Category: News

  • KNU ထိန်းချုပ်နယ်မြေတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၉ လအတွင်း ကျောင်းသားနှင့် ကျောင်းသူ ၁၅ ဦးသေဆုံး

    KNU ထိန်းချုပ်နယ်မြေတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၉ လအတွင်း ကျောင်းသားနှင့် ကျောင်းသူ ၁၅ ဦးသေဆုံး

    KNU ထိန်းချုပ်နယ်မြေတွင် စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၉ လအတွင်း ကျောင်းသားနှင့် ကျောင်းသူ ၁၅ ဦးသေဆုံးပြီး စာသင်ကျောင်း ၁၈ ခု ပျက်စီး ကရင်အမျိုးသား အစည်းအရုံး-KNU ၊ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် က လေကြောင်းနှင့် လက် နက်ကြီးများဖြင့် ပစ် ခတ် တိုက်ခိုက်မှုကြောင့် ကျောင်းသားနှင့် ကျောင်းသူ ၁၅ ဦး သေ ဆုံးကာ စာသင်ကျောင်းပေါင်း ၁၈ ခု ပျက်စီးခဲ့ကြောင်း KNU ဗဟို သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင် ကျောင်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ် မှတ်ထား၍ လေကြောင်း၊…

  • ဗန်းမော်တွင် အပြန်အလှန် စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်

    ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၁၀ လကျော် ကြာမြင့်လာပြီး နှစ်ဖက် အပြန်အလှန် စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ “ဗန်းမော်မှာက KIA နဲ့ စစ်ကောင်စီက လယ်ဗယ်ပဲ ဖြစ်နေတာ။ စစ်ကောင်စီက တနေရာရရင် KIA ကလည်း တနေရာရတယ်။ စစ်တပ်က ဒီဘက်လာထိုးရင် ဒီဘက်ကို ရသွား။ KIA က ဟိုဘက်ထိုးရင် ဟိုဘက်ရသွား။ ဟိုကောင်တွေ ကျနော်တို့ ရတဲ့နေရာကို ပြန်လာထိုးရင် သူတို့ထိုးသွားတဲ့နေရာ ကျနော်တို့ ပြန်ရသွား။ အဲဒီလို ပတ်ချာလည်နေတာ။ အခုတလောတော့ ကန်ပတ်လမ်းနား အ.ထ.က ၁ နားတော့ တိုက်ပွဲတအားဖြစ်နေတယ်။ သူတို့ အဲဒီဘက်ကို တအားဖိပြီး ထိုးနေတာ။ သူတို့ ကန်ပတ်လည်း အ.ထ.က ၁ ဘက်၊…

  • ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသဝကို ပါးရိုက်မည်ဟု ကြိမ်းမောင်းခဲ့သည့် ဗိုလ်ကြီး အတိုင်ခံရ

    ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသဝကို ပါးရိုက်မည်ဟု ကြိမ်းမောင်းခဲ့သည့် ဗိုလ်ကြီး အတိုင်ခံရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ဇီးကုန်းနဲ့ကျွန်းလှတကြောမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဆရာတော် ဦးဝါသဝကို တွေ့တဲ့နေရာမှာ ပါးရိုက်မယ်လို့ ပြောဆိုခဲ့တဲ့ ရွှေဘိုတပ်နယ်က ဗိုလ်ကြီးရဲမင်းပိုင်ကို ပြည်သူ့စစ်အဖွဲ့တွေက တိုင်းမှူးဆီ တိုင်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရွှေဘိုတပ်နယ်က လုပ်ရမယ့်အလုပ်ကိစ္စတွေကို ဦးဝါသဝ က လိုက်လံနှောင့်ယှက်ပြီး တပ်ကလူအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်နေတာကြောင့်ဆိုပြီး ဗိုလ်ကြီးရဲမင်းပိုင်က ဦးဝါသဝကို ပါးရိုက်မယ်လို့ အောက်တိုဘာ ၁ ရက်က ပြောဆိုခဲ့ပြီးနောက် ပြည်သူ့စစ်တွေက နမခတိုင်းစစ်ဌာနချုပ်ကို တိုင်ထားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ရွှေဘိုတပ်နယ်က အလုပ်မလုပ်ဘူးဆိုပြီး ဝါသဝက တိုင်းမှူးကို တိုင်တော့ အဲဒီက ဗိုလ်ကြီးက အဲဒီကောင်ကို တွေ့ရင် နောက်မပြောရဲအောင် ပါးရိုက်ပြမယ်ဆိုပြီး ပြောလို့ ပြည်သူ့စစ်တွေစုပြီး တိုင်တာ။ အဲဒီပြဿနာဖြစ်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စိတ်ဝမ်းကွဲကုန်တယ်။ ဝါသဝကတော့…

  • ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်

    ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်

    ရွှေဘိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၀ိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောဆိုသည်။ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် တပ်မ ၃၃ လက်အောက်ခံ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈) မှ စစ်အင်အား ၆၀ ဖြင့် ထွက်ခွာလာသော…

  • မြန်မာဒုက္ခသည်များ ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် ရပြီ

    မြန်မာဒုက္ခသည်များ ထိုင်းတွင် တရားဝင်အလုပ်လုပ်ခွင့် ရပြီ

    ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင်နိုင်ကြပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာသည်။ လုပ်သားမလုံလောက်မှုကို ဖြေရှင်းရန် ထိုင်းအစိုးရအဖွဲ့က ဒုက္ခသည်များ နိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပြုသည့် ဆုံးဖြတ်ချက်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် အတည်ပြုပြီးနောက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ အောက်တိုဘာလ ၁ နေ့တွင် စတင်သက်ဝင်သည့် ထိုဆုံးဖြတ်ချက်သည် လုပ်ငန်းအမျာအပြားတွင် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ဒုက္ခသည်များ စီးပွားရေးတွင် တရားဝင်ပါဝင်စေရန် အခွင့်အလမ်းပေးသည့် အစိုးရ၏ အစီအစဉ်နှင့် ကိုက်ညီသည်ဟု အလုပ်သမားဝန်ကြီး ထရီနပ်ချ် သိန်ထောင်က အောက်တိုဘာလ ၂ ရက်နေ့တွင် ပြောသည်။ ထိုသို့ပြုလုပ်သောကြောင့် မဲဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနဘူရီနှင့် ရက်ချာဘူရီ ပြည်နယ်များမှ စခန်းများတွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်း…