Category: News
-

ညီမလေးအခြေအနေကြီးနဲ့ အဲ့လိုသဂြို-လ်မယ်လို့ မထင်ထားဘူး
ညီမလေးရယ် စိတ်ထဲမကောင်းဘူး ညီမလေးအခြေအနေကြီးနဲ့ အဲ့လိုသဂြို-လ်မယ်လို့ မထင်ထားဘူး အစထဲက အမတို့အသင်း ဆေးရုံသွားပို့ထဲက ပိုင်ရှင်မဲ့နဲ့လုပ်ရင်တောင် အဲ့ထက်သားနားဦးမယ် ညီမလေးရယ် နောက်ဆုံးခရီး မလှလိုက်တာနော် ဖြစ်စေချင်တာ…နောက်ဆုံးခရီးလေးကို ခမ်းခမ်းနားနားလေးနဲ့ ညီမလေးအတွက်ဆုတောင်းပေးပါတယ် ကောင်းရာမွန်ရာရောက်ရှိပါစေ နောက်ဘဝဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့
-

သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ
မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်ကာ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ ရန်ကုန်မြို့တွင် မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း…
-

ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ကိုရင်ငါးပါးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့( အောက်တိုဘာ ၂၄ ရက် )ညနေ ၄ နာရီခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပြီး သက်တော် ၇၀ ဝါတော် ၅၀ ရှိသည့် ကျောင်းထိုင်ဆရာတော် အရှင်ကျန္တာပျံလွန်တော်မူခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။ ထို့အပြင် ကိုရင်များဖြစ်သည့် သက်တော် ၁၈ နှစ်အရွယ် အရှင်အိုက်ကျန်၊ သက်တော် ၁၇ နှစ်အရွယ် အရှင်ကုမ္မရ၊ သက်တော် ၁၄ နှစ်အရွယ် အရှင်ဩရသ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်ဝိရိယ၊…
-

အမျိုးသမီး၂၀ ကျော်ကိုအဓမ္မပြုကျင့်ခဲ့တဲ့ ဗိုလ်မှူးအပါအဝင် စစ်သား၂၀ ကျော် PDF တွေတိုက်လို့သေဆုံး၊ စစ်သုံ့ပန်း ၅ ဦးဖမ်းမိ
အမျိုးသမီး၂၀ကျော်ကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့တဲ့ ဗိုလ်မှူးကျော်မင်း အပါအဝင် စစ်သား၂၀ ကျော်ဟာ မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄) နဲ့ (၁၀) တပ်ရင်းမှူးကပြောပါတယ်။ တောင်သာမြို့နယ်၊ရုံးစည်ကြီးရွာက အသက် ၁၆ နှစ်အရွယ်ကနေ အသက် ၆၀ အရွယ်အထိ အမျိုးသမီး၇ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက် နေ့အထိ စစ်ကောင်စီက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သံဘိုရွာမှာလည်း အမျိုးသမီးငယ်တချို့ အဓမ္မပြုကျင့်ခံခဲ့ရသေးတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းရဲ့ ထွက်ဆိုချက်အရသိရတယ်လို့ တပ်ရင်းမှူးက ပြောပါတယ်။ အဲဒီနောက် စစ်ကြောင်းဟာ မလှိုင်မြို့နယ်ဘက်ကို ထွက်ခဲ့ပြီး နောက် အိမ်ကြီး တောရွာကိုလည်း စစ်ကြောင်းထိုးကာ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကာ သတ်ဖြတ်ခဲ့တယ်လို့…
-

၁၃ ပေါင်ရှိတဲ့ ကလေးကို ခွဲမမွေးဘဲ ရိုးရိုးမွေးခိုင်းတာ…
ငါ့တူမလေးကိုမှ ရက်စက်လိုက်တာ လူ့လောကထဲကိုရောက်တဲ့နေ့နဲ့ ထွက်သွားတဲ့နေ့ကတစ်ရက်ထဲပါပဲလားလေးလေးရယ် ရင်တွေနာလိုက်တာ 2025.10.22 ဘယ်တော့မှမမေ့မယ့်ဒီနေ့ရက်လေး အမေတူသမီးလေး သူ့အမေငယ်ငယ်ကရုပ်လေး တီလေးတို့တစ်မိသားစုလုံးမျက်ရည်ချောင်းစီးရတဲ့နေ့ တစ်နေ့နေ့မှာပြန်လာခဲ့ပါကလေးရယ် ဒီရုပ်ကလေးနဲ့တီတို့မိသားစုထဲကိုပြန်ဝင်လာခဲ့ပါနော် အဲ့ကြရင်ကျမ်းကျမ်းမာမာနဲ့အသက်ရှည်ရှည်လေးနေပေးရမယ်နော် ချစ်တယ်ကလေးရယ် ညီမလေးကသူကလေးဆုံးမှန်းတောင်မသိသေးဘူး ပထမကလေးလဲဆုံးရှုံးထားတော့သူအရမ်း သူ့သမီးလေးကိုတဖွဖွမေးနေရှာတာ ကြောက်နေရှာမှာ ခုလည်းသူ့သမီးလေးကိုမေးနေရှာတာ ငါ့ညီမလေး ဘယ်ဘဝကဝဠ်ကြွေးတေလဲကွယ် နှစ်ကြိမ်တိတိ ကြီးများတောင် သမီးလေးကို ပထမဆုံးမြင်ခွင့်နဲ့နောက်ဆုံးမြင်ခွင့်ကို တစ်ရက်သာရလိုက်တဲ့ ဖေဖေ မဖြစ်လိုက်ရတဲ့ မတ်လေးရဲ့ရင်ထဲကခံစားချက်လေး သူ့အမျိုးသမီးလေးကွယ်ရာမှာ သူဘယ်လိုတောင်ငိုနေရှာမလဲ သူတို့လေးတွေ ကြောက်သွားရှာတာ video ဆုံးအောင်ကြည့်ရင်နားလည်လိမ့်မယ်လို့ထင်ပါတယ် ကလေးလေးမွေးပီးပီးချင်းဆုံးသွားတာနဲ့ ပတ်သက်ပီးအားလုံးကိုဒီ video လေးနဲ့ပဲပြောပြလိုက်ပါတယ်ရှင့် မေမေလောင်းလေးများလဲ ကျမညီမလေးလိုမဖြစ်ရအောင် တွေကြုံရတာလေးတွေမျှဝေပေးလိုက်ပါတယ်