Category: News

  • ရန်ကုန်တိုင်း၊ ကမာရွတ်တွင် လူနာတင်ကားဖြင့် စစ်တပ်က လှည့်လည် ပေါ်တာဆွဲ

    ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ

    ရန်ကုန်မြို့၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အကြမ်း ဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူနာတင်ကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကမာရွတ်ဘူတာတွင် ရထားစောင့်နေသည့် လူငယ် ၁ ဦးကို ပရဟိတ လူနာတင်ကားဖြင့် ရောက်လာသည့် အရပ်ဝတ် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော လူငယ်က ထွက်ပြေးရန် ကြိုးစားခဲ့သောကြောင့် ပျူစောထီးများ ဝိုင်းဝန်းရိုက်နှက်ပြီး ကားပေါ် တင်ခေါ်သွားကြောင်း သိရသည်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်း ကမာရွတ်မြို့နယ် လှည်းတန်းဘူတာတွင် လူနာ တင်ကားဖြင့် လှည့်လည် ပေါ်တာဆွဲရာတွင် လူငယ် ၇ ဦး အဖမ်းခံခဲ့ရပြီး ကမာရွတ်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံစစ်တပ်၊ ပျူစောထီးများပါဝင်ကြောင်း၊ အမှတ် ၃ရပ်ကွက် ရတနာမြိုင်လမ်းတွင် နေထိုင်သူ ပျူစောထီး နေလင်းထိုက်၊ ခိုင်ရွှေဝါ(ဗဟိုလမ်း)မှ ပျူစောထီး ရဲဝင်းတို့ပါဝင်ကြောင်း သိရှိရသည်။

    “ကမာရွတ်မြို့နယ်မှာ ပရဟိတလူနာတင်ကားနဲ့ လူပြန်ပေးဆွဲတဲ့ အလုပ်ကို စစ်ခွေးတွေ လုပ်နေကြပါတယ်။ မနေ့ မွန်းလွဲပိုင်းက ရထား လက်မှတ်ဝယ်ပြီးရထားစောင့်နေတဲ့ လူငယ် ၁ ဦးက ပလက်‌ဖောင်းပေါ် ရထားစောင့်နေတုန်း လူနာတင်ကား ရောက် လာပြီး ကားပေါ်က အရပ်ဝတ် စစ်ခွေးတွေက ဆင်းလာပြီး ဓားထုတ်ပြပြီး လက်ထိပ်ပါခတ်ပြီး ဖမ်းသွားတာ လူငယ်လေးက ရုန်းတော့ ဝိုင်းထိုးကြိတ်ပြီး ကားပေါ်တင်သွားပါတယ်။ ဘူတာနား ကားရပ်ပြီး တက်ဖမ်းတာပါ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    1/2/2025

    ရန်ကုန်လှည်းတန်းမှာပေါ်တာလိုက်ဆွဲလို့ပြေးသည့် ရုပ်သံ ဟုကနဦးသိရ

    အလားတူ မန္တလေးတိုင်း၊ ပုဂံမြို့ ကိုးလုံးရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ဧည့်စာရင်းဝင်ရောက် စစ်ဆေးပြီး လူငယ် ၁၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီခန့်တွင် ပုဂံမြို့ ကိုးလုံးရပ်ကွက်ကို အကြမ်း ဖက် စစ်ကောင်စီ တပ်သားက ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော လူငယ်များကို စစ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။

    “ပုဂံမြို့ ၊ ကိုးလုံးရပ်ကွက်ကို စစ်ခွေးတွေ ဧည့်စာရင်းဝင်စစ်တယ်။ ည ၉ ကျော်လောက်က စစ်ခွေးတွေ သူတို့ဧည့်စာရင်းစစ်တဲ့ နေအိမ်တွေက လူငယ် ၁၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်။ တချို့အိပ်ပျော်နေတဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဝင်နှိုးပြီး ခေါ်ဆောင်သွားပါတယ်။ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို စစ်ကားနဲ့ ခေါ်ဆောင်သွားတယ်။ ဘယ်ကိုခေါ်သွားလဲဆိုတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ထို့အတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စိတ္ထိန်းရွာ နှင့် သန်းကြီးကုန်းရွာ အလှူပွဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျောက်ပန်းတို့မြို့နယ်၊ သန်းကြီးကုန်းရွာ အလှူပွဲကို အကြမ်းဖက် စစ်တပ်က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မြောက်လယ်ကြီးရွာနှင့် စိတ္ထိန်းရွာမှ ပြည်သူ ၄ ဦး ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သောကြောင့် လူငယ်များ ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

    “သန်းကြီးကုန်းရွာ အလှူပွဲမှာ ပေါ်တာဆွဲလို့ လူငယ် ၃၀ ပါသွားတယ်။ မြောက်လယ်ကြီးရွာက တောတိုက်ထဲမှာနေကြတဲ့ ထန်းတက်သမား ထန်းတဲတွေ၀င်ဆွဲလို့ အမျိုးသားတွေ အိမ်မှာ မနေရဲကြတော့ပါဘူး။ စိတ္ထိန်းရွာက တောတိုက်ထဲမှာနေတဲ့ စစ်ဘေးရှောင် မြင်းခြံက မိသားစု ၃ ဦးနဲ့ အိမ်ရှင်ကိုလည်း စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ ပုံခိတ်ရွာတွင် ပြည်သူ့စစ်ခေါင်းဆောင် မာလာခိနှင့် အုပ်ချုပ်ရေးမှူး ပေါလု တို့ဦးဆောင်၍ စစ်မှုထမ်း လစဉ်ငွေကျပ် ၁ သိန်း လိုက်လံကောက်ခံနေကြောင်း၊ ထို့ပြင် စစ်မှုထမ်း လစဉ်ကြေးမပေးနိုင်သည့် လူငယ်များကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ငွေကျပ် သိန်း ၆၀ ဖြင့် ပြန်လည်ရောင်းစားနေကြောင်း သိရသည်။

    “ကျိုင်းတုံမြို့၊ ပုံခိတ်ရွာမှာ ပြည်သူ့စစ်ခေါင်းဆောင် မာလာခိနဲ့ အုပ်ချုပ်ရေးမှူး ပေါလုတို့ ဦးဆောင်ပြီး စစ်မှုထမ်းကြေး လစဉ် ၁ သိန်းကောက်ပါတယ်။ လတိုင်းပေးနေရတော့ အခုမပေးနိုင်တဲ့ အိမ်တွေများလာပြီး လူငယ်တွေကို နေအိမ်ထဲထိ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ကို ငွေကျပ် သိန်း ၆၀ နဲ့ ပြန်ရောင်းစားနေပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် တိုးချဲ့ ၂ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး သော်ဇင် ဦးဆောင်ကာ စစ်မှုထမ်းကြေး လစဉ် ငွေကျပ် ၅၀၀၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသနေပြည်သူများကို ပြောဆိုပြီးနောက် ဖေဖော်ဝါရီလ အတွက် စစ်မှုထမ်းကြေးများ လိုက်လံကောက်ခံနေကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၉ အတွက် စုဆောင်းခံရသော လူငယ်များ။

  • မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ

    မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ

    ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး

    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

    ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။

    “အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

    အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို ယမန်နေ့က အသိပေးထားသည်။

    ” အာဏာသိမ်းမှု (၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ငါတို့ ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”ဟု ကိုဆောင်းခက လူမှုကွန်ရက်၌ ရေးသားထားသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုထားပြီး အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

    တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ကြီးနှင့် ဖမ်းမိသော စစ်သုံ့ပန်းများ။(Thoo Lei)

  • ညောင်ဂွေး၀ကျေးရွာသို့  စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

    ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

    ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူဆောင်

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေး၀ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကား၊ ဆိုင်ကယ်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများနှင့် ရွှေငွေများကို စစ်သားများက လုယက်ယူ ဆောင်သွားကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊‌ ရွှေဘိုးကျွန်းရွာ စာသင်ကျောင်းတွင် စခန်းချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀‌ ခန့်သည် ကျောက်ကြီးရွာနှင့် ညောင်ဂွေးဝကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ဂွေး၀ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းစဉ် ပြည်သူပိုင် ဈေးဆိုင်များ၊ လူနေအိမ်များကိုလည်း ၀င်ရောက်မွှေနှောက် ဖျက်ဆီးပြီး ‌ရွာထဲရှိ တန်ဖိုးကြီး ပစ္စည်းများ၊ ပိုက်ဆံနှင့် ရွှေထည် များကိုလည်း ယူဆောင်သွားကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကား ၊ ဆိုင်ကယ်များနှင့် ကားဝပ်ရှော့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    “ပြည်သူပိုင် ပစ္စည်းတွေနဲ့ ရွှေငွေတွေကိုလည်း ယူဆောင်သွားပါတယ်။ ကျေးရွာနေ ပြည်သူတွေဆိုတာ တစ်နေ့လုပ်မှ တစ်နေ့ စားနေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို ဖျက်ဆီးသွားတာ ကားဝပ်ရှော့လေး တစ်ခုကို မီးရှို့ဖျက်ဆီးသွားတာဆိုရင်လည်း ဒါဟာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုလေး တစ်စုရဲ့ ခက်ခဲတဲ့ ကာလမှာ ထူထောင်ထားတဲ့ အရာပေါ့။ ရွာထဲမှာ ပါသွားတဲ့ ရွှေ‌ငွေ တန်ဖိုးရှိတဲ့ အရာတွေလည်း တကယ်ကို ရိုးရိုးသားသားရှာဖွေထားတဲ့ သာမန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို ဖျက်ဆီးပြီးတော့ သူတို့ မွှေနှောက်သွားတာပေါ့။ နောက်ပြီးတော့ လက်နက်ကြီးတွေ ရမ်းသမ်းထုနေတဲ့ အတွက် တကယ်ကို အလန့်တကြားနဲ့ အထိပ်တလန့်နဲ့ နေနေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကိုတော့ စိုးရိမ်စိတ်တွေနဲ့ သူတို့ရဲ့ လုပ်ရပ်က လူမဆန်ဘူးလို့ပဲပြောချင်တယ်။ စာနာစိတ်ကင်းမဲ့တဲ့ လုပ်ရပ်တွေပေါ့” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ်ကို ညောင်ဂွေးဝကျေးရွာ တောင်ဘက် (ဘုရားကုန်း) အရောက်တွင် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စောင့် ကြို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေ အနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ယင်းစစ်ကြောင်းသည် ညောင်ဂွေး၀ကျေးရွာမှ တောင်ဖြူကျေးရွာနှင့် ရှားတောကျေးရွာကို ဖြတ်၍ ကပစ ၂၂ ဂိတ်ကို ပြန်လည် ၀င်ရောက်သွားကြောင်း သိရသည်။

    ထို့ပြင် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ကပစ ၂၂ မှ အကြမ်းဖက် စစ်ကောင် စီ တပ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၅ နှစ်အရွယ် အမွှာ ညီအကို ၂ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

  • မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

    မကွေးတိုင်းထဲက စစ်ကောင်စီတပ်တွေကို AA ဝင်တိုက်

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာဝတီက ရရှိထားတဲ့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။

    တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ AA တပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

    တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိပြီး အဲဒီတပ်တွေဟာ ဂုတ်စီးရိုးရွာ အရှေ့မြောက်ဘက်မှာရှိတဲ့ တာဝါတိုင်ကုန်းမှာ ဆုတ်ခွာစုပေါင်းနေတဲ့ အတွက် AA တပ်တွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

    တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေနဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်း လမ်းမကြီးကို ကာကွယ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

    တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်တဲ့ ၉၉၁၊ ၉၉၂၊ ၉၉၃ တို့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ ခုရှိပြီး ဒီအထဲက ၆ ရင်းနဲ့ ဂုတ်စီးရိုးကျေးရွာအနီးမှာ ခံစစ်တည်ဆောက် ထားတာလို့ ဆိုပါတယ်။

    တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်။

    AAနဲ့ ဖြစ်ပွားတဲ့ ငဖဲမြို့နယ်တိုက်ပွဲအတွင်း အင်အား ၁၃၀၀ ကျော်စစ်ကောင်စီတပ်၊ အင်အား ၇၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ဆို

    အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် ငဖဲမြို့နယ်အတွင်း တိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေမှာ နဂိုက အင်အား ၁၃၀၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အင်အား ၇၀၀ ကျော်သာ ကျန်ရှိတော့တယ်လို့ ဧရာ၀တီသတင်းဌာရဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို ဇန်နဝါရီ ၃၁ ရက်နေ့က အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

    အဲဒီတိုက်ပွဲအတွင်း ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရရှိထားတဲ့ မြေပြင် အချက်အလက်တွေကို ကိုးကားပြီး ဧရာ၀တီက သတင်းဖော်ပြပါတယ်။

    ခုလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံတပ်တွေမှာ အင်အား ၆၀၀ ကျော်ခန့် ပြုန်းတီးကုန်တယ်လို့ သိရပါတယ်။

    “ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်”လို့ ဧရာ၀တီက ဆက်လက်ဖော်ပြပါတယ်။

    တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်ကြတဲ့ ၉၉၁၊ ၉၉၂၊ ၉၉၃ တို့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ ခုရှိပြီး ဒီအထဲက ၆ ရင်းဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပါတယ်။

    ဒီ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းက စစ်ကောင်စီရဲ့ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေနဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်း လမ်းမကြီးကို ကာကွယ်ဖို့ အတွက် ရောက်ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီလို ရောက်ရှိလာပြီးနောက် ဂုတ်စီးရိုး ကျေးရွာအနီးမှာ ခံစစ်တည်ဆောက်ခဲ့ရာ အဲဒီ စခန်းကို AA က ဇန်နဝါရီ ၃၁ ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

    အာရက္ခတပ်တော်ရဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ “ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှာလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ဟာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    AA ရဲ့ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်တဲ့ စစ်ကောင်စီတပ်ဟာ ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာ သွားခဲ့ရတယ်လို့ ဆိုပါတယ်။

    ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့လည်း AAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (ဓာတ်ပုံ- ဧရာ၀တီ)

  • ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

    ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်

    ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ MGN မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာမှ ပျူစောထီးများသည် ဆီမီးခုံမြို့မှ ဈေးဝယ်ပြီး ဘေးတွဲ ဆိုင်ကယ်များဖြင့် ပြန်လာစဉ် ဆီမီးခုံမြို့ ရေနက်ဆိပ်ကမ်း (စစ်‌သင်္ဘောတည်ရှိရာရေတပ်စခန်း) နှင့် ဆုံရွာ အကြားရှိ ကားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှုအတွင်း ပျူစောထီး ၄ ဦး သေဆုံးပြီး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ကျနော်တို့ လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ ရှောင်တခင် ဝင်ရောက်ပစ်ခတ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ MGN မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် မြင်းခြံ မြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့ (MNGF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ ဆုံရွာ ပျူစောထီးရွာသည် အနီးနားရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးဆိုးလုနိုက်ပြီး မုဒိမ်းကျင့်ဗိုလ်ကျနေသူများဖြစ်ကြောင်း သိရသည်။