Category: News
-

ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က ၂၅ သိန်းဖြင့် ရောင်းစားပြီး မိသားစုက သိန်း ၅၀ ဖြင့် ပြန်ရွေးရ
ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စက်တင်ဘာ ပထမအပတ်အတွင်း စစ်တပ်က လူငယ်တယောက်ကို ဖမ်းဆီးပြီး ဒိုက်ဦးမြို့နယ်အတွင်းက စစ်တပ်စခန်းတခုမှာ ငွေကျပ် ၂၅ သိန်းနဲ့ သွားရောက် ရောင်းစားခဲ့တာကြောင့် မိသားစုဝင်တွေက ငွေကျပ် သိန်း ၅၀ နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးရောင်းစားခံရတဲ့ လူငယ်က အလင်းရောင်ရပ်ကွက်ကလို့ သိရပြီး ည ၁၁ နာရီဝန်းကျင် လိပ်ပြာကန်မှာ ထိုင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူ လူငယ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “ကောင်လေးက ဈေးရောင်းတာ။ ညပိုင်း လိပ်ပြာကန်မှာ တယောက်တည်း သွားထိုင်နေတဲ့အချိန် ဖမ်းခံရတာ။ ကောင်လေးကလည်း အထဲရောက်မှ ဖုန်းခိုးဆက်လို့ သူ့မိသားစုက သိရတာ။ ဖမ်းသွားတဲ့ စစ်သား ၂ ယောက်က ဒိုက်ဦးဘက်က…
-

ရန်ကုန်တွင် မီးနီဖြတ်မောင်းလာသည့် YBS ယာဉ်က ယာဉ် ၅ စီးကို ထပ်မံဆင့်တိုက်
မီးနီကို အတင်းကျော်ဖြတ်မောင်းနှင်လာတဲ့ YBS 107 ဘတ်စ်ကားဟာ တဖက်ယာဉ်ကြောက မောင်းနှင်လာတဲ့ YBS ဘတ်စ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး တခြားယာဉ် ၅ စီးကိုပါ ထပ်မံဆင့်တိုက်ခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ရန်ကုန်၊ သိမ်ကြီးဈေးရှေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ လှည်းကူး-ဆူးလေ ပြေးဆွဲနေတဲ့ YBS-107 ဟာ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းမှာ မီးနီဖြတ်မောင်းစဉ် တဖက် မဟာဗန္ဓုလလမ်းအတိုင်း မောင်းနှင်လာတဲ့ YBS က အရှိန်နဲ့တိုက်မိပြီး လမ်းမှာရပ်ထားတဲ့ ယာဉ် ၅ စီးကိုပါ YBS – 107 က ထပ်ဆင့်တိုက်မိတာ ဖြစ်ပါတယ်။ YRTC က တာဝန်ရှိသူတယောက်က “လူထိခိုက်မှု မရှိခဲ့ဘူး။ အဲဒီယာဉ်မောင်းက ဖြစ်စဉ်နေရာကနေ ထွက်ပြေးသွားတယ်။ အခု အရေးယူဆောင်ရွက်ဖို့…
-

ဖားကန့်တိုက်ပွဲဧရိယာ ပိုကျယ်လာ
စစ်တပ်စစ်ကြောင်းနှင့် လက်နက်ကြီးအန္တရာယ် KIA သတိပေး ဖားကန့်တွင် စစ်ကောင်စီမူလတပ်စွဲထားသည့် နေရာများအပြင် ကျေးရွာဆယ်ရွာထက်မနည်း၌ စစ်ကြောင်းများရှိနေပြီး ဒေသတစ်ခုလုံးအတိုင်းအတာ အားဖြင့် စစ်ရေးတင်းမာနေကြောင်း KIA၊ KPDF တပ်ဖွဲ့ဝင်များက ပြောသည်။ ယခင်က ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့ကဲ့သို့ နေရာအချို့တွင်သာ တပ်စွဲထားနိုင်သည့် စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် အင်အားအများအပြားဖြင့် စစ်ကြောင်းများဝင်ရောက်လာပြီး နေရာအများစု၌ တပ်စွဲထားခြင်းဖြစ်သည်။ “အခုနောက်ဆုံးအခြေအနေက ဖားကန့်ရဲ့ နေရာတော်တော်များများမှာစစ်ကြောင်းတွေရှိနေတယ်။ အဖြူအမဲကွဲအောင်တိုက်ရမယ့်အခြေအနေပါ။ စကစစစ်ကြောင်းတွေက တဖြေးဖြေး ရှေ့ကိုတိုးလာနေတော့ တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်ဖို့ရှိပါတယ်” ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်သည်စက်တင်ဘာလ၈ရက် နံနက်ပိုင်း၌ မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နှင့် ယူမာကျေးရွာတို့တွင် စစ်ကြောင်းများရှိနေပြီး ဒေသခံများသည်…
-

ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက်
စစ်တပ်အင်အား ၄၀ ခန့်တပ်စွဲထားသည့် ပုလောနယ် ထမင်းမစားရွာတပ်စခန်း KNLA ပူးပေါင်းတပ်သိမ်းပိုက် စစ်ကောင်စီတပ်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများရ ကရင်အမျိုးသားအစည်းအရုံး(KNU)၊မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် ပုလောမြို့နယ် ထမင်းမစားရွာအတွင်း တပ်စွဲထားသော အာဏာသိမ်းစစ်တပ်စခန်းကို KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ၊ ပလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲများတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟုဆိုသည်။ “ထမင်းမစားရွာက ထားဝယ်နဲ့ ဘိတ်ရဲ့အမှတ်(၈)လမ်းမကြီးပေါ်မှာတည်ရှိတဲ့ရွာပေါ့နော်။၂၀၂၁ ကတည်းကတပ်စွဲထားတာ။ စာသင်ကျောင်းထဲမှာလည်းရှိတယ်။ ကုန်းတကုန်းကြီးတယ် တပ်စွဲထားတာ။ အမှတ်(၁၂) တိုင်းဗဟိုရဲ့…
-

မန္တလေးတွင် Tiktok ကစားသည့် ကိုယ်တော်တပါးကို ယနေ့တွင် ကျောင်းတိုက်အရောက် သွားရောက်အရေးယူ
မန္တလေးမြို့တွင် Tiktok ကစားသည့် ကိုယ်တော်တဦးကို ယနေ့ စက်တင်ဘာ ၈ ရက်တွင် သွားရောက်ဖမ်းဆီး၍ လူဝတ်လဲစေကာ အရေးယူထားကြောင်း ချမ်းအေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။ ကိုယ်တော်တပါးသည် Tik Tok တွင် သီချင်းများဖြင့် ဆော့ကစားနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြား လျှောက်ထားမှုကြောင့် ယနေ့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ သာ/ထိန်းအဖွဲ့ဆရာတော်များ၊ ခရိုင်သာသနာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် အဆိုပါ Tik Tok ဆော့ကစားသည့် ကိုယ်တော်နေထိုင်ရာ ကျောင်းတိုက်အတွင်းရှိ ကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။ Tik Tok ဆော့ကစားသည့်ကိုယ်တော်ကို Tik Tok ဆော့ကစားနေစဉ် တွေ့ရှိရ၍ လူဝတ်လဲစေပြီး ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက…