Category: News

  • နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    နေပြည်တော်က စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းတိုက်ခိုက်

    စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားလို့ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ စစ်အုပ်စု လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က နိုဝင်ဘာ ၁၂ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေ စခန်းစွန့်ထွက်ပြေးသွားခဲ့တာကြောင့် ခဲယမ်းနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီကင်းစခန်းမှာ စစ်အုပ်စုတပ်တွေက နှစ်နှစ်ခန့် တပ်စွဲနေထိုင်နေပြီး နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပါတယ်။ ကင်းစခန်းမှာရှိနေတဲ့ စစ်အုပ်စုတွေဟာ စစ်ကြောင်းသုံးကြောင်းနဲ့ နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးထွက်ခွာသွားချိန်မှာ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PLA က ဆိုပါတယ်။ “ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း…

  • မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    မောတောင်မြို့ကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    ထိုင်း- မြန််မာနယ်စပ်ကုန်သွယ်ရေးမြို့တမြို့ဖြစ်သည့် မောတောင်မြို့အား လေးရက်ခန့် တိုက်ခိုက်ပြီးနောက် မြို့ဧရိယာအားလုံးအား တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်များက ပြောသည်။ မောတောင်မြို့အား ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဟု သိရသည်။ စစ်ကော်မရှင်နှင့် ပျူစောထီး ပူးပေါင်းတပ်အချို့ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့ခြင်းရှိပြီး ၂၀ ဦးထက်မနည်းမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးသွားကြောင်း သိရသည်။ “သိမ်းနိုင်ပါပြီ။ အသေးစိတ်ကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်ဗျ” ဟု NUG တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက အတည်ပြုသည်။ “အခု အောက်ဘက် မြေပြင်မှာ တိုက်ခိုက်တာတော့ သိပ်မကြားရတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ။ နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့တော့ ကြားတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပဲ” ဟု မောတောင် သတင်းရင်းမြစ်ကလည်း အတည်ပြုပြောကြားသည်။ တိုက်ပွဲအတွင်း စစ်လက်နက်၊…

  • ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား

    ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား

    ဒီနေ့ဖြစ်သွားတာပါ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား ညီမ ကောင်လေး Foodpanda သွားပို့တာ ကမာရွတ်ရဲစခန်းက လိုင်းပေါ်ကမှာလို့ 85000 အရက် ဟိုရောက်တော့ အရက်ပုလင်းယူပြီး ပိုက်ဆံမရှင်းပေးပါဘူး တနေ့လုပ်မှ တနေ့စားရတဲ့ ပြည်သူ Foodpanda အလုပ်သမား‌လေးကို သူတို့မို့လို့ လုပ်ရက်တယ် သူ့ရဲ့ ဖုန်းနံပါတ်နဲ့ နာမည်လည်း သိပါတယ် ဖုန်းခေါ်ရင်လည်း စက်ပိတ်ပြစ်လိုက် ပြန်ချပြစ်လိုက်နဲ့ ဂိတ်ဝကို ဝင်တောင်းဖို့ပြောတော့ ဂိတ်စောင့် အသက်ကြီးကြီး ဦးလေးကြီးကလည်း ဇယားတွေ လာမရှုပ်နဲ့ပြောပါတယ် သူတို့အတွက် 85000က ဘာမှမဟုတ်ဘူးထင်နေတာ ညီမတို့မှာ တနေ့ စက်ဘီးနင်းမှ တနေ့ ထမင်းစားရတာပါ လုပ်ရက်လိုက်တာ အဲ့ဒါ ဘယ်လိုမှ ပြန်တောင်းလို့ မရနိုင်ဘူးလား အကြံပေးကြပါအုံးရှင် တကယ် 85000 က ညီမတို့အတွက် ဘဝကြီးပါ အရှက်တရားဆိုတာ နည်းနည်းမှ…

  • ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း

    ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း

    မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ခရစ်ပတိုငွေကြေး အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။ ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) လို့အမည်ပေးထားတဲ့အဖွဲ့ကို ဝါရှင်တန်မှာ အမေရိကန်အစိုးရရှေ့နေ ဂျင်နိုင်းဖားရစ်ပီရိုက ဦးဆောင်ပြီး တရားရေးဝန်ကြီးဌာန၊ FBI နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အပါအဝင် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ဖွဲ့စည်းလိုက်တာပါ။ တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့ (TCOs) တွေက ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်တာတွေ၊ ယုံကြည်အောင် လှည့်ဖြားတဲ့ နည်းလမ်းပေါင်းစုံတွေ သုံးပြီး သာမန် အမေရိကန်ပြည်သူတွေရဲ့ ဘဝတသက်စာ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို လိမ်လည်ခိုးယူ နေကြတယ်လို့ ဆိုပါတယ်။ အမေရိကန် လူမှုကွန်ရက်တွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံသားတွေရဲ့ ဖုန်းနံပါတ်တွေဆီ ပို့တဲ့ text…

  • စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း ၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှသတင်းထုတ်ပြန်သည်။ ၎င်းတိုက်ပွဲသည် နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်တွင်ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းပြိုကွဲသွားခဲ့သည်ဟု သိရသည်။ တပ်မ(၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခလရ -၁၁၁ )တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာစစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်နယ်ဘက်ကို စစ်ကြောင်းထိုးလာစဉ်တော်လှန်ရေးတပ်ဖွဲ့များမှ ကန့်ဘလူမြို့နယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်အရောက်တွင် တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းစစ်ကြောင်းကို နံနက်ကစပြီး ကြားဖြတ် တိုက်ခိုက်ရာ နံနက် ၉နာရီ ဝန်းကျင်မှာ…