Category: News

  • ဘဏ်အကောင့်တွေ အပိတ်ခံရတာ ရှိနေဦးမှာ လို့ ထိုင်းဗဟိုဘဏ်ပြော

    ဘဏ်အကောင့်တွေ အပိတ်ခံရတာ ရှိနေဦးမှာ လို့ ထိုင်းဗဟိုဘဏ်ပြော

    ထိုင်းမှာ ဘဏ်အကောင့်တွေ အပိတ်ခံနေရတဲ့ ကိစ္စက နောက်ထပ်လည်း ကြုံနေဦးမှာလို့ ထိုင်းဗဟိုဘဏ်က အတည်ပြု ပြောကြားခဲ့ပါတယ်။ ထိုင်းမှာ ဆိုက်ဘာ ရာဇဝတ်မှုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ငွေအလွှဲအပြောင်းမျိုး ရှိနေတဲ့ ဘဏ်အကောင့်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်နဲ့ ပိတ်နေတာကြောင့် ဘဏ်စနစ် သုံးစွဲသူတွေကြား အတော်လေး ဂယက်ထနေပါတယ်။ အစောပိုင်းက အဲဒီ ပိတ်ပင်မှုတွေဟာ နိုင်ငံခြားသား အကောင့်ပိုင်ရှင်တွေကိုသာ သက်ရောက်ခဲ့ရာကနေ အခုတော့ ထိုင်းနိုင်ငံသားတွေပါ ကြုံတွေ့ ခံစားနေရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ ထိုင်းဘဏ်ကတော့ အပိတ်ခံရတဲ့ အကောင့်ပိုင်ရှင်တွေ အနေနဲ့ စိတ်မပူဖို့ နှစ်သိမ့်ထားပြီး ရာဇဝတ်မှုတွေနဲ့ ဆက်စပ်မှု မရှိကြောင်း စစ်ဆေး အတည်ပြုပြီးတာနဲ့ အကောင့်တွေကို ပြန်ဖွင့်ပေးမယ်လို့ ကြေညာထားပါတယ်။ အဲဒီလို စိစစ်တဲ့ လုပ်ငန်းကိုလည်း…

  • စစ်ကိုင်းမှာ မိုင်းဆွဲခံရလို့ သေတဲ့ စစ်အုပ်စု အလောင်းတွေ PDF က ကောက်သူသင်္ဂြိုဟ်ပေးရ

    စစ်ကိုင်းမှာ မိုင်းဆွဲခံရလို့ သေတဲ့ စစ်အုပ်စု အလောင်းတွေ PDF က ကောက်သူသင်္ဂြိုဟ်ပေးရ

    မိုင်းဆွဲခံရတဲ့ ရွာအနီးက လေဖြတ်နေတဲ့ ဘုန်းတော်ကြီး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၁၂ဦးကို စစ်အုပ်စုက သတ်ဖြတ်ပြီး ဘုရားဝင်းထဲ PDF ကို ဆဲဆိုတဲ့ စာတွေ ရေးထားခဲ့ စစ်ကိုင်းမြို့နယ်က ငလျင်ဒဏ်သင့် ကျေးရွာတွေကို လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၁၃ ရက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် မိုင်းထိသေဆုံးတဲ့ စစ်အုပ်စု အလောင်းတွေကိုပါ ကောက်ယူသင်္ဂြိုဟ် ပေးနေရတယ်လို့ ဒေသခံ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာကို စီးနင်းလုယက် မီးရှိုပြီး ခက်ခရွာနဲ့ စမွန်းရွာကြား ရောက်ရှိလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ငါးယောက်…

  • DJ Violet တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့သည့် ဆရာတော် ၅ ပါး ခံဝန်ကတိထိုးရ

    DJ Violet တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့သည့် ဆရာတော် ၅ ပါး ခံဝန်ကတိထိုးရ

    ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီးချင်းကို DJ နဲ့ Remix လုပ် တီးခတ်ခဲ့တဲ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌအပါအဝင် ဆရာတော် ၅ ပါး ခံဝန်ကတိ လက်မှတ်ထိုးရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) က စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓ ဘာသာစော်ကားသူများ သံဃာအကာအကွယ်ယူပြီး ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မြို့ခံတယောက်က “မြို့နယ်က ဆရာတော်တွေက ပြဿနာ အဲ့လောက်ကြီးမယ်မသိလို့ တောင်းပန်တာကို ခွင့်လွတ်ပေးလိုက်တာ။ ဒါပေမယ့် ပေါက်ကိုယ်တော်က မကျေနပ်တော့ ဒကာမ DJ Voilet က ဖုန်းဆက်တောင်းပန်၊ အဲ့အသံဖိုင်ထပ်ပြန့်ပြီး…

  • ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ

    ရေးမြို့နယ်၌ ဈေးထွက်ဝယ်သည့် တပ်ရေးဗိုလ်ကြီးနှင့် မိသားစု ပစ်ခတ်ခံရ

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၅၉၁ ကနေ ဈေးထွက်ဝယ်တဲ့ တပ်ရေးဗိုလ်ကြီးနဲ့ မိသားစုဝင်တွေ ပစ်ခတ်ခံရတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီကျော်မှာ ခမရ ၅၉၁ တပ်ဝင်းထဲကနေ အသက် ၄၀ အရွယ်ရှိ တပ်ရေးဗိုလ်ကြီး၊ ဇနီးနဲ့ ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ယောက်ဟာ ကျေးရွာထဲမှာ ဈေးဝယ်ဖို့ ကားနဲ့ထွက်လာချိန် ကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်တပ်နဲ့နီးစပ်သူတယောက်က “ပစ်ခတ်ခံရတာကြောင့် တပ်ရေးဗိုလ်ကြီးနဲ့ ဇနီးဖြစ်သူတို့ ကျည်ထိဒဏ်ရာတွေ ရသွားတယ်။ သူတို့ကလေးကတော့ ထိခိုက်တာမရှိဘူး။ လင်မယားနှစ်ယောက်လုံး ဆေးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။ အဲဒီ…

  • ဗန်းမောက်မြို့ထဲ စဝင်နေပြီ

    ဗန်းမောက်မြို့ပတ်လည်က ကာကင်းတွေ သိမ်းပိုက်ပြီးနောက် မြို့ထဲကို စတင်ထိုးဖောက်နေ စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့ပတ်လည်က SNA – ရှမ်းနီလက်နက်ကိုင်နဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့တွေရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေး တပ်တွေက မြို့အတွင်းပိုင်းကို စတင် ထိုးဖောက် ဝင်ရောက်နေပြီလို့ ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – အဖွဲ့ဝင် တစ်ဦးက‌ ပြောပါတယ်။ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်က စလို့ ကသာခရိုင်ကွပ်ကဲရေးက ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် ဒီကနေ့အထိ လေးရက်မြောက် ရှိလာချိန်အထိ တိုက်ပွဲ ပြင်းထန်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “ရှေ့တန်း အနေအထားတော့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ အခြေအနေ ကောင်းတယ်…