Category: News
-

ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ
ပြည်သူတွေရဲ့ ပြင်းထန်တဲ့ဝေဖန်မှုခံနေရတဲ့ စစ်ကောင်စီဘက်တော်သား အနုပညာရှင်များ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မြန်မာပြည်ရဲ့နာမည်ကြီးမင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအပေါ် တော်လှန်ရေးအသိုင်းအဝိုင်းအပါအဝင် ပြည်သူတွေရဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။ “ဗုံးထောင်တာ တော်လှန်ရေးမဟုတ်ဘူးတဲ့ အိမ်တွေမီးရှို့တာက နယ်မြေရှင်းလင်းရေး၊ လေယာဥ်နဲ့ ပြည်သူတွေ၊ကလေးတွေပါမကျန် ဗုံးကြဲတာက စစ်ဆင်ရေး၊ ကိုယ့်လက်အောက် မှာ မလုပ်ချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချ၊ ကိုယ်မကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေး၊စစ်ရှုံးနေလို့လူငယ်တွေကိုပေါ်တာဆွဲတာကတပ်မတော်ပေါ့လေ။” လို့ Revolution Fan War-RFW ပေ့ခ်ျက မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ အကြောင်းကို ထောက်ပြထားပါတယ်။ ဒီဇာတ်ကားက စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အတွက်တင်မဟုတ်ပဲ ပြည်သူ့ဘက်တော်သားတွေရဲ့ တည်ရှိမှုကိုပါ စကားလုံးအသုံးအနှုန်း ၊ အမူအရာတွေနဲ့ စော်ကားထားကြတာပါ။ “ပြည့်သူတွေပေးတဲ နာမည်တွေနဲ့ အောင်မြင်လာပြီး ပြည်သူလူထုကို ကျေဇူးဆပ်လိုက်တာ ။ ဒါလား ပရိတ်သတ်ကိုချစ်တာ၊ ဒါလား ပရိတ်သတ်ရဲ့အနုပညာရှင်တွေလား။ မအလ ကိုမထောက်ခံလို့…
-

မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပျက်ကွက်နေမှုကြောင့် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံထိပ်သီးနှင့်ဆက်စပ် အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင် ရွေးကောက်ပွဲ မကျင်းပမီ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းရေး လုပ်ဆောင်ရမည်ဟု အာဆီယံက အသိပေး မြန်မာအကြမ်းဖက်စစ်တပ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ကြေညာချက် ထုတ်ပြန်လိုက်သည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် အောက်တိုဘာလ ၂၆ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး အချက် ၂၈ ချက်ပါ မြန်မာ့အရေး ဆွေးနွေးချက် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အဓိက အချက်များအနေဖြင့် မြန်မာစစ်တပ်က အာဆီယံဘုံသဘော တူ…
-

စစ်ကော်မရှင် ရွေးကောက်ပွဲ ပြိုင်ဘက်မရှိ၍ အမတ်ဖြစ်မည့်သူ ၃၀ ကျော်ရှိ
စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ၍ လွှတ်တော်အမတ်ဖြစ်မည့် ကိုယ်စားလှယ်လောင်း ၃၀ ကျော်ရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ယမန်နေ့(အောက်တိုဘာ ၂၅) ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။ ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်မြေ ၃၁ နေရာရှိပြီး ထိုအထဲမှ ၂၈ နေရာတွင် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ တနေရာ၊ “ဝ”အမျိုးသားပါတီမှ တနေရာနှင့် အာခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တနေရာ ဝင်ရောက်အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကော်မရှင်၏ သက်ဆိုင်ရာရွေးကောက်ပွဲဉပဒေအရ မဲဆန္ဒနယ်တနယ်တွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းတဦးတည်းသာရှိလျှင် ယင်းမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုတော့ဘဲ ထိုပုဂ္ဂိုလ်အား လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာရမည်ဟု ဆိုထားသည့်အတွက် ပြိုင်ဘက်မရှိသည့် ထိုလူ ၃၀ ကျော်မှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ကြေညာခံရမည်ဖြစ်သည်။ ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်မြေများသည် ပြည်သူ့…
-

Rerouting
Rerouting (2024) ညမှာမောင်းတဲ့ app ကားဒါရိုက်ဘာတစ်ယောက်ဖြစ်တဲ့ Danny က ပျောက်သွားတဲ့မိန်းကလေးနှစ်ယောက် ပြန်ပေးဆွဲခံရတဲ့အမှုမှာ တရားခံအဖြစ်နဲ့ မတရားစွပ်စွဲခံခဲ့ရတယ်။ Danny လည်း ရဲတွေက သူ့ကိုလုံးဝမယုံကြတဲ့အခါ သူအပြစ်မဲ့ကြောင်း သက်သေပြဖိုအတွက် အန္တရာယ်များတဲ့နည်းလမ်းကို ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ နောက်ကွယ်က ပူးပေါင်းကြံစည်မှုနဲ့ မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုတွေ့လာရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။
-

ဒေါ်သက်သက်ခိုင် လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရ
ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုဖြေကြားပါတယ်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)မှာတော့ ကိုယ်စားလှယ်လောင်းဟာ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ”ဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။ အဲဒီပုဒ်မ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကမှ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကို ပြန်လည်ပြင်ဆင်ရာမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်ထဲ ထပ်တိုးထည့်သွင်းခဲ့တဲ့ ပုဒ်မဖြစ်ပါတယ်။ အခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၂၃ ဦး မှာ ဥပဒေနဲ့မညီလို့ ပယ်ဖျက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။ ဒေါ်သက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈ (ဃ) ဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ လူပုဂ္ဂိုလ်နဲ့သာ တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံရေးပါတီနဲ့ အကျုံးမဝင်ဘူးလို့လည်း ကော်မရှင်ဆီက…