Category: News

  • လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ အကြမ်းဖက်စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာ

    လားရှိုးနားကစခန်းတွေကို ဆုတ်ခိုင်းရာကနေ အကြမ်းဖက်စစ်တပ်နဲ့ MNDAA ဆက်ဆံရေးတင်းမာ

    “ကိုကိုဦးကိုယ်တိုင် လားရှိုးမှာလာညှိတာ။ မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ ကိုးကန့်(MNDAA)တွေကတော့ အင်အားပိုများလာတယ်” လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်အုပ်စုရဲ့အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်သွားသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။ လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAA က တပ်စွဲထားတာကို နိုဝင်ဘာလ ၁၁ရက်နေ့က လားရှိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ စစ်ကောင်စီက ဆုတ်ခွာခိုင်းတာလို့ စုံစမ်းသိရပါတယ်။နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ် ။ အခုချိန်ချိန်အထိလည်းတပ်ဆွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာ တရုတ်အစိုးရရဲ့ ကြားဝင်စွက်ဖက်မှု​ကြောင့် MNDAA က လားရှိုးမြို့ကို ကျည်တချက်မ​ဖောက်ပဲပြန်လွှဲ​ပေးခဲ့ရပါတယ်။အခုထပ်ပြီး နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာတွေကနေ…

  • ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်

    ဟစ်တလာသည် လိင်တံသေးသည့် “နတ်ကွပ်” ဖြစ်နိုင်ဟု DNA ဆန်းစစ်ချက် ထွက်ပေါ်

    နာဇီအာဏာရှင် ဟစ်တလာဟာ ဝှေးစေ့တလုံးတည်းရှိတဲ့ “နတ်ကွပ်” ဖြစ်နိုင်တဲ့အပြင် Micropenis လို့ခေါ်တဲ့ လိင်တံသေးငယ်တဲ့ ရောဂါလက္ခဏာပါ ရှိနိုင်တယ်လို့ DNA လေ့လာမှုတခုက ဖော်ပြပါတယ်။ ဆေးပညာအရ သူ့မှာ လိင်အင်္ဂါဖွံ့ဖြိုးမှုကို ဟန့်တားတဲ့ ကဲလ်မန်းဆင်ဒရုန်း (Kallmann syndrome) ဆိုတဲ့ ရှားပါးမျိုးဗီဇရောဂါ ရှိနေနိုင်ပြီး ဒီရောဂါရှိသူ ၁၀ ရာခိုင်နှုန်းဟာ လိင်တံသေးငယ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ၁၉၄၅ ခုနှစ်တုန်းက ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မြေအောက်ဗုံးခိုကျင်းထဲက ဆိုဖာကနေ အမေရိကန်ဗိုလ်မှူးကြီးတယောက် ဖြတ်တောက်ယူထားတဲ့ သွေးပေနေတဲ့ အဝတ်စကနေ DNA ရယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ ၁၉၂၃ ခုနှစ် ဆေးစစ်ချက်မှာလည်း ဟစ်တလာဟာ နတ်ကွပ် ဖြစ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ သုတေသနကို ဦးဆောင်တဲ့…

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ် လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေး ပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်းသီပေါတံတားကိုပိတ်ပစ်တယ်။ MNDAAက ပိတ်တော့စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။ သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က…

  • နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားလို့ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က နိုဝင်ဘာ ၁၂ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားခဲ့တာကြောင့် ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကင်းစခန်းမှာ စစ်အုပ်စုတပ်တွေက နှစ်နှစ်ခန့် တပ်စွဲနေထိုင်နေပြီး နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပါတယ်။ ကင်းစခန်းမှာရှိနေတဲ့ စစ်အုပ်စုတွေဟာ စစ်ကြောင်းသုံးကြောင်းနဲ့ နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးထွက်ခွာသွားချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PLA က ဆိုပါတယ်။ “ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း…

  • မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    ထိုင်း- မြန််မာနယ်စပ်ကုန်သွယ်ရေးမြို့တမြို့ဖြစ်သည့် မောတောင်မြို့အား လေးရက်ခန့် တိုက်ခိုက်ပြီးနောက် မြို့ဧရိယာအားလုံးအား တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်များက ပြောသည်။ မောတောင်မြို့အား ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဟု သိရသည်။ စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းတပ်အချို့ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ခြင်းရှိပြီး ၂၀ ဦးထက်မနည်းမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း သိရသည်။ “သိမ်းနိုင်ပါပြီ။ အသေးစိတ်ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်ဗျ” ဟု NUG တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက အတည်ပြုသည်။ “အခု အောက်ဘက် မြေပြင်မှာ တိုက်ခိုက်တာတော့ သိပ်မကြားရတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့တော့ ကြားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ” ဟု မောတောင် သတင်းရင်းမြစ်ကလည်း အတည်ပြုပြောကြားသည်။ တိုက်ပွဲအတွင်း စစ်လက်နက်၊…