📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး

—

by

in

ဘီးလင်း၊ မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦးထွက်ပြေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းသိမ်း တိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦး ထွက် ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက် ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ တစ်လတာ တိုက်ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း၊ ဒုတပ်ကြပ် လှမျိုးနိုင်၊တပ်သား အာကာ၊ တပ် သား ကျော်မြင့်၊ တပ်ကြပ်ကိုသက်၊ ဒုတပ်ကြပ်ကျော်ကျော်၊ တပ်သား သန်းစိုးအောင်၊ တပ်သား စောအယ်ဒိုထူး၊ တပ်သားဇော် ပိုင်၊တပ်သား ကျော်မင်းဦး၊တပ်ကြပ် သန်းမိုး၊ ခွဲတပ်ကြပ်ကြီးလှဌေး၊တပ်ကြပ်ကြီးကျော်ခိုင် အပါအဝင် စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော မဲပလီဗျူဟာတပ်စခန်းမှ စကခ ၈ ဒုဗိုလ်မှူးကြီးတင့်လွင်ဦး၊ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစိုင်းသူရဌေး အပါအဝင် ၂၀ ဦးခန့်မှာလည်း စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စကခ ၈ မှ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း ၂၇ ဦးဖမ်းဆီရမိပြီး ကောင်းမွန်စွာစောင့်ရှောက် ထားကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသောအကြမ်းဖက်စစ်ကောင်စီ မဲပလီဗျူဟာမှူးနှင့်အဖွဲ့ကို တော်လှန်ရေးတပ်များက လိုက်လံချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းများမှ သူရိယစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်များ၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း အပါအဝင် KNLA၊ PDF၊ BPLA၊ FFDဒရုန်းအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းကုန်းကို ၁ လအတွင်းအောင်မြင်စွာအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထွက်ပြေးသွားသော စစ်ကောင်စီတပ်မှ ဗျူဟာမှူးနှင့်တပ်ရင်းမှူးတို့မှာ ပြည်သူများကို ဖိနှိပ် ရိုက်နှက်သတ်ဖြတ်ခဲ့သူများ ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ် နေမျိုး၊ တပ်သား သန်းစိုးအောင် တို့က အရက်သေစာသောက်စားမူးယစ်ရမ်းကားပြီး မဲပလီရွာ သား အမျိုးသမီးတစ်ဦး အပါအဝင် ၈ ဦးကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲသို့ခေါ်ဆောင်သွားပြီး ဗျူဟာဓမ္မာရုံတွင် ဆေးကုသပေးခြင်းမရှိဘဲ ပစ်ထားခဲ့ကြောင်း သိရှိရသည်။

ဒုတိယဗိုလ်မှူးကြီးစိုင်းသူရဌေး၏ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ သေ ဆုံးသွားခဲ့ကြောင်း၊ ဒုဗိုလ်မှူးကြီးစိုင်းသူရဌေးက မဲပလီရွာမှအမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက် အတင်းအဓမ္မအနိုင်ကျင့်စေခိုင်းခဲ့သည့်ဖြစ်စဉ် လည်းရှိခဲ့ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်