်လွင့်ချက်တွင် ဖော်ပြထားသည်။…
ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်တဲ့ ၂ဝ၂၆ ခုနှစ် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၁၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါ တယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပုဒ်မ ၅၈ မှာ ဘယ်သူမဆို ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခံ ရရင် တစ်နှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်၊ ကျပ်သန်းငါးဆယ်ကနေ ကျပ်သန်းတစ်ရာအထိ ငွေဒဏ်နဲ့ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအပြင် ပြစ်မှုကျူးလွန်သူဟာ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ် သန်းနှစ်ရာကနေ ကျပ် သန်း ငါးရာအထိ ငွေဒဏ် ချမှတ်ရမှာဖြစ်သလို အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကို အနည်းဆုံး…
မတ်လ ၁၂ ရက်နေ့ (မနက်ဖြန်) မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးများတွင် စက်သုံးဆီကို QR Code စနစ်ဖြင့် စမ်းသပ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (မတ် ၁၁ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤစနစ်သစ်နှင့် ပတ်သက်၍ သိထားသင့်သည့် အဓိကအချက်များကို အောက်တွင် အနှစ်ချုပ် ဖော်ပြပေးလိုက်ပါသည်။ ၁။ စနစ်သစ်၏ ရည်ရွယ်ချက် * စက်သုံးဆီ အမှန်တကယ် လိုအပ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရန်။ * တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများကို ထိန်းချုပ်ရန်။ * စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန် စနစ်တကျ စီမံခန့်ခွဲရန်။ ၂။ ဝယ်ယူရမည့် နည်းလမ်းများ | ယာဉ်အမျိုးအစား | အသုံးပြုရမည့်…