Category: News

  • စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်

    ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက နေ့စဉ် လာရောက်ပြီး နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း စစ်ဘေးရှောင် ပြည်သူများက တိုက်ပွဲအခြေအနေများကို အွန်လိုင်းပေါ် တင်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ၏ ဖုန်း အလုံး ၅၀ ကျော်ကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။

    “နီမဒဲကုန်း မဲဇလီ တစ်လျောက်စစ်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဒေသ ပြည်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေမှာ ကြံ့ဖွတ်ပါတီဝင်တွေက စစ်ဘေးမတိမ်းရှောင်ဘဲ ကျေးရွာအတွင်းက နေအိမ်တွေကို နေ့စဉ် လာရောက် ဖောက်ထွင်းနေတာ စားသောက်ကုန် ပစ္စည်းတွေနဲ့ အိမ်တွင်း အသုံးဆောင်တွေကို ဆက်တိုက် ခိုးနေပါတယ်။ ကြက်တွေကိုလည်း ခိုးယူပြီး စစ်ခွေးတွေကို ပေးဆောင်တာတွေ လုပ်နေပါတယ်။ နောက်ပြီး စစ်ခွေးတွေက ပြည်သူတွေ တိုက်ပွဲသတင်းတွေ တင်မှာ ဆိုးလို့ဆိုပြီး ပြည်သူတွေရဲ့ ဖုန်းအလုံး ၅၀ ကိုလည်း သိမ်းဆည်းသွားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ ၂၄ မိနစ်က ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းမပေါ်ရှိ မဲဇလီ – ဆည်တော် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၅၄ မိနစ်အထိကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘန်ကာ ၃ လုံးအထိဖြိုချနိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာ အနီး၌ မဲဇလီစခန်းကို စစ်ကူ ပေးရန်လာသောအကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီနှင့် အပေါင်းအပါများ

  • သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး

    မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ်

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ် ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ဒဏ်ရာရရှိသော စစ်သား ၄ ဦးထဲမှ ဗိုလ်ကြီး ၁ ဦးသည် အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် သာပေါင်းဆေးရုံသို့ ဝင်ရောက် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဗိုလ်ကြီး အလောင်းကို သာပေါင်း ရင်ခွဲရုံရှေ့တွင် အလောင်းပြင်ထားကြောင်း သိရှိရသည်။

    ကျန်ရှိသော ဒဏ်ရာရ စစ်သား ၃ ဦးသည် ထိခိုက်ဒဏ်ရာပြင်းထန်ပြီး အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းတွင် ဆက်လက် ကုသမှုခံယူနေသော်လည်း သေဆုံးနိုင်ချေများကြောင်း သိရသည်။

    “သာပေါင်းမှာတော့ ရခိုင်တပ်တော် ထိုးစစ်တွေကြောင့် တိုက်ပွဲတော့ဆက်ဖြစ်နေပါတယ်။ စစ်ခွေးတွေလည်း ထွက်ပြေးနေတာတွေများတယ်။ စစ်ခွေးခံစစ်ကတော့ တောက်လျောက်ကိုပြင်နေတာ စစ်ခွေးတွေဘက်က ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ ထိခိုက်သေဆုံးမှုတွေလည်းများတယ်။ ထိုးစစ်က ဘယ်နေရာကိုရောက်နေလည်းဆိုတော့ မသိနိုင်သေးဘူး။ တိုက်ပွဲတွေရှိနေတော့ မြေပြင်အခြေအနေ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စနိုက်ပါ ထိမှန်သေဆုံးခဲ့သည့် ဒုရဲမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ကို သာပေါင်းမြို့ မြို့မရဲစခန်းတွင် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သာပေါင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ် ပြုလုပ်ခဲ့ကြောင်း၊ သေဆုံးသွားသော စခန်းမှူး နေရာတွင် ငပုတော‌တောင်ပိုင်း ဇာတိ ရဲအုပ်ရင်အေးကို အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ရင်အေးသည် မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဗုံးစထိမှန်မှုကြောင့် ဆေးခွင့်ယူကာ ငပုတောမြို့ကို ပြန်လည် ရောက်ရှိနေပြီး ငပုတောသို့ ပြောင်းရွှေ့ခွင့် တင်ထားသော်လည်း သာပေါင်းမြို့ကို ရာထူးတိုးဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

    သာပေါင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သစ်ဖြူကျေးရွာ အုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် သွားရောက်စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    photo credit – သတင်းအထူးတပ်ဖွဲ့ -ပုသိမ်

  • ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

    ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ​မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ထွက်လာသည့် သံပြားကာ စစ်ကား ၄ စီးပါ ယာဉ်တန်းကို ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် ပဒေသာ ၇ လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း၊ မိုင်းထိမှန်သော သံပြားကာ စစ်ကားသည် ထိုးရပ်သွားပြီး လမ်းပိုင်း လုံခြုံရေးကင်းယူနေသော စစ်သားများက တော်လှန်ရေး ရဲဘော်များကို လိုက်လံ ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်လံ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များက ယူကြုံးမရ မိသားစုနှင့်ထပ်တူ ကြေကွဲ ဝမ်းနည်းရကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

  • ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

    ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

    စလင်းနှင့် ချောက်မြို့နယ်တို့တွင် ပြည်သူကို ခြိမ်းခြောက်ဆက်ကြေးကောက် ဖမ်းဆီးနေ သည့် ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

    မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မက ဆက်ကြေး ဝင်ကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ‌ ပွဲချင်းပြီး သေဆုံးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၁၃ မိနစ်က စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း မှ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ သည် တညောင်ဈေးထဲ ပိုက်ဆံလိုက်ကောက်နေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းမှ လှည့်ကင်းရဲဘော်များက‌ တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

    “သူက ဈေးထဲမှာ ဆက်ကြေးကောက်နေတုန်း လှည့်ကင်းရဲဘော်တွေက တွေ့ပြီး ရှင်းခဲ့တာ၊ ပစ်ခတ် ရှင်းလင်းပြီးတဲ့အခါ တညောင်ခွဲရုံရှိတယ်၊ ဈေးနားဝန်းကျင်တွေရော အဆက်မပြတ် ဂန်းတွေဖောက် တယ်။ ဂန်းတွေဖောက်ပြီးတော့ လမ်းပိုင်းကို ခဏပိတ်ထားတယ်။ အခုတော့ ပြန်ဖွင့်လိုက်ပေးပြီ။ ရဲဘော်တွေအားလုံးဘေးကင်းစွာ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    သေဆုံးသူ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ အပါအဝင် ရဲများအားလုံးကို အလင်းဝင်ရောက်ကြရန် ၃ ကြိမ် တိတိ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း အလင်းဝင်ရောက်လာခြင်းမပြုသည့်အပြင်၊ ပြည်သူ များ အပေါ် ခြိမ်းခြောက်ငွေတောင်းရမ်းမှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း သတင်းအတိ အကျရရှိထားသဖြင့် ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    အဆိုပါ စစ်ရေးကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် တညောင်ရဲစခန်းနှင့် တညောင်- မြို့လှလျှပ်စစ်ဓာတ်အားပေးရုံမှ စစ်သား များက သေနတ်များပစ်ဖောက်ကာ တညောင်လမ်းပိုင်းများအား ပိတ်ထားကြောင်း သိရသည်။

    အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၁၅ နယ်မြေ ၊တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူ အကြမ်းဖက်စစ်တပ် ထောက်တိုင် တင်လှ (ခ) ဒေါင်းတင်အား ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာပင် သေဆုံးသွားကြောင်း Chauk Guerrilla Force – C.C.F တာဝန်ခံကို Ko Paing က ပြောကြားသည်။

    ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လည်ပိုင်းက ချောက်မြို့နယ် ၊ အမှတ် ၁၅ နယ်မြေ၊ တိုးချဲ့ရပ် ကွက်တွင်နေထိုင်သူ အကြမ်း ဖက်စစ်တပ်ထောက်တိုင် တင်လှ (ခ)ဒေါင်းတင်အား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးပြီး မြို့ပြင်သို့ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း သိရသည်။

    “မြို့ထဲအထိဝင်ဖမ်းခဲ့တာ၊ စခတွေမသိလိုက်ဘူး။ သူလာမယ်ဆိုတာ သတင်းကြိုရလို့ လူပြတ်တဲ့ လမ်းနေရာကနေ စောင့်ဖမ်းပြီးခေါ်ထုတ်လာခဲ့တာပါ။ မှတ်ပုံတင်တစ်ခုနဲ့ ဖုန်းတစ်လုံးတော့ သိမ်း ဆည်းရရှိခဲ့တယ်။ မြို့ပြင်တနေရာမှာ ခေါ်ထုတ်ရှင်းခဲ့တာဆိုတော့ အလောင်းလည်း လာမကောက် နိုင်လောက်ဆိုပြီး ကောင်းကောင်းမွန်မွန်နဲ့ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်” ဟု Chauk Guerrilla Force – C.C.F တာဝန်ခံကို Ko Paing က ပြောကြားသည်။

    သေဆုံးသူ တင်လှ (ခ) ဒေါင်းတင်သည် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်း သည့် ကိစ္စများကို ဦးဆောင်ကာ လုပ်ဆောင်ပေးနေသူဖြစ်သည့်အပြင် ၂၀၂၃ ခု နှစ်ကလည်း UG တပ်ဖွဲ့ဝင်များကို လိုက်လံစုံစမ်းကာ အကြမ်းဖက်စစ်တပ်ထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းမှုများရှိခဲ့သဖြင့် ပြည်သူ့အကျိုးစီးပွားကို နှောက်ယှက် ဖျက်ဆီးနေသူ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ မြို့တွင်း အထိဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerrilla Force – C.G.F နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

    မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

    ဘီးလင်း၊ မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦးထွက်ပြေး

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းသိမ်း တိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦး ထွက် ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက် ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ တစ်လတာ တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတပ်ကြပ် လှမျိုးနိုင်၊တပ်သား အာကာ၊ တပ် သား ကျော်မြင့်၊ တပ်ကြပ်ကိုသက်၊ ဒုတပ်ကြပ်ကျော်ကျော်၊ တပ်သား သန်းစိုးအောင်၊ တပ်သား စောအယ်ဒိုထူး၊ တပ်သားဇော် ပိုင်၊တပ်သား ကျော်မင်းဦး၊တပ်ကြပ် သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊တပ်ကြပ်ကြီးကျော်ခိုင် အပါအဝင် စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

    တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော မဲပလီဗျူဟာတပ်စခန်းမှ စကခ ၈ ဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင် ၂၀ ဦးခန့်မှာလည်း စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စကခ ၈ မှ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း ၂၇ ဦးဖမ်းဆီရမိပြီး ကောင်းမွန်စွာစောင့်ရှောက် ထားကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသောအကြမ်းဖက်စစ်ကောင်စီ မဲပလီဗျူဟာမှူးနှင့်အဖွဲ့ကို တော်လှန်ရေးတပ်များက လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းများမှ သူရိယစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်များ၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း အပါအဝင် KNLA၊ PDF၊ BPLA၊ FFDဒရုန်းအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းကုန်းကို ၁ လအတွင်းအောင်မြင်စွာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့်တပ်ရင်းမှူးတို့မှာ ပြည်သူများကို ဖိနှိပ် ရိုက်နှက်သတ်ဖြတ်ခဲ့သူများ ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ် နေမျိုး၊ တပ်သား သန်းစိုးအောင် တို့က အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး မဲပလီရွာ သား အမျိုးသမီးတစ်ဦး အပါအဝင် ၈ ဦးကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲသို့ခေါ်ဆောင်သွားပြီး ဗျူဟာဓမ္မာရုံတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားခဲ့ကြောင်း သိရှိရသည်။

    ဒုတိယဗိုလ်မှူးကြီးစိုင်းသူရဌေး၏ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သေ ဆုံးသွားခဲ့ကြောင်း၊ ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးက မဲပလီရွာမှအမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက် အတင်းအဓမ္မအနိုင်ကျင့်စေခိုင်းခဲ့သည့်ဖြစ်စဉ် လည်းရှိခဲ့ကြောင်း သိရှိရသည်။