Category: News

  • စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင် စစ်ကြောင်း Rocket တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ

    စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကော်မရှင် စစ်ကြောင်း Rocket တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ

    ချောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို အင်အား (၂၀၀) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

    မကွေးခရိုင်၊ ချောက်မြို့နယ်မှာ အင်အား (၂၀၀) ဝန်းကျင်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့ အာဏာသိမ်း စစ်ကော်မရှင် စစ်ကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက်နဲ့ (၁၅) ရက်နေ့တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်အမှတ်(၁)တပ်ရင်းက ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

    ဒီတိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မကွေးခရိုင် အမှတ် (၁)၊ အမှတ် (၂) နဲ့ အမှတ် (၃) တပ်ရင်းတွေက ပူးပေါင်းစစ်ကြောင်းအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ Rocket တွေ၊ ဒရုန်းတွေအပြင် လက်နက်ငယ်တွေနဲ့ မိုင်းတွေကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်ကော်မရှင်ဘက်က တပ်သား (၄) ဦးထက်မနည်း သေဆုံးခဲ့သလို အများအပြားလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။

    လက်ရှိမှာတော့ မကွေးခရိုင် အမှတ် (၁)တပ်ရင်းအနေနဲ့ မကွေးခရိုင်စစ်ဌာနအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေအပြင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲတွေကို အရှိန်မြှင့်တင် ဖော်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

  • ရန်ကုန်လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၂ နေရာတွင်ရှိ

    ရန်ကုန်လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၂ နေရာတွင်ရှိ

    ရန်ကုန်မြို့လေထုညစ်ညမ်းမှုက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ world-air-quality index (AQI) ရဲ့ ဖေ ဖော်ဝါရီ ၂၃ ရက် ည ၈ နာရီအချိန် တိုင်းတာချက်အရ သိရပါတယ်။

    AQI ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းက ၁၇၉ မှာ ရှိနေတယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီက အဆင့် ၃ နေရာမှာ ရှိခဲ့ရာက နေ ည ၈ နာရီအချိန်မှာတော့ အနီရောင်အဆင့်ဖြစ်တဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။

    လေထုအရည်အသွေးအညွှန်းကိန်း ၀ ကနေ ၅၀ အတွင်းဆိုရင် လေထုသန့်ရှင်းတယ်လို့ သတ်မှတ်ပြီး ၅၀ ကနေ ၁၀၀ အတွင်းဆိုရင် လေထုအသင့်အတင့် သန့်ရှင်းမှုရှိတယ်လို့ သတ်မှတ်ကာ၊ ၁၀၁ ကနေ ၁၅၀ အတွင်းဆိုရင် တော့ လေထုအသင့်အတင့် ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

    ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့၏ လေထုမှာ မြူဆိုင်းသည့်သဖွယ် မြင်ကွင်းမျိုးဖြစ်နေခြင်း ဖြစ်ပြီး IQAir ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်အရ ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) တွင် 161 US AQI⁺ ရှိကာ ယင်းပမာဏမှာ ကျန်းမာရေးအတွက် မသင့်လျော်သောအဆင့်ဟု သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။

    အလားတူ ၁၅၁ ကနေ ၂၀၀ အတွင်းဆိုရင် လေထုက ဆိုးဆိုးဝါးဝါး ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပြီး ၂၀၁ ကနေ ၃၀၀ ဆိုရင် လေထုက ကျန်းမာရေးထိခိုက်အောင် ညစ်ညမ်းမှုရှိကာ၊ ၃၀၁ အထက်ဆိုရင်တော့ လေထုက အရေးပေါ် အခြေအနေအထိ ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပါတယ်။

    လေထုညစ်ညမ်းမှုကြောင့် အပြင်သွားလာရင် အသက်ရှုရခက်ခဲပြီး ရင်ဘတ်အောင့်လာရင်၊ ချောင်းခြောက်တအား ဆိုးလာရင် ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်လာရင် ၊ နှာခေါင်းထဲမှာ ရှတတခံစားချက်မျိုး ဆိုးဝါးစွာရလာရင် နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ချက်ခြင်းကုသမှုခံယူဖို့ U- Report Myanmar က အသိပေး ထုတ်ပြန်ထားပါတယ်။

    အထူးသဖြင့် အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်ကြပ်ရောဂါရှိသူတွေ ပိုပြီး သတိထားဖို့လိုအပ်တယ်လို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။

    Mm News.xyz 2026 02 24 004837

    Mm News.xyz 2026 02 24 004951

    Mm News.xyz 2026 02 24 005002

    Mm News.xyz 2026 02 24 005011

    Mm News.xyz 2026 02 24 005020

    Mm News.xyz 2026 02 24 005032

  • ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့်ငါးနှစ်အရွယ် ကလေးငယ် ဘီးဖြင့်ကြိတ်မိကာ သေဆုံး

    ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့်ငါးနှစ်အရွယ် ကလေးငယ် ဘီးဖြင့်ကြိတ်မိကာ သေဆုံး

    ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့် ငါးနှစ်အရွယ် ကလေးငယ် ကားဘီးဖြင့်ကြိတ်မိကာ သေဆုံးခဲ့သည်ဟု ကြီးလေးကြီးလူမှုကူညီရေးအသင်းထံမှ သိရသည်။

    638482998 1364783279021814 5114897889270759498 N

    ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်က ဒလမြို့နယ်တွင် နေထိုင်သည့် ကလေးငယ်မှာ ဝါဖြေရန် ရန်ကုန်မြို့ဘက်သို့ အဒေါ်ဖြစ်သူနှင့်အတူထွက်လာပြီး မုန့်ဝယ်ကာ ဒလမြို့သို့အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ” ကလေးက အဒေါ်နဲ့အတူလာတာ။ အပြန်မှာ တံတားဘက်ကနေ ကားစီးပြီးပြန်ချင်တယ်ပြောလို့ အဒေါ်နဲ့အတူ ကားစီးလာတာ။ တိုးဂိတ်ကို ရောက်တော့ Slow down ကို ဖြတ်တော့ ကားကခုန်လိုက်တဲ့အချိန် ကြမ်းခင်းကျွံပြီး အောက်ကို ရောက်သွားတာ။ အဒေါ်ဖြစ်တဲ့သူကလည်း လှမ်းဆွဲလိုက်ပေမယ့် မမှီဘူး။ နောက်ဘီးနဲ့ ကြိတ်မိတာပေါ့။ ကျွန်တော်တို့ကလည်း အဲ့ဒီဘက်ကိုသွားရင်းနဲ့တွေ့တော့ ကူညီလိုက်ရတာ။ ကလေးက ငါးနှစ်ပဲရှိသေးတယ်။ သူတို့ရဲ့ ထုံးတမ်းစဥ်လာအရ သုသာန်ကို ပို့ပေးလိုက်တယ်” ဟု ကြီးလေးကြီးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    640075578 1364783315688477 201496633920949216 N

    YBS ယာဥ်နှင့်ကြိတ်မိကာ သေဆုံးခဲ့သည့် ကလေးငယ်မှာ ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ အလောင်းကို ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ရယူပြီး သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ကြီးလေးကြီး လူမှုကူညီရေးအသင်းထံမှ သိရသည်။

  • စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

    စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

    ဒီက​နေ့​ ​ဖေ​ဖော်ဝါရီ ၂၃ ရက်မှာ စတင်​ဖြေဆို​နေတဲ့ အတန်းတင်စာ​မေးပွဲမှာ စစ်ကိုင်းမြို့ ၊ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းက ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသားကျောင်းသူ ၁၆၁ ယောက်ကို သက်ဆိုင်ရာ စာဖြေဌာနက စာမေးပွဲဖြေဆိုခွင့် မပြုဘဲ ပြန်လွှတ်လိုက်တာ​ကြောင့် က​လေး​တွေ နစ်နာရတယ်လို့ ထက်ကိုယ်ပိုင်​ကျောင်း ကျောင်းအုပ်ကြီးဆီက သိရပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာ​ဖြေဌာနကို သွားရောက်ချိန်မှာ ဖြေဆိုခွင့်မပြုကြောင်းပြောဆိုခဲ့တာ ​ဖြစ်တယ်လို့ သိရပါတယ်။

    ” ကျောင်းကို နှစ်သုတ်တက်ဆိုပြီး ဖွင့်ခဲ့တယ်။အဲဒါကို စာနဲ့မဟုတ်ဘဲ ပါးစပ်နဲ့ ၈ လပိုင်းကျမှ တသုတ်တက်ဆိုပြီး ပြင်ခိုင်းတယ်။ တို့က ဇွန်လထဲက ကျောင်းသားလက်ခံပြီးသားလေ။ ၉ လပိုင်းဆန်းမှ ဒီကလေးတွေ ဘယ်သွားလို့ရမှာလဲ ။မရတော့ဘူးလေ။အဲအချိန်မှာ မြို့နယ်ကလက်မခံလို့တိုင်းဒေသကြီးညွှန်မှူးဆီ အမြဲတမ်း ပို့တယ်။ဒီမှာဖြေတာတွေပို့တယ်။ အဲဒါပြီးတော့ ဒုဝန်ကြီးဆီကို တင်ပြခဲ့တယ်။ ကျန်တဲ့ကလေးတွေက ဒီကလေးတွေပါ ။ဒီကလေးတွေ ဖြေဆိုခွင့်နစ်နာမှာစိုးလို့ တင်ပြခဲ့တယ်။ပြီးတော့ ခရိုင်နဲ့မြို့နယ်က ၁၉ ရက်နေ့မှာ ခုံနံပါတ်ထွက်ပေးလိုက်တယ်။ ဖြေဆိုခွင့်ဆိုပြီးတော့။ ကလေးတွေရဲ့ဖြေဆိုခွင့်ကပ်ပေးလိုက်တယ်။ စာဖြေဌာနတွေလည်း ကပ်ပေးထားတယ်။ ကျောင်းမှာလည်း ကပ်ပေးထားတယ်။၂၁ ရက်နေ့ကျတော့ ယာယီဖြေဆိုခွင့်ကတ်ကို ကျောင်းသားတိုင်းကို ပေးပြီးသွားပြီ။ကနေ့ ၂၃ ရက်နေ့ မနက် ၇ နာခွဲ ၈ နာရီလောက် စာမေးပွဲဖြေဖို့ ရောက်သွားမှ ဒီကလေးတွေက အရင်စာရင်းသွင်းထားတာမဟုတ်လို့ ဖြေဆိုခွင့်မပြုဘူးလို့ ပြောလိုက်တယ်။ ” လို့ ကျောင်းအုပ်ကြီးဦးခင်မောင်ရေး က ပြောပါတယ်။

    ခုံနံပါတ် ၊ ဖြေဆိုခွင့်ကတ်တွေ ထွက်ပြီးသား ကျောင်းသားကျောင်းသူတွေကို စာမေးပွဲဖြေဆိုခွင့်မပေးတာကြောင့် ကျောင်းသားတွေအတွက် နစ်နာမှုရှိတဲ့အတွက် ကလေးမိဘတွေက ကျေနပ်မှုမရှိကြောင်းနဲ့ ခုလိုလုပ်တာဟာ မူဝါဒအရမဟုတ်ဘဲ ထက်ကိုယ်ပိုင်ကျောင်းအပေါ် ပုဂ္ဂိုလ်ရေးအရ လုပ်တာဖြစ်တယ်လို့ ယူဆကြောင်း ကျောင်းအုပ်ကြီးက ဆိုပါတယ်။

    ” ကလေးတွေကို ဖြေဆိုခွင့်ပေးရမယ်။ အကယ်၍ ကလေးတွေမှာ အချက်အလက်တွေ မပြည့်စုံရင် သူတို့ဘာသာ အောင်စာရင်းမှာ ချန်ထားရင် ကျေနပ်တယ်။ မိဘတွေလည်း ကျေနပ်တယ်။မူဘောင်ဆိုတာ တပြေးညီတည်းဖြစ်ရမယ်။ မူဆိုရင်လုပ်လိုက်။ စစ်ကိုင်းမှာကျောင်းမတက်တဲ့ ကိုယ်ပိုင်ကျောင်းတွေရှိတယ်။အဲဒါတွေလည်း ဖယ်ပစ်လိုက် ။ဒီကျောင်းတခုတည်းကို ပုဂ္ဂိုလ်ရေးအရ လုပ်တာတော့လက်မခံနိုင်ဘူးလေ။ ဒီကလေးတွေကို သူတို့လုပ်ချင်ရင် ၁၉ ရက်နေ့ကတည်းက ခုံနံပါတ်ထွက်မပေးနဲ့တော့လေ ။ ခုံနံပါတ်တွေလည်းသိပြီးပြီ။ ဖြေဆိုခွင့်ကတ်တွေလည်းကိုင်သွားတဲ့အချိန်မှာ ကနေ့မနက်မှ ကပ်ဖြုတ်တာဆိုတော့ ဒါက ပုဂ္ဂလ်ရေးအရဖြစ်သွားပြီလေ။ ” လို့ ထပ်မံ ပြောပါတယ် ။

    ဒါကြောင့် ကလေးတွေ စာမေးပွဲဖြေဆိုခွင့်ရရှိရေးအတွက် ကလေးမိဘတွေရဲ့လက်မှတ်နဲ့အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တင်ပြပြီး မိတ္တူကို ဒုဝန်ကြီး ၊ တိုင်းဝန်ကြီးချုပ်၊ တိုင်းပညာရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေး ၊ ခရိုင်နဲ့ မြို့နယ်ပညာရေးမှူးရုံးကို တင်ပြတောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

    ဓာတ်ပုံ – ထက်ကျောင်းအုပ်ကြီး

  • မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်

    မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်

    မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့အစောပိုင်းမှာ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။

    ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၅၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်မြို့တော် ကိုတာကီနာဘာလူမြို့ရဲ့ အရှေ့မြောက်ဘက် ၆၂ မိုင် အကွာကို ဗဟိုပြုခဲ့လှုပ်ခတ်ခဲ့ကာ မြေအောက်အနက် ၃၈၅ မိုင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    ငလျင်ဟာ အလွန်နက်ရှိုင်းတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ USGS က သတ်မှတ်ထားပြီး ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    မလေးရှား မိုးလေဝသဌာနကတော့ ငလျင်ပြင်းအားကို ၆ ဒသမ ၈ လို့ တိုင်းတာခဲ့ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ဆာဘားမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ငလျင်ကြောင့် ထိခိုက်မှုဖြစ်စဉ် တစုံတရာ သတင်းပို့ တင်ပြထားတာ မရှိသေးဘူးလို့ Bernama သတင်းဌာနကို ပြောပါတယ်။

    ဒါပေမဲ့ ကိုတာကီနာဘာလူနဲ့ အနီးတဝိုက်က ဒေသခံတွေ၊ အထူးသဖြင့် အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူတွေဟာ စက္ကန့် ၁၀ လောက်ကြာတဲ့ တုန်ခါမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ထိတ်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

    အမေရိကန်ဆူနာမီသတိပေးစင်တာက သတိပေးချက်ထုတ်ပြန်ခြင်းမရှိဘဲ ငလျင်၏အနက်ကြောင့် ဆူနာမီလှုပ်ရှားမှုကိုမျှော်လင့်မထားကြောင်း ပြောကြားခဲ့ပါတယ်။

    မလေးရှားမိုးလေဝသဌာနက “အခြေအနေကို အနီးကပ်ဆက်လက်စောင့်ကြည့်နေကြောင်း၊ ငလျင်ပြင်းအားကို ၆.၈ ရှိသည်ဟုဖော်ပြထားပါတယ်။

    ဆာဘား၏ အနောက်ဘက်ကမ်းရိုးတန်းနှင့် ဆာရာဝပ်ပြည်နယ်၏ နေရာအတော်များများတွင် ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရပါတယ်။

    အိမ်နီးချင်း စင်ကာပူနိုင်ငံက ဒေသခံတချို့လည်း ငလျင်တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ စင်ကာပူ အခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြပါတယ်။

    Source: Bernama /CNA