Category: News
-

မန္တလေးမှာ အဒေါ်ဖြစ်သူကို သံတူနဲ့ထုသတ်ပြီး ရွှေ ၁၀ သားနဲ့ ငွေသိန်း ၁၀၀ ယူသူကို ဖမ်းမိ
ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်းသတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား…
-

သက်သက်ခိုင် အမတ်လောင်းပြုတ်ခြင်းမှာ NLD နှင့် ပတ်သက်ဖူးသူမှန်သမျှကို မြေလှန်ရှင်းခြင်းဟု ဆို
သက်သက်ခိုင်ကို လွှတ်တော်အမတ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ခြင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် ပတ်သက်ခဲ့ဖူးသူမှန်သမျှအား မြေလှန်ရှင်းလင်းပစ်ခြင်းဟု နားလည်ကြောင်း မုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။ မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို စုံလုံးကန်းထောက်ခံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP )ဥက္ကဌ သက်သက်ခိုင်သည် ရန်ကုန်တိုင်း FPTP အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ)ပါ ပြဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ တရားမဝင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ “အရင်တုန်းက ဝန်ကြီးခန့်တာကျတော့ မင်းအောင်လှိုင်ကို ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်က အာဏာ သိမ်းဖို့အတွက် ရဲဆေးတင်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့သဘောလို့ထင်တယ်။ကျေးဇူးတွေကျေပြီ လို့ မင်းအောင်လှိုင်က သတ်မှတ်လိုက်ပုံပဲ။အခုကတော့ လုံးဝမမျှော်လင့်ထားတဲ့အချိန်ရောက်မှ ပွဲ သိမ်းရိုက်ချပစ်လိုက်တယ်။မင်းအောင်လှိုင်က NLD သစ္စာဖောက်တွေကိုတောင် မယုံကြည်တဲ့သ ဘောပဲ”ဟု ၎င်းက ပြောသည်။…
-

အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့်
စလင်းမြို့ အထက – ၁ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ ပြုကျင်ခံရမှု မုဒိန်းမှုမမြောက်ဘဲ အရက်အမူးလွန်တာလို့ စစ်လော်ဘီတွေ သတင်းဖြန့် စစ်အုပ်စုက အမှုဖွင့်မပေးဘဲ ကျူးလွန်ခံရတဲ့ ကျောင်းသူကိုပါ ယာယီကျောင်းထုတ် အရေးယူ၊ ကျောင်းသူလေး ဘုရားဝင်းထဲ မူးလဲနေလို့ ရပ်ကွက်က ရဲခေါ်ပြီး ဆေးရုံပို့ရတာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခံရတာ မှန်ပေမယ့် စစ်အုပ်စုက မိသားစုကို ခြိမ်းခြောက်ကာ ငွေနဲ့ အမှုကျေအေးခိုင်းလို့ အမှုမှန် မပေါ်မှာ မြို့ခံတွေ စိုးရိမ် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ စစ်အုပ်စုက ဖွင့်ထားတဲ့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း – အထက ၁ ကျောင်းက Grade – 10 ကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသား အပါအဝင် လေးယောက်က…
-

ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်
စစ်အုပ်စု၏ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားပါ အနုပညာရှင်များကို ပြည်သူများရှုတ်ချဝေဖန်၊ Boycott လှုပ်ရှားမှုအရှိန်မြှင့် စစ်အုပ်စု၏ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ထားသည့် အနုပညာရှင်များကို ပြည်သူများက ဝေဖန်မှုအရှိန်မြင့်တက်လာသည်။ ဝေဖန်မှုများနှင့်အတူ အဆိုပါအနုပညာရှင်များကို အားမပေးရန်၊ ၎င်းတို့ကြော်ငြာသည့်ထုတ်ကုန် များပါမကျန် Boycott (သပိတ်မှောက်ခြင်း) လုပ်ရန် တိုက်တွန်းလျက်ရှိသည်။ “ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ဂရုမစိုက်ဘဲ ပြည်သူတွေရဲ့မျက်ခွက်ကို ဖြတ်ကန်လိုက်သလိုပဲ။ ပြည်တွင်းမှာနေလို့ဖြည့်တွေးပြီး အရင်ကအားပေးသေးတယ်၊ အခုကလွန်လွန်းအားကြီးတယ် ။အေးချမ်းမောင်ကိုဆို အရမ်းသဘောကျလို့ Follow လုပ်ထားတာ။အခုတော့ Follow ဖြုတ်ပြီ။သူတို့ကိုဆဲတာထက် ကိုယ့်ဘက်ကသူတို့ဇာတ်ကားသွားမကြည့်ဖို့နဲ့ Unfollow/Unlike ဖြုတ်ပြီး Boycott သေချာလုပ်ကြပါလို့ပြောချင်တယ်”ဟု လူငယ်အမျိုးသမီးတဦးက ပြောသည်။ ရခိုင်ပြည်နယ််၊ စစ်တွေမြို့ခံတဦးက “နေတိုးကို ကမ်းလှမ်းလာလို့ နေတိုးကစဉ်းစားရမယ်၊ ငါလုပ်ပေးရမလား မလုပ်ပေးရဘူးဆိုတာ၊ ခြူးလေးဆိုလည်း ငါရခိုင်လူမျိုးအနေနဲ့ ဒါကို ရိုက်သင့်လားမရိုက်သင့်လားဆုံးဖြတ်ရမယ်။ အခုလိုအပြောဆိုခံရင် ဆင်ခြင်တွေပေးဦးမယ်။ ကျွန်တော်တို့ကတော့ မကောင်းဆိုးဝါး(စစ်ကော်မရှင်)ကိုထောက်ခံရင်…
-

ရေးမြို့တွင် စစ်တပ်၊ DKBA နှင့် ပျူစောထီး ပူးပေါင်းဂိတ်စခန်းကို ရေးဘီလူး တိုက်ခိုက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီးနဲ့ DKBA တပ် ပူးပေါင်း စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၇ ရက် မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ နှင်းစုံကျေးရွာမှာ ဂိတ်ချ ဆက်ကြေးကောက်နေတဲ့ အဖွဲ့စုံထိုင်နေတဲ့ ဂိတ်ဖြစ်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ “စစ်ကောင်စီ၊ DKBA နဲ့ ပျူစောထီးခေါင်းဆောင် သိန်းတန် ဦးဆောင်တဲ့အဖွဲ့ ဂိတ်ချ စစ်ဆေးရေးလုပ် ဆက်ကြေးကောက်နေတာ။ လျှပ်တပြက် ဝင်တိုက်ခိုက်ခဲ့တာ အထိနာသွားတယ်။” စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး လူနာတင်ကားတွေ ဆူညံနေကာ ထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်နေတာကြောင့် ထိခိုက်မှုတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။ နှင်းစုံဂိတ်က စစ်သားတွေ၊ DKBA တပ်ဖွဲ့တွေနဲ့…