မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီဇင်
ဘာ၂၈ရက် နေ့၊ဒီနေ့မနက် အ​စော ၁နာရီမှာ မြို့တွင်းမြို့ပြင်အားလုံးနီးပါး ပေါက်ကွဲသံ တွေကြားရတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“အသံ၅ခါကြားရတယ်။အာဏာသိမ်းခါစကိုပြန် ရောက်သွားသလိုပဲ”လို့ ဒေသခံ တဦးကပြောပါတယ်။

ပေါက်ကွဲတဲ့ နေရာ တွေကို မသိရ ပေမယ့် အသံ တွေကို မန္တလေးမြောက်ပြင် ၁ဝ လမ်းကနေ ၁၁၀(မနော်ဟရီလမ်း)နေသူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေအထိ ကြားရတယ်လို့ သိရပါတယ်။

​ပေါက်ကွဲသံအချို့က နန်းတွင်းထဲကလို့ထင်​ကြောင်းဒေသခံအချို့က​ပြောပါတယ် ။ဒါအပြင် မင်းကွန်းဘက်မှာလည်း​ပေါက်ကွဲသံ​တွေဆက်
တိုက်ကြား​နေရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတမြို့လုံး လုံခြုံ ရေးတင်းကြပ်ထားချိန်အခုလို ပေါက်ကွဲမှု​တွေဆက်တိုက်ဖြစ်​နေတာပါ ။

စစ်တပ်​ရွေး​ကောက်ပွဲ နာရီပိုင်းအလိုမှာပဲ မြဝတီ ၊ထားဝယ်၊ပြည် စတဲ့မြို့နဲ့ မြို့နယ်​တွေမှာလည်း​ပေါက်ကွဲမှု​​တွေဆက်တိုက်ဖြစ်​နေပါတယ် ။

(စစ်တပ်အာဏာမသိမ်းခင်က မီး​ရောင်တထိန်ထိန်နဲ့ မန္တ​လေးမြို့ရဲ့ ညပိုင်းအလှ။ဓါတ်ပုံ-Myanmar Skyline)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *