Category: News

  • မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)

    မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ)

    KNU တပ်မဟာ ၄ မောတောင်တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ (ရုပ်သံ) ထိုင်း-မြန်မာနယ်စပ်ရှိ KNU တပ်မဟာ ၄ နယ်မြေမှ မောတောင်မြို့တိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူး ပေါင်းတပ်များမှ စစ်ကောင်စီတပ်သား ၄၀ ကျော်ဖမ်းဆည်းရမိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်သည်။ Video – Tin Lin Aung

  • ဒီဖုန်းတစ်လုံးအတွက် နင့်အသက်ကို အသေခံမှာလား

    ဒီဖုန်းတစ်လုံးအတွက် နင့်အသက်ကို အသေခံမှာလား

    ဒီ video file ထဲက အသံကို တချို့က မယုံကြဘူး။ ဘယ်ယုံကြမလဲ ကိုယ်တိုင်မှ မကြုံဖူးတာ။ ဒါတောင် ကိုယ်တပ်ထဲမှာနေတုန်းက သူ့လူကိုယ့်ဖက်သားလုပ်ပီး အသံ record လုပ်သိမ်းထားလို့ အခုလို တစ်ကမ္ဘာလုံးကသိခွင့်ရတာ။ ဒီထပ်ဆိုးတဲ့ record မရှိတဲ့ လူမသိသူမသိဖြစ်စဉ်တွေ အများကြီး ရှိသေးပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝအမှန်တွေကို တစ်ကမ္ဘာလုံးသိ‌ အောင်ထုတ်လွှင့်ပေးတဲ့ Al Jazeera သတင်းဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ #အရေးတော်ပုံအောင်ရမည်

  • AA ကနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထား

    AA ကနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထား

    AA ကနတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထား၍လေထီးများဖြင့် ရိက္ခာများဆက်လက်ချပေးနေရ (ဂုတ်ကြီးရွာလမ်းသစ်နှင့် ပဇီရွာလမ်းဟောင်းမှ စစ်ကူလာသော စစ်ကြောင်း ၂ ကြောင်းမှာလည်း ဖြတ်တောက် တိုက်ခိုက်ခံနေရ ရှေ့တိုးမရောက်ဖြစ်နေ) အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာကို အာရက္ခတပ်တော်မှ ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ထားသဖြင့် ၎င်းစခန်းသို့ လေထီးဖြင့် နေ့စဉ်လိုလို ရိက္ခာများလာရောက် ချပေးနေရသည်ဟု သတင်းရရှိသည်။ တစ်ခြားတစ်ဖက်တွင်လည်း ၎င်းလေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့ စစ်ကူလာသော စစ်ကြောင်း ၂ ကြောင်းမှာလည်း တစ်လနီးပါးကြာလာပြီဖြစ်သော်လည်း လမ်းတစ်လျှောက်တွင် ဖြတ်တောက် တိုက်ခိုက်ခံနေရရသဖြင့် အကျအဆုံးများကာ ရှေ့သို့ တိုးမရောက်ဖြစ်နေသည်ဟု ၎င်းဒေသရှိ စစ်ရေးရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။ “ နတ်ရေကန် ဗျူဟာကုန်းက ဂူခေါင်းထဲမှာ ပိတ်မိနေတဲ့စစ်သားတွေက ရိက္ခာပြတ်နေပြီ။ ဒါကို လေယာဉ်ပေါ်ကနေလေထီးတွေနဲ့ ရိက္ခာများ ချပေးနေရတယ်။ နေ့တိုင်းလိုလို ချပေးနေရတယ်။ စစ်ကူလာတဲ့…

  • စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

    စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

    မိုးကုတ်နှင့် မိုးမိတ်မြို့များ ပြန်လွှဲရေးအစီအစဉ်အား လေကြောင်းရန်နှင့် တရုတ်အစိုးရ ဖိအားကြောင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ လားရှိုးလွှဲပြောင်းရေးအစီအစဉ်ကဲ့သို့ပင် TNLA က သဘောတူခဲ့ရသည်။ စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်လိုက်ချိန်တွင် ကိုးကန့်နှင့်တအာင်း တို့အပေါ် တရုတ်၏ ရာဇသံမှာ ပိုမိုပြင်းထန်ခဲ့သည်။ မိုးကုတ် မိုးမိတ်မြို့များ ပြန်လွှဲပြောင်းရေး အစီအစဉ်သည် လားရှိုးမြို့ကဲ့သို့ မလွယ်ကူနိုင်ဟု နိုင်ငံရေး အကဲခတ် များက မှတ်ချက်ပြုသည်။ မိုးမိတ်မြို့မြောက်ဘက် ၃၆ မိုင်အကွာတွင် မဘိမ်းမြို့ရှိပြီး အဆိုပါမြို့အား ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA)၊ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ် (ABSDF)၊ KPDF ၊ ပူးပေါင်းတပ်ဖွဲ့များက…

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ် လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။ သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA…