Category: News

  • ရွှေဝယ်မလိုနဲ့ ဆိုင်ထဲဝင် အနုကြမ်းစီးတဲ့ ဘု-န်းကြီး

    ရွှေဝယ်မလိုနဲ့ ဆိုင်ထဲဝင် အနုကြမ်းစီးတဲ့ ဘု-န်းကြီး

    ဘုန်းကြီးက ရွှေဆိုင်ကို ဓ-ါး-မြ-တိုက်-ရွှေလု ယူပီး၊

    ကားခေါင် မိုးပေါ်၊ တက်ပြေးတဲ့ သတင်း။

    ဖြစ်စဉ်က 27ရက်နေ့၊ မနက် 10:15လောက်က၊

    နောင်ဘွာလမ်ပူမြို့မှာက၊

    ရွှေဆိုင်၁ဆိုင်မှာ၊ ဘုန်းကြီးက၊ ရွှေဝယ် သလိုနဲ့၊ ဓ-ါး-မြ-တိုက်ပီး၊

    ရွှေ၁ဘတ်သားကို၊ လုယူ လာခဲ့တယ်။

    ဆိုင်ဝန်ထမ်းက၊ ဒီ ဘုန်းကြီး အနောက်ကို၊ ဆိုင်ကယ်နဲ့ လိုက်ပီး၊

    ဘုန်းကြီးကို လိုက်ဖ-မ်းတယ်။

    ရဲတွေ လာတာကို တွေ့တော့၊ ဘုန်းကြီးက၊ ကားခေါင်မိုးပေါ်ကို၊ တက်ပြေးတယ်။

    ပီးတော့ ဘုန်းကြီးက 7လက်မ၊ရှည်တဲ့၊ ဓ-ား-ကို-ထုပ်လိုက်ပီး၊
    t
    အနား မကပ် လာနဲ့နော်၊ လာရင်၊ သူကိုသူ၊ တခုခု လုပ်လိုက် မယ်လို့ ခြိမ်းချောက် တယ်ရှင့်။

    ရဲတွေက ဘုန်းကြီး အခြား သူတွေကို ဒုက္ခပေး မှာစိုးလို့၊

    အနားက လိမ်းတွေကို ပိတ်လိုက်ပီး၊ ဒီဘုန်းကြီးကို ဖ-မ်းဖို့၊

    အချိန်၂နာရီကြာ၊ ပေးခဲ့ရတယ်။

    ဘုန်းကြီးကို၊ မိသွားတော့၊ ဒီဘုန်းကြီးမှာ၊ ဘုန်းကြီးလတ်မှတ် မရှိဘူး။

    အကျင့် မကောင်းလို့၊ ကျောင်းအထိုင် ဆရာတော်က၊ မောင်းထုပ် လိုက်တာ။

    အဲလိုနဲ့ ဘုန်းကြီးဟာ၊ လျောက်သွား နေပီး၊ ရွှေဆိုင်က ရွှေကို လုယူ ခဲ့တာ။

    ရဲက ဘုန်းကြီး ရှုးရှုး တွေကို၊ စစ်လိုက်တော့၊

    ရှုးရှုးက၊ ခရမ်းရောင် ဖြစ်နေ တယ်တဲ့ရှင်။

    ဆေး-သုံး-ထားတဲ့၊အနေ အထားတွေ၊ စစ်ရ မိတယ်။

    ဘုန်းကြီးရဲ့၊ နောက်ကြောင်းကို၊ စစ်လိုက်တော့၊ ကောင်းတာ တခုမှ၊ မရှိဘူး။

    နောက်ပီး ဘုန်းကြီးက၊ ရွှေကို မလူယူခင် တုန်းက၊

    ပထမ ဆိုင်၁ဆိုင်မှာလဲ၊ လုယူဖို့ ၊ကြိုးစား ခဲ့ဖူးတယ်လို့၊သိရတယ်။

    ရဲက ဘုန်းကြီးကို၊ လူအင်ကျီ၊ပေးဝတ်စေပီး၊

    ဘုန်းကြီးနေဖို့၊သံတိုင်ကျောင်းကို ၊ခေါ်သွားပါပီရှင့်။

    ထိုင်း-မြန်မာမူရင်းဘာသာပြန် Nanpiya

  • ဗန်းမော် တိုက်ပွဲ အနှစ်ချုပ်

    ဗန်းမော် တိုက်ပွဲ အနှစ်ချုပ်

    ဗန်းမော် တိုက်ပွဲ အရှိန် ဆတိုး ပြင်းထန်နေဆဲ ၊ ကာကင်းစခန်းများ ဆက်တိုက် သိမ်းပိုက် ။

    ရက်ပိုင်းအတွင်း အရေးကြီးဆုံး စခက (၂၁ ) ကျ နိုင်ကြောင်း စစ်ရေးစောင့်ကြည့်သူများ သုံးသပ်နေ။

    မြစ်ကြီးနား ၊ မြောက်ပိုင်းတိုင်း ( မပခ ) အတွင်း စည်းထိ နေ့စဉ် လက်နက်ကြီး အပါအဝင် ၊ ဒရုန်း များဖြင့် တိုက်ခိုက်ခံနေရ ။

    အရေးကြီး ထိပ်ပိုင်းမိသားစုဝင်များ မြစ်ကြီးနား မြို့ ထဲသို့ တိမ်းရှောင်နေ ကြောင်းသိရ။

    မြစ်ကြီးနား ၊ ဝိုင်းမော် မြစ်ကူးတံတား အစပ် မိုင်းနား ကျေးရွာ အထွက် စခ 🐕ဂိတ် လက်နက်ကြီး ကျရောက်ကွဲ ၊ အသေအပျောက် ရှိနိုင် ။

    မပခ မြောက်ပိုင်းတိုင်း မှ KIA / KPDF များ ရှိမည်ထင်သော နေရာများ သို့ နေ့စဉ် ညစဉ် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ် နေ ။

    ဝိုင်းမော် အခြေစိုက် ခလရ (၅၈) တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှု နေ့စဉ် ပစ်ခတ်နေ ။

  • မန္တလေးမှာ ပေါက်ကွဲသံ​တွေ ဆက်တိုက်ကြား​နေရ

    မန္တလေးမှာ ပေါက်ကွဲသံ​တွေ ဆက်တိုက်ကြား​နေရ

    မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။

    စစ်တပ်​ရွေး​ကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီဇင်
    ဘာ၂၈ရက် နေ့၊ဒီနေ့မနက် အ​စော ၁နာရီမှာ မြို့တွင်းမြို့ပြင်အားလုံးနီးပါး ပေါက်ကွဲသံ တွေကြားရတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

    “အသံ၅ခါကြားရတယ်။အာဏာသိမ်းခါစကိုပြန် ရောက်သွားသလိုပဲ”လို့ ဒေသခံ တဦးကပြောပါတယ်။

    ပေါက်ကွဲတဲ့ နေရာ တွေကို မသိရ ပေမယ့် အသံ တွေကို မန္တလေးမြောက်ပြင် ၁ဝ လမ်းကနေ ၁၁၀(မနော်ဟရီလမ်း)နေသူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေအထိ ကြားရတယ်လို့ သိရပါတယ်။

    ​ပေါက်ကွဲသံအချို့က နန်းတွင်းထဲကလို့ထင်​ကြောင်းဒေသခံအချို့က​ပြောပါတယ် ။ဒါအပြင် မင်းကွန်းဘက်မှာလည်း​ပေါက်ကွဲသံ​တွေဆက်
    တိုက်ကြား​နေရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

    စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတမြို့လုံး လုံခြုံ ရေးတင်းကြပ်ထားချိန်အခုလို ပေါက်ကွဲမှု​တွေဆက်တိုက်ဖြစ်​နေတာပါ ။

    စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာပဲ မြဝတီ ၊ထားဝယ်၊ပြည် စတဲ့မြို့နဲ့ မြို့နယ်​တွေမှာလည်း​ပေါက်ကွဲမှု​​တွေဆက်တိုက်ဖြစ်​နေပါတယ် ။

    (စစ်တပ်အာဏာမသိမ်းခင်က မီး​ရောင်တထိန်ထိန်နဲ့ မန္တ​လေးမြို့ရဲ့ ညပိုင်းအလှ။ဓါတ်ပုံ-Myanmar Skyline)

  • မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား …

    မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား …

    မင်းအောင်လှိုင်ရဲ့ “ဒီဂျစ်တယ် Live Stream အိပ်မက်” က ကောင်းကင်ပြာဓာတ်ပုံလေးနဲ့အတူ ဇာတ်သိမ်းသွား …

    ကမ္ဘာကိုလိမ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၂ ခုနှစ်တုန်းက အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တဲ့ MRTV Live Streaming အစီအစဥ်ကြီး အခု ဘာဖြစ်သွားပါပြီလဲ ? …

    အဖြေကတော့ ၃ ပတ်ကျော်ကြာ လိုင်းပေါ်မတက်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ “ကောင်းကင်ပြာ” ဓာတ်ပုံလေးတစ်ပုံတင်ကာ ပရိသတ်ကို နှုတ်ဆက်သွားခဲ့ပါပြီ။

    အပြင်မှာ ကောင်းကင်ပြာ၊ ရုံးခန်းထဲမှာ (ကံဆိုး) မိုးမှောင်ကျ စစ်အုပ်စုရဲ့ MRTV ဟာ အပိတ်ခဲ့ခဲ့ရတဲ့ သူတို့ရဲ့ (MRTV) လိုက်ဖ်လွှင့်တဲ့နေရာမှာ တိမ်အနည်းငယ်ရှိနေတဲ့ ကောင်းကင်ပြာဓတ်ပုံကို အစားထိုး တင်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့ MRTV ရုံးခန်းထဲမှာတော့ စစ်အုပ်စုရဲ့ ဝါဒဖြန့် ယန္တရားကြီးတစ်ခုလုံး ပြိုလဲနေတာဖြစ်လို့ မိုးတွေကသည်း၊ မုန်တိုင်းတွေကထန်ပြီး၊ အခုဆို “ငါတို့ ဘယ်လို ဆက်လိမ်ရမလဲ” ဆိုပြီး ခေါင်းမီးတောက်နေကြလောက်ပါပြီ။

    ဇတ်လမ်းအစက ဒီလိုပါဗျ …

    Twitch ဆိုတဲ့ နည်းပညာကုမ္ပဏီက ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး သူတို့ရဲ့ ဒီဂျစ်တယ် Live Streaming ပလက်ဖောင်းကနေ စစ်အုပ်စုရဲ့ အကောင့်တွေကို ဖြုတ်ချခဲ့တယ်။ ဒါကို ဉာဏ်ကြီးရှင် မင်းအောင်လှိုင်ရဲ့ တပည့်တွေက အကောင့်သစ်တွေ ခပ်တည်တည်ထပ်ဖွင့်ပြီး Live ထပ်လွှင့်ဖို့ ကြိုးစားပါလေရော၊ အဲဒီမှာပဲ Justice For Myanmar က ထပ်တိုင်လိုက်တော့ Twitch ကလည်း အဲ့အကောင့်တွေကို ထပ်ဖြုတ်ချလိုက်ပြန်တော့ အဲဒီမှာပဲ သူတို့တွေ ဂျွမ်းထိုးမှောက်ခုံတွေ ဖြစ်ကုန်တော့တာပါပဲ။

    ဒီလို Twitch က ကန်ထုတ်ခံရအပြီး မင်းအောင်လှိုင်တပည့်တွေဟာ ဩစတြေးလျအခြေစိုက် Kick ဆိုတဲ့ပလက်ဖောင်းကို ထပ်ပြောင်းပြီး Live ထပ်လွှင့်ပါလေရော၊ မင်းအောင်လှိုင်အဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ အဲ့မှာလည်း ထပ်အတိုင်ခံရပြီး Live စလွှင့်ပြီး (၂၄) နာရီတောင် မပြည့်ခင်မှာ ထပ်ကန်ထုတ် (Kicked out) ခံရပါလေရဲ့။

    အတိုပြောရမယ်ဆိုရင်တော့ ဒီဇင်ဘာလတစ်လထဲမှာပဲ စစ်အုပ်စုရဲ့ ဝါဒဖြန့်အကောင့် ၂၈ ခုကို Facebook၊ YouTube၊ Twitch နဲ့ Kick တို့လို နည်းပညာပလက်ဖောင်းအသီးသီးက ကန်ထုတ်ဖယ်ရှားပစ်ခဲ့ကြတာပါ။ နိုင်ငံ့ခေါင်းဆောင်ကြီး အမတန်ဖြစ်ချင်တဲ့ မင်းအောင်လှိုင်အတွက် နေ့မြင် ညပျောက် ဆိုတဲ့ တရားသဘောတွေကို ကိုယ်ထင်ပြပေးလိုက်တဲ့အတိုင်းပါပဲ။

    ဒီလိုသူတို့ရဲ့ ဟန်ပြရွေးကောက်ပွဲကြီး ကျင်းပဖို့လက်တစ်လုံးလောက်အလိုမှာပဲ နိုင်ငံတကာကို လိမ်ဖို့ အရေးကြီးဆုံး ဝါဒဖြန့်လက်နက်ဖြစ်တဲ့ Live Streaming ပလက်ဖောင်းတွေကို ဆုံးရှုံးလိုက်ရတာ …. Live ပြန်လွှင့်နိုင်ဖို့ အချိန်သုံးပတ်ကြာ ကြိုးပမ်းခဲ့ပေမဲ့ အကြိမ်တိုင်း ကျရှုံးတာ၊ ဒါတွေဟာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုအတွက် အကြီးမားဆုံး ထိုးနှက်ချက်လို့ ဆိုနိုင်ပေမဲ့၊ တနည်းအားဖြင့် ဒါဟာ သူတို့ရဲ့ ခေါင်းဆောင်မပီသမှုနဲ့ အရည်အချင်းမဲ့မှုတွေအတွက် ထိုက်တန်တဲ့ ရလဒ်တစ်ခုပဲ လို့လည်း ဆိုရမှာပါ။

    အဲဒီထဲမှာမှ Twitch နဲ့ Kick ကနေ MRTV ကို ဖြုတ်ချထားပါတယ်ဆိုတဲ့ Error Message တွေကို ပြည်သူတွေမြင်အောင် ရက်အကြာကြီး ချပြထားခဲ့မိပြီး ‌ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်း‌လေးအလို ရောက်ခါမှ Live Stream ဆက်ရှိ‌နေဟန်နဲ့ အခုလို ကောင်းကင်ပြာဓတ်ပုံလေးနဲ့ အစားထိုး ဖာထေးဖို့ ကြိုးစားတာကတော့ သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ညံ့ဖျင်းမှုနဲ့ အရှက်မဲ့မှုကိုပါ ထပ်မံသက်သေပြစေခဲ့ပါတယ်။

    ယုတ်စွအဆုံး နိုင်ငံတကာကိုပါ လိမ်ဖို့ကြိုးစားခဲ့တဲ့ မင်းအောင်လှိုင်ဟာ သူ့ရဲ့မိတ်ဆွေလို့ မှတ်ယူထားတဲ့ တရုတ်ကြီးရဲ့ TilTok ပလက်ဖောင်းမှာတောင် မနေ့ကပဲ (မြဝတီသတင်းပေ့ချ်) ကန်ထုတ်ခံခဲ့ရပြီး၊ ဒီရက်ပိုင်း သူ့အတွက်တော့ အလူးအလဲ အကွဲအပြဲနေ့ရက်များလို့တောင် ဆိုရမလားပါပဲ။ .

    ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ် အကြမ်းဖက်အုပ်ချုပ်နေပေမဲ့၊ နည်းပညာလောကမှာတော့ သူတို့အတွက် နေရာမရှိတော့ပါဘူး။

    ‌ပြောချင်တာကတော့ … “မင်းအောင်လှိုင်ရေ… ပြည်သူတွေအပြင် နိုင်ငံတကာကိုပါ လိမ်ဖို့ ခင်ဗျားဖွင့်ပေးခဲ့တဲ့ MRTV ပေ့ချ်တွေနဲ့ Live Stream ပလက်ဖောင်းတွေကတော့ အခု ကောင်းကင်ဘုံကို ရောက်သွားပါပြီ ….” လို့။

  • စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ

    စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ

    စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ

    ပြည်သူတွေလုံခြုံရေးသတိနဲ့နေဖို့ တော်လှန်ရေးတပ်တွေသတိပေး

    စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့​တွေမှာ မဲရုံ​တွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီး​တွေမှာ ပေါက်ကွဲမှုတွေဖြစ်​နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

    တမူးမြို့မှာပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေကြားရင် ဒေသခံတွေထွက်မကြည့်ကြဖို့ ကာကွယ်ရေးရဲဘော်တွေကသတိပေးထားပါတယ်။

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဒီနေ့(ဒီဇင်ဘာလ၂၇ရက်) ည ၇နာရီခန့်ကစပြီးပေါက်ကွဲသံ ၄ ကြိမ်ထက်မနည်းကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်းထန်တဲ့ပေါက်ကွဲသံတွေ ထွက်‌ ပေါ်ပြီးတဲ့နောက် စစ်တပ်က ကားတန်းနဲ့ မြို့ကိုပတ်နေတယ်လို့ သိရပါတယ်။

    ပဲခူးတိုင်းပြည်မြို့နယ်မှာဆိုရင်လယ်ဘဲ့ကျေးရွာက မဲရုံ၊ဝက်ထီးကန်ရဲစခန်းနဲ့ ဝက်မြေတောကျေးရွာမဲရုံ အနီးမှာ ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ခဲ့တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    ” မနက်ဖြန် ရွေးကောက်ပွဲနေ့ဘာတွေဆက်ဖြစ်မှန်းမသိဘူး။ ရွေးကောက်ပွဲကိုဘယ်သူမှလည်းစိတ်မဝင်စားဘူး။စစ်တပ်က ခြိမ်းခြောက်ပြီး မဲရုံတွေကိုလာခိုင်းနေတယ်” လို့ ပြည်မြို့ခံတဦးကပြောပါတယ်။

    မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ၊ အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံခိုင်ရေးပါတီရုံး အနီးနဲ့ စစ်​ကောင်စီရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးအနီး​တွေမှာ ည ၁၀ နာရီဝန်းကျင်အထိ ဗုံးသုံးကြိမ်​ပေါက်ကွဲခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

    “ကြံ့ဖွတ်ရုံးကိုချတာ။ လူထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    ဒီ​နေ့ည ၈ နာရီ ၄၅ မှာတစ်ကြိမ်၊ည ၉ နာရီခွဲလောက်မှာ တစ်ကြိမ်ဗုံး ၊ ည ၁၀ နာရီခန့်မှာတစ်ကြိမ်ပေါက်ကွဲခဲ့တာပါ။ ဒုတိယဗုံးကွဲပြီး​နောက်မီးခိုးလုံးတွေ ဆက်တိုက်တက်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။ ​

    “ကြံ့ဖွတ်ရုံးကိုချတာ။ လူထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    တတိယ​မြောက်ဗုံးက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံးမှာ ဗုံးကွဲခဲ့တာလို့ ​ဒေသခံတဦးက​ပြောပါတယ်။အခြားဒေသခံတစ်ဦးကလည်း “တံတား အမှတ်(၂) နားမှာနေတာ အိမ်ပါတုန်တယ်” လို့ ပြောပါတယ်။

    ပြင်းထန်တဲ့ပေါက်ကွဲသံကို မြဝတီမြို့နေ ပြည်သူတွေ ကြားသိခဲ့ရတယ်လို့ဆိုပါတယ်။

    “အုံးဆိုတဲ့အသံက တော်တော်ကိုကျယ်တာ။ သတိနဲ့နေရတယ်။ဒရုန်းနဲ့ ကြဲတာလိုလို။ဗုံးကွဲတာလိုလိုပဲ ပြောနေကြတယ်”လို့ မြဝတီ အမှတ်(၅)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

    ဗုံး​ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ် ၊ပျူ​စောထီး ၊BGF ​တွေက ကား ၁၀ စီး​ကျော် အင်အားအပြည့်နဲ့ ဗုံးကွဲတဲ့ အနီးပတ်ဝန်းကျင်ကို ​သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်​နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

    ဒီဇင်ဘာ ၂၈ ရက်မှာ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေက လုံခြုံ ရေးယူပြီး မြဝတီမြို့မှာ ရွေးကောက်ပွဲ လုပ်ဖို့ စီစဥ်​နေတာဖြစ်ပါတယ်။မြဝတီမြို့ပေါ်က ရပ်ကွက် ခုနစ်ခု၊ ပူလွဲပူကျေးရွာအုပ်စု၊မဲပလဲ့ကျေးရွာအုပ်စု၊မဲကနယ်ကျေးရွာအုပ်စု နဲ့ ဖားကလူကျေးရွာအုပ်စုမှာ မဲရုံ ၃၅ ခု ထားမယ်လို့ သိရပါတယ်။

    စစ်တပ်​ရွေး​ကောက်ပွဲ မဲရုံ​တွေဖွင့်ဖို့ နာရီပိုင်းအလိုမှာ အခုလို ​ပြင်းထန်တဲ့​ပေါက်ကွဲမှု​တွေ​ကြောင့် မြဝတီမှာ ​ရွေး​ကောက်ပွဲ ပျက်ဖို့များတယ်လို့​​ဒေသခံတစ်ဦးက​ပြောပါတယ် ။

    စစ်တပ်လက်နက်ကိုင်အဖွဲ့​တွေပါ ဗုံးကွဲမှု​တွေ​ကြောင့် စိုးရိမ်​နေသလို ၊ပြည်သူ​တွေလည်း​ မဲ​ပေးမှာ မဟုတ်​တော့ဘူးလို့ သူကဆက်​ပြောပါတယ် ။

    စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြဖို့နဲ့ မဲမထည့်ဘဲ သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

    ဒါ့အပြင် စစ်တပ်ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တွေက စစ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့ အချို့က ဝင်ရောက်စီးနင်းတိုက်ခိုက်နေတာ ရှိတယ်လို့ သိရပါတယ်။

    စစ်တပ်ရွေးကောက်ပွဲမှာ ဒေသခံတွေမဲပေးဖို့ ခြိမ်းခြောက် ဖိအားပေးနေပါတယ်။ ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့မဲရုံတွေနားကိုမသွားဖို့လည်း တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

    ဒါအပြင်ကချင်ပြည်နယ်ဖားကန့်မြို့မှာလည်း ဒီနေ့ညနေပိုင်းပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဒေသခံ ၁ဦးသေဆုံးခဲ့ပါတယ်။

    စစ်ကိုင်းတိုင်း တမူးမြို့ကကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒေသတွင်းမှာ ပစ်ခတ်မှုနဲ့ပေါက်ကွဲမှုတွေဖြစ်ရင် နေအိမ်ပြင်ပကိုထွက်ပြီးမကြည့်ကြဖို့ ဒီနေ့ညပိုင်းမှာသတိပေးထားပါတယ်။

    မကွေးတိုင်း စလင်းမြို့မှာလည်း စစ်ကောင်စီရဲ့မဲရုံတွေနားကိုမသွားဖို့နဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့ ကာကွယ် ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။

    စစ်ကောင်စီက ရန်ကုန်မြို့မှာ လုံခြုံရေး ယာဉ်တန်းနဲ့ပတ်နေသလို ဧရာဝတီတိုင်းကမြို့နယ်တွေမှာလည်းရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ စျေးတွေပိတ်ထားဖို့၊ လူစုလူဝေးမလုပ်ဖို့ သတိပေးထားပြီး မဲလာပေးဖို့လည်း ခြိမ်း ခြောက်ဖိအားပေးထားပါတယ်။

    (မြဝတီမြို့မှာ ကြံ့ဖွံ့ပါတီရုံးအနီးဗုံး ပေါက်ကွဲမှုဖြစ်ပြီး ထွက်လာတဲ့ မီးခိုးလုံး နဲ့ မြင်ကွင်းကို တွေ့ရစဥ်။ ဓာတ်ပုံ- ပေးပို့)