Category: News

  • ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး

    ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေး

    ဝန်ထမ်းနှင့် စစ်တပ်အနွှယ်ဝင်များ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဟုဆို

    မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာလမ်းမကြီးတစ်ခုကို ရေးဘီလူးတပ်ခွဲ ၂ က တက်ရောက်စစ်ဆေးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ၅၉၁ တပ်နှင့် ၅၈၃ တပ်များကို ဂရုမစိုက်၍ ကျောင်းရွာလမ်းမကြီးပေါ်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ထံမှ သိရှိရသည်။

    ” စကစ အသိုင်းအဝိုင်းဘက်က ဖမ်းမိတာမျိုးတော့ မရှိဘူး။ မိခဲ့မယ်ဆိုရင် အစစ်အဆေးပြုလုပ်တဲ့ ကာလတွေတိုင်း ဒီနေရာမှ မဟုတ်ဘူး ဝန်ထမ်းအပေါင်းအပါနဲ့ စကစ မျိုးနွှယ်စုတွေ ဖမ်းမိခဲ့မယ်ဆိုလို့ရှိရင် ရေးဘီလူးတပ်ရင်းက ပြန်လွှတ်မှာ မဟုတ်ဘူး။ စစ်တပ်အသိုင်းအဝိုင်းက မိသားစုဝင်တွေ ရွှေ့ပြောင်းတာရှိရင်လည်း ကျွန်တော်တို့ကို အဆိုးမဆိုနဲ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်ဘက်မှ တော်လှန်ရေးဘက်တော်သားများ ၊ ထောက်ပို့များကို ဒုက္ခပေးနေသည့်အတွက် အကြမ်းဖက်စစ်တပ်၏ မိသားစုဝင်များ၊ ဝန်ထမ်းအပေါင်းပါများ ဖမ်းမိပါက ပြန်လွှတ်ပေးမည်မဟုတ်ဘဲ ပြတ်သားစွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကြိုတင်၍လည်း ထုတ်ပြန်ချက်ထုတ်ပြန် သတိပေးပြီး ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

  • သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး

    သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး

    ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ နေရာတွင်ပင် အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ ဝင်ရောက် ပစ်ခတ်တာကလည်း ရဲဘော် ၆ ဦးတည်းနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ အခုဝင်ပစ်တဲ့ နေရာက ရဲစခန်းနဲ့ နီးနီးလေးပါ။ စစ်ခွေးတွေက ဘန်ကာထဲကနေ ကျနော်တို့ကို ပြန်ပစ်နေလို့ လက်နက်တောင် မကောက်ခဲ့ရဘူး။ မသေဘဲ ကျန်တဲ့ စစ်ခွေးတွေက သေတဲ့ကောင်ဆီက လက်နက်ပါယူပြီး လိုက်ပစ်သေးတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်၍ ပြည်သူများ အကြမ်းဖက်စစ်သားများနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်များ ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) က အသိပေးနှိုးဆော်ထားသည်။

  • သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး

    သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး

    သရက်ချောင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၁၇ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး၊ လက်နက် ၄ လက် သိမ်းဆည်းရရှိ

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား ၁၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်မှ စတင်၍ သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာလမ်းဆုံကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်‌ရောက်လာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် သရက်နှစ်ခွ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စနိုက်ပါ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ နှင့် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပန်းပြင်ကျေးရွာအတွင်း တပ်စွဲနေထိုင်သော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ နှင့် ညနေ ၃ နာရီခန့်အချိန် ပိန်းတောကျေးရွာ မှန်ကျောင်းဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပိန်းတောကျေးရွာ မှန်ကျောင်းတွင် တပ်စွဲနေထိုင်နေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အထိ ဥတ္တူကျေးရွာထဲတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး လ/က်ပြတ်၍ ထွက်ပြေးသွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး လက်နက်ကြီး ထိမှန်ကာကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်တောင်ရွာတွင် တပ်စွဲ နေထိုင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရွှေဂူဂိတ်စခန်းကို လက်နက်ကြီးများ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရန်တောင်ကျေးရွာတွင် တပ်စွဲနေထိုင်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် ရွှေဂူဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    ယင်း ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်သားများထံမှ MA-1 သေနတ် ၂ လက်၊ G-3 သေနတ် ၁ လက် ၊ RPG ၁ လက် နှင့် အခြားစစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုအဖွဲ့ဝင် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်လူငယ်လက်ရုံးတပ်၊ ထားဝယ်နဂါးတပ်ခွဲ ၂ ၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၊ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း-T1 ၊ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း-T5 နှင့် ဒရုန်းဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

  • ကျွန်းစုတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦးက ညီအရင်းကို သေနတ်ဖြင့်ပစ်သတ်

    ကျွန်းစုတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦးက ညီအရင်းကို သေနတ်ဖြင့်ပစ်သတ်

    တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ကျွဲခရိုင်ကျေးရွာအုပ်စု၊ သဇင်ရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က အစ်ကိုဖြစ်သူက ညီအရင်းဖြစ်သူကို စကားများပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ နီးစပ်ရာမိသားစုဝင်တွေဆီက သိရပါတယ်။

    အစ်ကိုဖြစ်သူ ကိုခက်ခဲက သဇင်ရွာရဲ့ ပျူစောထီးတယောက်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့် ရတာ တလခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

    နီးစပ်ရာ မိသားစုဝင်တယောက်က “အစ်ကိုဖြစ်တဲ့သူက သူ့မိဘအိမ်ကိုလာရင်း ညီဖြစ်သူနဲ့ စကားများပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ကျည်က တင်ပါးကနေ ဆီးအိမ်ကို ဖောက်ဝင်သွားတယ်” လို့ ပြောပါတယ်။

    ကျူးလွန်သူ ကိုခက်ခဲကို သဇင်ရွာရဲတွေက ညနေဘက်မှာ ဖမ်းဆီးခဲ့ပြီး ကျွန်းစုမြို့ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ညီဖြစ်သူ ကိုမြင့်သူရဲ့ အလောင်းကိုတော့ မြိတ်မြို့ကို ပို့ဆောင်ပြီး စစ်ချက်ယူနေတယ်လို့ သိရကာ ဘယ်နေ့သင်္ဂြိုဟ်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

    သဇင်ကျေးရွာမှာ ပျူစောထီး ၆ ယောက်ရှိပြီး ဒေသခံတွေအပေါ် မတရား ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

  • စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက်ခိုက်

    စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက်ခိုက်

    စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်၍ ပြည်သူ ၂ ဦး ထိမှန်သေဆုံး

    အကြမ်းဖက် စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် လုံခြုံရေး ယူနေသော စစ်တပ်ကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား ထီးတင်ပွဲသို့ ရောက်ရှိနေသည့် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် မြတ်ကျော် လုံခြုံရေးအတွက် စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်အနီး စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပေါ်တွင် ကင်းစောင့် နေသော စစ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး နေရာမှာပင် ပွဲချင်းပီး သေဆုံးပြီး ကျန် ၁ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ သည်။

    “စကစခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ အဖွဲ့တွေ မနက်ပိုင်းကတည်းက ဆွမ်းဦးပုညရှင်ထီးတော်တင် ပွဲရောက်နေတာ၊ နောက် ပြီးတော့ ကြေးနီတင်ကားတန်းတွေလည်းရှိတယ်။ ဘုရားထီးတင်ပွဲက ဒီနေ့ လုပ်တယ်လို့ ကြားတယ်၊ ကြေးနီတင်ကားတန်းတွေလည်း ဒီနေ့ထွက်လာပြီ။ လက်နက်တွေတော့ မရလိုက်ဘူး။ အနီးမှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်ထဲက လက်နက်ကြီးပစ်ကူပေးနေတာရယ်၊ အနီး အ နားမှာရှိတဲ့ တခြားကင်းအဖွဲ့တွေလည်းက လာပြီးပစ်ကူပေးနေလို့ ပြန်ဆုတ်ခဲ့ရတာပါ” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင် ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အနီးအနားရှိ ကျေးရွာများ အတွင်း သို့လက်နက်ကြီးဖြင့် ၅ လုံးရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညောင်ပင်စဉ်နေ အသက် ၅၅ နှစ် အရွယ် အမျိုးသား ၁ ဦး နှင့် မြင်းမွှေးကျေးရွာနေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။