Category: News
-

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ဖောင်းကတာကျေးရွာ အနီးမှာ အောက်တိုဘာ ၁၉ ရက် မနက် ၇ နာရီကျော်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက စတင်ပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းကနေ ထွက်ခွာလာတာလို့လည်း သိရပါတယ်။ ဒေသခံရွာသားတယောက်က “မနေ့ကတော့ လယ်တီရွာအနီးက သိင်္ဂီရွှေဇင် စက်သုံးဆီအနီးမှာ စခန်းချပြီး ဒီနေ့မနက်ခင်း ဖောင်းကတာရွာဘက်ကို ထပ်ပြီး စစ်ကြာင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တိုးပြီး အခုလို တိုက်ပွဲဖြစ်နေကြတယ်ဗျ။ တိုက်ပွဲက မပြီးသေးဘူး၊ စစ်တပ်ဘက်က စက်တပ်လေထီးနဲ့ရော ဂျိုင်ရိုကော်ပတာနဲ့ရော ဗုံးသီးလာကြဲချတယ်။ ဝမ်ပေါင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်။ မုံရွာတောင်အထွက် မအူဂိတ်ကနေလည်း…
-

ဗန်းမောက်မြို့နှင့် ၁ မိုင်အကွာ၌ တိုက်ပွဲဆက်ပြင်းထန်နေ
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ရဲ့ တမိုင်အကွာမှာရှိတဲ့ နားယကားရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးနောက်ပိုင်း အင်အားရာချီတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းစစ်ကြောင်းဟာ ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ၁၄ ရက်က ဗန်းမောက်မြို့နယ်ရဲ့ ၃ မိုင်အကျော်က ကြောင်လည်ရွာအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြို့အနီးထိ ရောက်လာတာလို့ ဆိုပါတယ်။ ဗန်းမောက်မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ဟာ မြေပြင်ကနေ ထိုးစစ်ဆင်တာအပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ကာ ထိုးစစ်အရှိန် မြှင့်လာတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “တိုက်ပွဲကတော့ နေ့စဉ်ဖြစ်နေတာ၊ မဖြစ်တဲ့နေ့ကို မရှိဘူး။ မြို့သိမ်းပြီးနောက်ပိုင်း SNA ရှိနေတဲ့ မြို့အနောက်ခြမ်းအထိ ထိုးစစ်ဆင်တိုက်လို့…
-

စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း (ရုပ်သံ)
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးဟုဆို အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးရရှိကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်သည်။ စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက်…
-

စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးဟုဆို အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးရရှိကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်သည်။ စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက်…
-

မြဝတီမှာ Starlink အင်တာနက်လိုင်း စတင်ပြတ်တောက်လာ
Starlink သုံး၍ အွန်လိုင်းငွေလိမ်နေသည့်အပေါ် အမေရိကန်ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်း စစ်ဆေးနေကြောင်းပြောဆိုအပြီး ထိုင်း- မြန်မာနယ်စပ်ရှိ ကျားဖြန့်တို့ အဓိကကျက်စားရာ မြဝတီ မြို့နယ်၌ Starlink အင်တာနက်သုံးစွဲမှုတချို့ ယမန်နေ့မှစ၍ ပြတ်တောက်လာကြောင်း ဒေသခံများထံက သိရသည်။ သောင်ရင်းမြစ်ဘေး အလျင်အမြန်ပေါ်ထွက်လာသည့် အဆောက်အအုံသစ်များတွင် အီလွန်မတ်စ်၏ စတားလင့်ခ် ဝန်ဆောင်မှုအတွက် စလောင်းများ တပ်ဆင်ထားကြောင်း ဂြိုဟ်တု ဓာတ်ပုံများနှင့် AFP ဒရုန်း ရိုက်ကူးမှုများတွင် ဖော်ပြထားပြီး Apmic Asian ဒေသဆိုင်ရာ အင်တာနက်မှတ်တမ်းတွင်လည်း စတားလင့်ခ်က မြန်မာ၏ အကြီးမားဆုံး အင်တာနက်ဝန်ဆောင်မှုပေးသူဖြစ်လာသည်ဟု ဖော်ပြထားသည်။ ဤသတင်းများထွက်ပေါ် ပြီးနောက် ယမန်နေ့နံနက်မှစ၍ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း မြဝတီနှင့် အနီးတဝိုက် နေရာ တချို့၌ လိုင်းများပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတို့…