Category: News
-

မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦးသေဆုံး အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နှင့် ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးသွားကြောင်း မိုးကုတ်ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ဘုရားငါးဆူ အနီးဝန်းကျင်နှင့် ကန်တော်ဖူဆယ် ဘောလုံးကွင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “မိုးကုတ်အရှေ့ပိုင်းကို ဗုံး ၂ ကြိမ်ကျဲပါတယ်။ ဗုံး ၁ လုံးက ဘုရားငါးဆူနားမှာ ၁ လုံးကျတယ်။…
-

အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိ
အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟုဆို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရကြောင်း မလေးရှားအစိုးရနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုများ လုပ်နေရသည့် တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင်စာရင်းတွင် မင်းအောင်လှိုင်ပါဝင်သည်ဟု အကြမ်းဖက်စစ်တပ် လော်ဘီများက ဝါဒဖြန့်နေကြသော်လည်း လက်တွေ့တွင် မလေးရှားက မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်းမရှိဟု သိရှိရသည်။ “အာဆီယံဥက္ကဋ္ဌ မလေးရှားက ထိပ်သီးအစည်းအဝေး တက်ဖို့ စစ်ခေါင်းဆောင်ကို ဖိတ်ထားတာမရှိဘူး။ ထိပ်သီးအစည်းအဝေးတက်ဖို့က အာဆီယံဥက္ကဋ္ဌက ဖိတ်မှ တက်ရတာပါ။ အခုထက်ထိတော့…
-

ခမောက်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး ၃ ဦး ဖမ်းဆီး ပစ်ခတ်ခံရ
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ ရပ်ရွာအုပ်ချုပ်ရေး၊ ရာအိမ်မှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို ဖမ်းဆီးခဲ့ပြီးနောက် ပြန်လည်ခုခံလို့ဆိုပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီလောက်က ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ပျူစောထီးခေါင်းဆောင် ဦးအေးစိုးနဲ့ အေးချမ်းသာကျေးရွာက ပျူစောထီး ဦးသက်ဦး တို့ကို ဖမ်းဆီးခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီ လောက်မှာ ဖမ်းဆီးထားရာကနေ ထွက်ပြေးတာကြောင့် ၃ ယောက်စလုံးကို လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။ “ဒီသုံးယောက်ကို ဖမ်းဆီးမိပြီးမှ ပြန်လည်ခုခံတယ်ဆိုလို့ ရဲဘော်တွေကနေ ပစ်ခတ် ရှင်းလင်းလိုက်ကြတာပါ။ သက်ဦး ဆိုတဲ့လူမှာ သေနတ်အတို ပါတယ်၊…
-

၁၂ တန်းတွင် ဥပဒေဘာသာရပ် သင်ကြားမည့်အပေါ် ဝေဖန်မှုမြင့်တက်
အထက်တန်းပညာရေး ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင် ဆောင်ရွက်နေတဲ့အပေါ် ပညာရေးအသိုက်အဝန်းနဲ့ ဥပဒေပညာရှင်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက် နေပါတယ်။ အခြေခံပညာအထက်တန်းအဆင့် ၁၂ တန်းမှာ ဥပဒေပညာရပ်ကို ထည့်သွင်းသင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေကို သင်ကြားရေး TOT သင်တန်းတွေ စတင်ပေးနေပြီဖြစ်ပြီး ဒီအပေါ်မှာ ပညာရေးအသိုင်းအဝိုင်းနဲ့ ဥပဒေပညာ ရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။ စစ်ကောင်စီက ပေးတဲ့ ဥပဒေပညာရပ်ဟာ ဟန်ပြသာ ဖြစ်နိုင်ပြီး ကျောင်းသားကျောင်းသူတွေကို ဥပဒေနဲ့ပတ်သက်တဲ့အကြောက်တရားတွေသာ သင်ကြားနိုင်ကြောင်း CDM ကျောင်းဆရာ ဆရာနောင်ချိုက ဝေဖန်ပါတယ်။ “စစ်ကောင်စီဘက်ကပြောတဲ့ဥပဒေပညာရပ်ဆိုတာ ဘယ်လိုပုံစံဖြစ်မလဲတော့ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေများတာကတော့ သူတို့ အကြောက်တရားပေါ့ ဘယ်ဟာလုပ်ရင် ဘယ်ပုဒ်မနဲ့ ညှိစွန်းမယ်ဆိုတာမျိုးတွေကို ထည့်ဖို့ပဲ သူတို့လုပ်ကြမယ်ထင်တယ်။ ဆယ်ကျော်သက်တွေကို အဲဒါတွေ…
-

ပစ္စည်းခိုးသည်ဆိုကာ သားအမိ ၂ ဦးအား နှိပ်စက်ခဲ့သည့် ဆိုင်ရှင်ကို အရေးယူရန် ရဲစခန်းတိုင်
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖွင့်ထားတဲ့ စတိုးဆိုင်ပိုင်ရှင်က ဆိုင်မှာ စတီးဇလုံဝင်ခိုးတယ်ဆိုပြီး အမျိုးသမီး တယောက်နဲ့ ကလေး တယောက်ကို ဖမ်းဆီးရိုက်နှက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့အတွက် ဆိုင်ရှင်ကို အရေးယူပေးဖို့ ရပ်ကွက်နေသူတွေက ရဲစခန်းကို တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်က သူ့ဆိုင်မှာ စတီးဇလုံး အလုံး ၂၀ ဝင်ခိုးတယ်ဆိုပြီး စတိုးဆိုင်ပိုင်ရှင်က အမျိုးသမီးကြီးနဲ့ ကလေးကို ဖမ်းဆီး ရိုက်နှက်ကာ ဓာတ်တိုင်မှာ ကြိုးတုပ်ထားတာကို လူမှုကွန်ရက်မှာ တင်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “သူခိုးအားပေး မဟုတ်ဘူး။ ပစ္စည်းဝင်ခိုးတယ်၊ မိတယ်၊ ရဲစခန်းကို ပို့လေ။ ကိုယ်ထိလက်ရောက် ဘာလို့ နှိပ်စက်တာလဲ၊ လူမမည်ကလေးကို ကြိုးတုပ်ပြီး ရေနွေးပူနဲ့ လောင်းဖို့အထိ…