Category: News
-
မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ
မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၇ မန္တလေးတွင် စစ်တပ်က ဆိုင်ကယ်စီးလာသော လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ရန် လိုက်လံ ဖမ်းဆီးစဉ် ရပ်ထားသော ကားကို ဝင်တိုက်ပြီး ၁ ဦးသေကာ ၃ ဦးဒဏ်ရာရရှိကြောင်း ယင်းဖြစ်စဉ်တွင်ဒဏ်ရာရရှိသူ ၁ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ်က လူငယ်များကို တားဆီးစစ်ဆေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့…
-
အရက်မူးပြီး လူကြားထဲ မက္ကဆီကို သမ္မတကို နမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ
အရက်မူးပြီး လူကြားထဲ မက္ကဆီကို သမ္မတကို နမ်းဖို့ ကြိုးစားခဲ့တဲ့ အမျိုးသား အဖမ်းခံရ မက္ကဆီကိုမှာ သမ္မတကို လူကြားထဲမှာ ဖက်ပြီး နမ်းဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးဖို့ မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်း ကိုယ်တိုင်က အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့တုန်းက ရှိန်ဘွမ်းဟာ မက္ကဆီကို စီးတီးမှာရှိတဲ့ သမ္မတ နန်းတော်နားမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံနေချိန် အဲဒီ အမျိုးသားက အနောက်ကနေ ချဉ်းကပ်လာပြီး သူ့လည်ပင်းနားကို နမ်းဖို့၊ လူကိုလည်း သိုင်းဖက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့လက်ကလည်း ရှိန်ဘွမ်းရဲ့ ရင်ဘတ်နဲ့ ထိလုနီးပါးထိ ဖြစ်ခဲ့တာကို ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။ ဒါကို ရှိန်ဘွမ်းရဲ့ ဝန်ထမ်းတွေက…
-
PPP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သားဖြစ်သူတို့ လူသတ်မှုဖြင့် ဖမ်းဆီးခံရ
တန်ဆောင်မုန်း သူခိုးကြီးညက နေအိမ်မှာ ကြက်လာခိုးတဲ့ အမျိုးသားတယောက်ကို ရိုက်နှက် သတ်ဖြတ်ခဲ့မှုနဲ့ တောင်ကြီးမြို့က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးနဲ့ သားဖြစ်သူ စိုင်းကျော်စိုးမိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၅ ရက် မနက် ၂ နာရီခွဲလောက်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေတဲ့ ဦးစိုင်းထွန်းဆာက လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးရဲ့ ခြံထဲရှိ ကြက်ကို ဝင်ခိုးခဲ့ရာ သားအဖ ၂ ယောက်က တုတ်နဲ့ ဝိုင်းဝန်းရိုက်နှက်လို့ သေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “သူခိုးညမှာ ချက်စားဖို့ အိမ်ဘေးနားကလူက သူ့ခြံထဲက ကြက်ကိုဝင်ခိုးတာ။ ဦးရွှေထီးတို့ သားအဖမြင်ပြီး တုတ်နဲ့ ခြေထောက်တွေ၊…
-
ဘတ် ၆ ဘီလီယံကျော်ကို ဟန်ဆောင်အချစ်ဖြင့် လိမ်လည်ခဲ့သည့် ထိုင်းအမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ
ဘတ် ၆ ဘီလီယံကျော်ကို ဟန်ဆောင်အချစ်ဖြင့် လိမ်လည်ခဲ့သည့် ထိုင်းအမျိုးသမီး ၃ ဦး ဖမ်းဆီးခံရ ထိုင်းဘတ် ခြောက်ဘီလီယံခန့် လိမ်လည်ခဲ့သည့် အဓိကနယ်စပ်ဖြတ်ကျော် ဟန်ဆောင်အချစ်ဖြင့်လိမ်လည်မှု (Romance Scam) ကွန်ရက်၏ ခေါင်းဆောင်များဟု ယူဆရသော ထိုင်းအမျိုးသမီးသုံးဦးအား ထိုင်းဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) လက်အောက်ရှိ ရာဇဝတ်မှုနှိမ်နင်းရေးဌာန (CSD) က ဖမ်းဆီးလိုက်သည်။ သံသယရှိသူများမှာ ဇူသာရတ်(အသက်- ၃၆ နှစ်)၊ ချန်ဂျီရာ(၂၉ နှစ်) နှင့် ဂျီရာဖွန် (၃၂ နှစ်) ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုအဖွဲ့အစည်း၊ လျှို့ဝှက်အသင်းအဖွဲ့တွင် ပါဝင်ခြင်း၊ ငွေကြေး ခဝါချမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်ခြင်းနှင့် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်ခြင်း အပါအဝင် စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။ ဇူသာရတ်အား ချာချိုအန်ဆောင်းခရိုင်၊…
-
စစ်ခေါင်းဆောင်က ၎င်းတည်သည့် မာရဝိဇယဘုရား လူစည်ကားစေရန် အမိန့်ပေး စည်းရုံးနေပြီး ရွေးကောက်ပွဲ မတိမ်းစောင်းရန် “ဘုရားကု” ကုနေ
စစ်ခေါင်းဆောင်က ၎င်းတည်သည့် မာရဝိဇယဘုရား လူစည်ကားစေရန် အမိန့်ပေး စည်းရုံးနေပြီး ရွေးကောက်ပွဲ မတိမ်းစောင်းရန် “ဘုရားကု” ကုနေ နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၄ ရက် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ခိုင်ခံ့မှုအရှိဆုံးဟု ကြွားလုံးထုတ်နေသည့် ၎င်းတည်ထားသော မာရဝိဇယ ကျောက်ဆင်းတုဘုရား၌ လူစည်ကားစေရန်နှင့် လာမည့်ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ရည်ရွယ်၍ “ဘုရားကု” လုပ်နေကြောင်း သတင်းအရင်းမြစ်များအရ သိရသည်။ အဆိုပါဘုရားတွင် လူစည်ကားစေရန် ပွဲလမ်းသဘင်များဖြင့် စည်းရုံးသိမ်းသွင်း လုပ်ဆောင်လျက် ရှိသည်ကိုလည်း တွေ့ရသည်။ ကမ္ဘာပေါ်ရှိ စကျင်ကျောက်သား ထိုင်တော်မူ ဘုရားများအနက် ဉာဏ်တော်အမြင့်ဆုံးဟု စစ်ကော်မရှင်က ထုတ်ပြန်ဆိုထားသော မာရဝိဇယဘုရားကို စတင်တည်ချိန်မှစ၍ စစ်ကော်မရှင် လက်အောက်ခံ Non-CDM ဝန်ထမ်းများမှာ မကြာခဏဆိုသလို မဖြစ်မနေ လာရောက်ဖူးမျှော် နေရကြောင်း ဧရာ၀တီတိုင်းမ်ကစုံစမ်း…