Category: News
-

စစ်တပ်ဝင်စီးသဖြင့် ထိုင်းနိုင်ငံဘက်ကို ကျားဖြန့်လုပ်သားများ ထွက်ပြေး
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် KK Park ရှိ ကျားဖြန့်ငွေလိမ်ရာဇဝတ်ဂိုဏ်း လုပ်ငန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် အောက်တိုဘာ ၂၂ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျားဖြန့်လုပ်သားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေက လက်နက်အပြည့်အစုံနဲ့ အင်အားသုံး ဝင်ရောက်စီးနင်းတဲ့အတွက် ဒီနေ့ မွန်းလွဲပိုင်းမှာ တရုတ်နိုင်ငံသားတွေအပါအဝင် ကျားဖြန့်လုပ်သား ၅၆ ယောက် ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။ အခုဝင်ရောက်စီးနင်းတဲ့ ကျားဖြန့်လုပ်ငန်းဝင်းအတွင်းမှာ တရုတ်နိုင်ငံသားအများစုအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစတဲ့ နိုင်ငံပေါင်း ၃၀ လောက်က လူအယောက် ၂,၀၀၀ လောက် ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်ကလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park…
-

Never Look Away
Never Look Away (2018) အနုပညာဆိုတာ ဘာလဲ။ အနုပညာရှင်ဆိုတာ ဘာပါလဲ။ နတ်ကြီးတဲ့မေးခွန်းတွေဖြစ်လို့ ကိုယ်တိုင်မဖြေရဲလို့ သူများ ပြောထားတာတွေပဲ ကိုးကားပါရစေ။ ဂျာမန်လူမျိုး ပန်းပုဆရာ Wilhelm Lehmbruck ကတော့ အနုပညာပစ္စည်းတစ်ခုဆိုတာ လူသားတွေ စဖြစ်တည်တုန်းက ကမ္ဘာကြီးကိုမြင်ရသလို အသစ်အဆန်းဖြစ်နေရမယ် တဲ့။ အဲဒီစကားကို သူ့ဘာသာရှိနေတုန်းကတော့မထူးခြားပေမဲ့ အနုပညာနဲ့ပေါင်းပြီး ခံစားတတ်တဲ့နှလုံးသားနဲ့ ကြည့်လိုက်တဲ့အချိန်မှာ တန်ဖိုးတစ်ခုရှိလာပြီး၊ ထူးခြားတဲ့ လှပမှုပါရှိနေတဲ့ အရာတစ်ခုဖြစ်လာပါတယ် လို့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကာ့တ် က ခံယူထားပါတယ်။ အနုပညာရှင်ဆိုတာကရော ဒီဇာတ်ကားထဲကပဲ မှီငြမ်းပါမယ်။ အနုပညာရှင်ဆိုတာ တခြားအရာအားလုံးနဲ့ အနုပညာဆိုရင် အနုပညာကိုရွေးကြတဲ့သူတွေပါတဲ့။ လူတိုင်းအနုပညာရှင်ဖြစ်နိုင်ပါတယ်။ အနုပညာကိုပဲရွေးဖို့လိုတာပါ။ ပန်းချီ၊ ပန်းပု၊ ဂီတ ဘယ်အနုပညာကိုမဆို ဘာအနှောင်အဖွဲ့မှမရှိဘဲ လွတ်လွတ်လပ်လပ် အနုပညာကို…
-

ရည်းစားနှင့်စကားများပြီး ကားလမ်းမပေါ် လှဲအိပ်နေသည့်အမျိုးသမီး ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲက ရွှေဂုံတိုင် ကုန်းကျော်တံတား အဆင်းမှာ ရည်းစားနဲ့ စကားများပြီး ကားလမ်းမပေါ် လှဲအိပ်နေခဲ့တဲ့ အမျိုးသမီးတယောက်ကို တံတားပေါ်ကဆင်းလာတဲ့ ကားတစီးက တက်ကြိတ်မိခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ အောက်တိုဘာ ၂၁ ရက် မနေ့ညပိုင်းမှာ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က ရွှေဂံတိုင် တံတားအဆင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ သေဆုံးသူ အမျိုးသမီးဟာ ကလောမြို့ကို အလည်အပတ်ခရီး ထွက်ရာကနေ ပြန်လာပြီး ရည်းစားဖြစ်သူနဲ့ တွေ့ဆုံစဉ် စကားများခဲ့ရာက စိတ်ဆိုးပြီး ကားလမ်းမပေါ် တက်အိပ်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ ဗဟန်းမြို့နယ်မှာ နေထိုင်သူတယောက်က “ကလောက ပြန်လာတာ အိမ်တန်းမပြန်ဘဲ ရည်းစားနဲ့ လာတွေ့တာတဲ့။ သူ့ကောင်လေးနဲ့ စကားများပြီး ကောင်လေးက သူ့ကို…
-

လာဘ်စားကြမ်းသည့် ဂိုဏ်းစတား တင်ချို ပြည်ခိုင်ဖြိုး အမတ်လောင်းဖြစ်လာ
မော်လမြိုင်တွင် လာဘ်စားကြမ်းသည့် ဂိုဏ်းစတား တင်ချို ပြည်ခိုင်ဖြိုး အမတ်လောင်းဖြစ်လာ မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် လာဘ်စားကြမ်းသည်ဟု နာမည်ကြီးနေသော ဂိုဏ်းစတားတင်ချို ကို ပြည်ခိုင်ဖြိုးပါတီက အမတ်လောင်းအဖြစ် ရွေးချယ်ထားကြောင်း သိရသည်။ လက်ရှိ မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီး မော်လမြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လည်းဖြစ်သူ တင်ချိုကို မွန်ပြည်နယ်လွှတ်တော်၊အချိုးကျကိုယ်စားပြုစနစ်(မဲဆန္ဒနယ်အမှတ်၁)တွင် ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်းအဖြစ် ရွေးချယ်ထားကြောင်း တရားမဝင်ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရသိရသည်။ “တင်ချိုဆိုတာ မော်လမြိုင်မှာတကယ့်ကိုဂိုဏ်းစတားပဲ။မော်လမြိုင်အုပ်ကြီးတွေကို သူပဲရွေးတယ်။ အုပ်ကြီးတွေက လစဉ်ပေးရတဲ့လိုင်းကြေး သူ့ဆီပဲ သွားတာ။မော်လမြိုင်မြို့ပေါ်က ကေတီဗီ၊ မာဆက်၊လောင်းကစား မဟုတ်တာလုပ်တာမှန်သမျှရဲ့ ခေါင်ဟာ ဒီကောင်ပဲ”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ တင်ချိုသည် တရားမဝင် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ လက်ရင်းတပည့်ဖြစ်ပြီး ငွေအရှာ ကောင်းသဖြင့် အောင်ကြည်သိန်းအားကိုးရသော တပည့်ဖြစ်သည်။ “လာဘ်စားတာကြမ်းလို့ အမတ်လောင်းအရွေးခံရတာလို့ မော်လမြိုင်မှာ ဟာသပြောနေကြသေး တယ်။…
-

စစ်တပ် ဝင်စီးမည်ဆို၍ KK Park မှ အလုပ်သမားထောင်ချီ တိမ်းရှောင်
စစ်တပ် ဝင်စီးမည်ဆို၍ KK Park မှ အလုပ်သမားထောင်ချီ တိမ်းရှောင် စစ်တပ် ဝင်စီးမည်ဆိုသောသတင်းကြောင့် KK Park တရုတ်အလုပ်ဆိုက်များထဲမှ အလုပ်သမားထောင်ချီ ယနေ့ နံနက်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးကျေးရွာအနီး KK Park ရှိ အလုပ်သမားများသည် အလုပ်ဆိုက်ဂိတ်များထဲမှထွက်၍ မယ်ထော်သလေး၊ အင်ကြင်းမြိုင်လမ်းမကြီးအတိုင်း နီးစပ်ရာ မယ်ထော်သလေးရွာနှင့် မြဝတီဘက်သို့ ထွက်ပြေးကြခြင်းဟု ဆိုသည်။ ဒေသခံတဦးက “စကစ ဝင်စီးမယ်လို့ အသံထွက်ပြီးတော့ AA ဆိုက်မှာလုပ်နေတဲ့ ထောင်သောင်းချီရှိတဲ့ အလုပ်သမားတွေ မနက်ကတည်းက ပြေးနေကြတာ ပွဲတော်ကြီးအတိုင်းပဲ။ အထုပ်အပိုးတွေနဲ့ရော၊ ကားတွေနဲ့ရော၊ ကုန်းကြောင်းရော ဆိုင်ကယ်နဲ့ပြေးတဲ့သူကပြေးနဲ့ တကယ့်ကို စစ်ဖြစ်လို့ ပြေးနေကြတဲ့အတိုင်းပဲ အခုထိပြေးနေကြတာ” ဟု ယနေ့…