မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧရာဝတီက ရရှိထားတဲ့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။
တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာ AA တပ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိပြီး အဲဒီတပ်တွေဟာ ဂုတ်စီးရိုးရွာ အရှေ့မြောက်ဘက်မှာရှိတဲ့ တာဝါတိုင်ကုန်းမှာ ဆုတ်ခွာစုပေါင်းနေတဲ့ အတွက် AA တပ်တွေက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေနဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်း လမ်းမကြီးကို ကာကွယ်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်တဲ့ ၉၉၁၊ ၉၉၂၊ ၉၉၃ တို့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ ခုရှိပြီး ဒီအထဲက ၆ ရင်းနဲ့ ဂုတ်စီးရိုးကျေးရွာအနီးမှာ ခံစစ်တည်ဆောက် ထားတာလို့ ဆိုပါတယ်။
တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်။
AAနဲ့ ဖြစ်ပွားတဲ့ ငဖဲမြို့နယ်တိုက်ပွဲအတွင်း အင်အား ၁၃၀၀ ကျော်စစ်ကောင်စီတပ်၊ အင်အား ၇၀၀ ခန့်သာ ကျန်ရှိတော့တယ်လို့ဆို
အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် ငဖဲမြို့နယ်အတွင်း တိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေမှာ နဂိုက အင်အား ၁၃၀၀ ကျော်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ အင်အား ၇၀၀ ကျော်သာ ကျန်ရှိတော့တယ်လို့ ဧရာ၀တီသတင်းဌာရဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာ အနီးမှာ ခံစစ်တည်ဆောက်ထားတဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို ဇန်နဝါရီ ၃၁ ရက်နေ့က အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ရုပ်အလောင်း ၆၀ ကျော် ရရှိပြီး စစ်သုံ့ပန်း တချို့ကို ထိမ်းသိမ်းထားသလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရရှိထားတဲ့ မြေပြင် အချက်အလက်တွေကို ကိုးကားပြီး ဧရာ၀တီက သတင်းဖော်ပြပါတယ်။
ခုလို တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီ တပ်မ (၉၉) လက်အောက်ခံတပ်တွေမှာ အင်အား ၆၀၀ ကျော်ခန့် ပြုန်းတီးကုန်တယ်လို့ သိရပါတယ်။
“ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ စပြီးအင်အား ဖြည့်တင်းလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း အင်အား ၁၃၀၀ ကျော်ရှိပြီဖြစ်ပေမယ့် တိုက်ပွဲအတွင်း လက်နက်ချ၊ သေဆုံး၊ ထွက်ပြေးမှုများကြောင့် အင်အား ၇၀၀ ခန့်သာ ကျန်တော့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ် အချက်အလက်အရ သိရပါတယ်”လို့ ဧရာ၀တီက ဆက်လက်ဖော်ပြပါတယ်။
တပ်မ (၉၉) လက်အောက်ခံ နည်းဗျူဟာ ၃ ခုဖြစ်ကြတဲ့ ၉၉၁၊ ၉၉၂၊ ၉၉၃ တို့နဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ ခုရှိပြီး ဒီအထဲက ၆ ရင်းဟာ အမ်း-ပဒါန်း ကားလမ်းမပေါ်ကို စစ်ကားကြီး ၂၈ စီးဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ မကွေးတိုင်းအတွင်းက စစ်ကောင်စီရဲ့ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) တွေနဲ့ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်း လမ်းမကြီးကို ကာကွယ်ဖို့ အတွက် ရောက်ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ရောက်ရှိလာပြီးနောက် ဂုတ်စီးရိုး ကျေးရွာအနီးမှာ ခံစစ်တည်ဆောက်ခဲ့ရာ အဲဒီ စခန်းကို AA က ဇန်နဝါရီ ၃၁ ရက်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အာရက္ခတပ်တော်ရဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ “ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှာလည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ဟာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
AA ရဲ့ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်တဲ့ စစ်ကောင်စီတပ်ဟာ ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာ သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ ကိုထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့လည်း AAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ (ဓာတ်ပုံ- ဧရာ၀တီ)
Leave a Reply