Category: News

  • စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အထိုင်ချထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာမှာ အာဏာသိမ်းစစ်တပ် နှစ်ပေါင်း(၃၀)ကျော်အထိုင်ချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို သိမ်းယူရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပါတယ်။

    Mm News.xyz 2026 03 12 180120

    ဝင်းဝတပ်စခန်းကို ၂၀၂၆ခုနှစ် မတ်လ (၁၁) ရက်နေ့ ညနေ ၄ နာရီအချိန်မှာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။ ‎

    တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားတာမရှိပေမယ့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

    Mm News.xyz 2026 03 12 180129

    တိုက်ပွဲနဲ့ပတ်သက်ပြီး အခုထက် ပိုမိုသိရှိနိုင်ဖို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က တာဝန်ရှိသူတွေကို ဆက်သွယ်နိုင်ဖို့ကြိုးစားနေပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ သရက်ချောင်းမြို့နယ်အတွင်းက ဝင်းဝစခန်း၊ သရက်နှစ်ခွတံတားဂိတ်၊ ရွှေဂူတောင်တံတားဂိတ်အပါအဝင် စစ်ကော်မရှင်တပ်ပစ်မှတ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    တိုက်ခိုက်မှုစတင်ပြီး မတ်လ ၁၁ ရက်နေ့ညနေမှာ ဝင်းဝစခန်းကို ရရှိတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ကြေညာခဲ့တာပါ။

  • စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    အာရက္ခတပ်တော်(AA) သိမ်းပိုက် အုပ်ချုပ်နေတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသမှာရှိတဲ့ စစ်သုံ့ပန်း အကျဉ်းစခန်းကို မတ်လ ၈ ရက်နေ့က ဂျက်ဖိုက်တာ ​လေး စီး ၊ Y-12 လေးစီးနဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့လို့ စခ အရာရှိကြီး‌တွေ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး ခဲ့တဲ့ ဖြစ်စဉ်က တွေးကြည့်ရင် စကစ ဘက်တော်သားတွေ အတွက် တော်တော် ရင်နာစရာ ကောင်းပါတယ်။

    စကစ က သူတို့အတွက် အသုံးမဝင်တော့ဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ်ဆိုရင် ကိုယ့်လူကိုတောင် ပြန်သတ်ဖို့ ဝန်မလေးဘူးဆိုတာ အရင်ကလည်း အကြိမ်ကြိမ် မြင်တွေ့ ခဲ့ရပြီးပါပြီ။ ကိုယ့်အတွက် အသက်ပေး တိုက်ပွဲဝင်ပေးခဲ့တဲ့ အရာရှိတွေ၊ စစ်ဆေးဆရာဝန်တွေ အပါအဝင် တပ်ဖွဲ့ဝင်ရာချီဟာ အားမတန်လို့ ဖမ်းဆီးခံရတာကို အလွယ်တကူ စတေးပစ်လိုက်တာ တွေ့မြင်ရမှာပါ။

    ဒီလိုလုပ်ရပ်လိုမျိုး အရင်ကလည်း ရှမ်းမြောက် (လောက်ကိုင်၊ လားရှိုး စတဲ့) တိုက်ပွဲတွေနဲ့ ကရင်၊ ကယား တိုက်ပွဲတွေမှာလည်း စခန်းသိမ်းခံရလုနီးပါး အခြေအနေတွေရောက်ရင် ကိုယ့်မြေပြင်တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ ကျန်ရစ်နေမှန်း သိသိကြီးနဲ့ လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကျဲဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့တာပဲ။ ဒါဟာ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို စကစက လုံးဝ ချိုးဖောက်တာပါ။

    သူတို့က မတော်တဆ ရမ်းသန်းပစ်ခတ် မိတာမျိုး မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ကို လူမဆန်စွာ သတ်ဖြတ်ခဲ့တာပါ။ တိုက်ခိုက်မှုမလုပ်ခင် မတ်လ ၆ ရက်နေ့ကတည်းက လေကြောင်းကနေ ကင်းထောက်ခဲ့ပြီး ထောင်ဝတ်စုံတွေနဲ့ လူဝင်လူထွက်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရဲ့နဲ့ ၃ နာရီကျော်ကြာ မရပ်မနား ဗုံးကျဲခဲ့တာဟာ မတော်တဆမှု လုံးဝမဟုတ်ဘဲ သိသိကြီးနဲ့ တမင် ရှင်းပစ်လိုက်တဲ့သဘောပါလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်တပ်ရဲ့ ဒုတိုင်းမှူးကိုယ်တိုင်က ဝန်ခံထားပါတယ်။

    တကယ်တော့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို တမင်သက်သက် ဗုံးကျဲတာဟာ စကစရဲ့ ပုံမှန်စစ်ဆင်ရေးတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ပဇီကြီးတို့၊ အနန့်ပါတို့က ကလေးငယ်တွေအပါအဝင် ပြည်သူရာချီ သေဆုံးခဲ့ရတဲ့ ဗုံးကျဲ သတ်ဖြတ်မှုတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေက ဒီအဖွဲ့အစည်း ဘယ်လောက် လူမဆန်ဘူးလဲဆိုတာကို မီးမောင်းထိုးပြနေတာပါ။

    ဒီဖြစ်စဉ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ (AA) တို့ရဲ့ လုပ်ရပ်ကို ယှဉ်ကြည့်လိုက်ရင် ဘယ်သူက ပြည်သူ့ဘက်တော်သားလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။ စစ်ကောင်စီက ကိုယ့်စစ်သုံ့ပန်းတွေကို ကိုယ်တိုင် ဗုံးကျဲသတ်ဖြတ်နေတဲ့အချိန်မှာ၊ AA အရာရှိတွေက “ဖြစ်သမျှ ငါခံမယ် အကုန်ဖျက်” ဆိုပြီး အသက်အန္တရာယ်ကြားကနေ ထောင်တံခါးတွေကို ရိုက်ချိုးပြီး ရန်သူ့စစ်သုံ့ပန်းတွေကို ကယ်ထုတ်ပေးခဲ့တယ်။ ဖမ်းဆီးထားချိန်မှာလည်း ကောင်းကောင်းမွန်မွန်ထားသလို၊ သေရေးရှင်ရေးကာလမှာပါ လူသားဆန်ဆန် ကယ်တင်ခဲ့တာပါ။

    ကိုယ့်အတွက် အသက်ကို ပေးပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေ ကိုတောင် စကစဟာ မျက်တောင်မခတ်ဘဲ ဗုံးကျဲ သတ်ဖြတ်ရဲတယ်ဆိုရင် လက်နက်မဲ့ သာမန်ပြည်သူလူထုအပေါ်မှာဆိုရင် ဘယ်လောက်တောင် ရက်စက်မလဲ။ သူတို့ဟာ နိုင်ငံတော်ကို ကာကွယ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘဲ အာဏာတည်မြဲရေးအတွက်ဆို ဘယ်သူ့ကိုမဆို သတ်ဖြတ်မယ့် အကြမ်းဖက် အဖွဲ့အစည်း သက်သက်ပဲ ဖြစ်နေတာ မြင်ရမှာပါ။ ဒီလိုအဖွဲ့အစည်းမျိုးကို ပြည်သူလူထု တစ်ရပ်လုံးက ညီညွတ်စွာနဲ့ အမြစ်ပြတ် တော်လှန်ဖို့ တနည်းပဲ ရှိပါတယ်။

    Zin Thaw Naing

    မြန်မာစစ်တပ်ထံ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းကနေ ဗုံးကြဲခံလိုက်ရတဲ့အပေါ် ဒဏ်ရာရရှိထားတဲ့ စစ်သုံ့ပန်း တပ်ကြပ်ကြီးတစ်ဦးရဲ့ စကားသံ

    “ဒါမျိုးလုပ်တယ်ဆိုတာကတော့ ကျနော်တို့ကို သစ္စာဖောက်တယ်လို့ပဲ ခံယူတယ်။ အချင်းချင်းပြန်သတ်တယ်လို့ပဲ ကျနော် ခံယူတယ်။ ရှင်းရှင်းပြောရရင် ကျနော်စိတ်နာတယ်”

    သူဟာ အကြမ်းဖက်မြန်မာစစ်တပ်ထံ ၃၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး သိန်းလွင်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် သိမ်းပိုက်ပြီးတဲ့နောက်မှာ အာရက္ခတပ်တော်(အေအေ)ထံ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

    ဒီလိုထိန်းသိမ်းခံထားရစဥ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    အမ်းမြို့နယ် ဒါးလက်ချောင်းက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အင်တာဗျူး

    အာရက္ခပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းမှာ ရှိတဲ့ အာရက္ခတပ်တော်(အေအေ) ရဲ့ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ကိုယ်တိုင်အနီးကပ် ကြုံတွေ့ခဲ့ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းက အခုလို ပြောပြထားပါတယ်။

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ရုပ်အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေတဲ့ စစ်သုံ့ပန်းတစ်ဦးရဲ့ ဇနီးဖြစ်သူထံမှ ရင်ဖွင့်စကား

    ‌ဒေါ်သီတာစိုးရဲ့ အမျိုးသားဖြစ်သူဟာ နပခမှာ တာဝန်ထမ်းဆောင်နေရင်း အာရက္ခတပ်တော်(အေအေ)ထံ စစ်သုံ့ပန်းအဖြစ် ၂၀၂၄ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ သူနဲ့အတူ ဒေါ်သီတာစိုးတို့သားအမိ သုံးယောက်လည်း စစ်သုံ့ပန်းမိသားစုဝင်တွေအဖြစ် အာရက္ခတပ်တော်က ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။

    ဒီလိုထိန်းသိမ်းခံထားရစဥ်မှာပဲ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလိုဗုံးကြဲခံရတဲ့ စစ်သုံ့ပန်းအကျဥ်းဆောင်ထဲမှာ ဒေါ်သီတာစိုးရဲ့ အမျိုးသားဖြစ်သူ ဒုအရာခံဗိုလ် ဇော်တင်မိုးလည်း နေထိုင်နေခဲ့တာဖြစ်ကာ ဗုံးကြဲခံရပြီးနောက် ရုပ်အလောင်းပါ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။

    အမ်းမြို့နယ် ဒါးလက်ချောင်းက စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက်သေဆုံးမှုအပေါ် နပခ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ​ကျော်​ကျော်သန်းနှင့် အင်တာဗျူး

    အာရက္ခပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းမှာ ရှိတဲ့ အာရက္ခတပ်တော်(အေအေ) ရဲ့ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရလို့ စစ်သုံ့ပန်းရာကျော် အစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ​ကျော်​ကျော်သန်းက အခုလို ပြောပြထားပါတယ်။

    စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရမှုအတွင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ စစ်သုံ့ပန်းတွေရဲ့ လက်ရှိ ဖက်ဆစ် မြန်မာစစ်တပ်ထံ တာဝန်ထမ်းဆောင်နေတဲ့ သူတွေအပေါ် သတင်းစကား

    ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဥ်းစခန်းကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒဏ်ရာရရှိသွားတဲ့အထဲ သူလည်း ပါဝင်ပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အာရက္ခတပ်တော် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဥ်းသား ၁၁၆ ဦး သေဆုံးသွားပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    အမ်း ဒါးလက်​ချောင်းစစ်သုံ့ပန်းအကျဥ်းစခန်းအား အကြမ်းဖက် စစ်​ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးရဲ့ စကားသံ (အင်တာဗျူး)

    One Nation News

  • ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်း ရန်ကုန်ယူနိုက်တက် ဒု-ဥက္ကဋ္ဌ ပြောဆို

    ပရိသတ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်း ရန်ကုန်ယူနိုက်တက် ဒု-ဥက္ကဋ္ဌ ပြောဆို

    မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်တက်၍ အမျိုးသမီးပရိတ်သတ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်းနှင့် ကြိုက်သည့်ပုံစံဖြင့်လာရောက်ရှင်းနိုင်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးမှ ၎င်း၏လူမှုကွန်ရက်မှတဆင့် ယနေ့ (မတ်လ ၁၂ ရက်) တွင် ပြောဆိုထားသည်။

    “ခုကိစ္စ မောင်မောင်လွင်ဘက်က ကျနော် ရှိတယ်။ သူဒီလိုလုပ်လို့ မှန်တယ်လို့ တဖက်ပိတ် ပြောနေတာ မဟုတ်ဘူး။ Consequences သိအောင် ပြောပြတာ၊ ကြိုက်သလို လာရောက်ရှင်းလို့ ရပါကြောင်း” ဟု ဦးစိုင်းခင်မောင်အေး က ပြောဆိုထားသည်။

    သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်တွင် ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်၌ ပွဲကြည့်စင်ပေါ်မှ ပရိသတ်တဦးက မောင်မောင်လွင်အား လူမျိုးရေးဆိုင်ရာ နှိမ်ချသည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ပြောဆိုခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကလည်း ၎င်း၏ လူမှုကွန်ရက်တွင် “အဲဒါ ပရိသတ်လား၊ (အခုလို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့) ခေါ်ခွင့်ရှိလား၊ လူမျိုးရေးခွဲခြားလို့ကော ရလား” ဟု ပြန်လည်မေးခွန်းထုတ်ထားသည်။

    သို့သော် ပွဲကြည့်ပရိသတ်အချို့ကမူ ပွဲအတွင်း ဆဲဆိုမှုရှိခဲ့လျှင်ပင် ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမျိုး မလုပ်သင့်ကြောင်း ဝေဖန်ကြသည်။

    ဘောလုံးဝါသနာရှင်တဦးက “အဖွဲ့ချုပ်နဲ့ နေရှင်နယ်လိဂ်ကို တရားဝင်လက်မှတ်ဝယ်ပြီးလာကြည့်တာ။ ပြီးတော့ ဒါရပ်ကွက်ပွဲမဟုတ်လေ၊ နှစ်ဖက်အသင်းရဲ့ လုံခြုံရေးအရာရှိ ရှိတယ်။ ပွဲကြီးကြပ်ရှိတယ်။ အဲ့လိုဖြစ်စဉ်ဆိုရင် တိုင်လို့ရတယ်လေ။ ပြိုင်ပွဲတိုင်းမှာ အရပ်ဘက်နဲ့ ရဲ လုံခြုံရေးရှိတယ်။ အဲ့ဒါကိုတောင် အခုထိ သူတို့ဘက်က မှန်တယ်ထင်နေတုန်း။ သူတို့မှားတယ်မခံယူသေးဘူး” ဟု ပြောသည်။

    ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း မောင်မောင်လွင်မှာ ပွဲပြီးဆုံးသည့်အထိ ဆက်လက်ကစားခွင့် ရရှိခဲ့သည်။

    “တကယ်လို့ ဒိုင်က မမြင်ဘူးဆိုရင်တောင် ပြိုင်ပွဲကြီးကြပ်ကနေ ဒိုင်နဲ့ဆွေးနွေးပြီး ပြစ်ဒဏ်ချရမှာ။ အဲ့လိုဖြစ်စဉ်ဖြစ်ရင် အနီကတ်က ပြကိုပြရမှာပါ” ဟု ဘောလုံးနည်းပြဟောင်းတစ်ဦးကလည်း သုံးသပ်ပြောကြားသည်။

    ကိုယ်ထိလက်ရောက်ကျုးလွန်ခံခဲ့ရသည့် ပရိတ်သတ်အမျိုးသမီးကို ခရိုနီ ဦးတေဇပိုင်သည့် Y.U.S.C stadium ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း ဦးစိုင်းခင်မောင်အေးက ရေးသားထားသည်။

    ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ အရေးယူမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။

  • မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်

    မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်

    ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ စုံစမ်းသိရသည်။

    ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပထမပိုင်းပွဲစဉ် ပြီးဆုံးချိန်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ပွဲကြည့်စင်မှ ပရိသတ်တဦးက ရန်ကုန်ယူနိုက်တက်အသင်းမှ ယှဉ်ပြိုင်ကစားနေသည့် မောင်မောင်လွင်ကို အော်ဟစ်ပြောဆိုနေခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

    ပွဲစဉ် Live ထုတ်လွှင့်မှုတွင်လည်း “ဘာလုပ်တာလဲ၊ ငါ့ကိုလာမလုပ်နဲ့နော် ဘောလုံးသမားဖြစ်ပြီးတော့ လူပါးလာမဝနဲ့ ဒီမှာငါ့ကို လာလုပ်နေတယ်။ ပါးကို လာထိုးတယ်၊ ဘောလုံးသမားဖြစ်ပြီး” ဆိုသည့်အသံနှင့် အမျိုးသမီးတဦး၏ အော်ဟစ်ငိုယိုသံများ ထွက်ပေါ်ခဲ့သည်။

    ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ထိုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း၊ မောင်မောင်လွင်မှာ ပွဲပြီးဆုံးသည့်အထိ ဆက်လက်ကစားခွင့် ရရှိခဲ့သည်။

    Mm News.xyz 2026 03 12 002502

    ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူတဦး၏ ပြောကြားချက်အရ အဆိုပါကိစ္စကို သက်ဆိုင်ရာအသင်းနှင့် တာဝန်ရှိသူများက သတင်းဖုံးဖိရန် ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ အရေးယူမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

    “ဘောပွဲဆိုတော့ ဟိုဘက်ပရိသတ်အနေနဲ့ ပြောတာပေါ့။ လေတိုက်တာပေါ့လေ။ အဲ့တာကို သည်းမခံနိုင်ဘဲ ကိုယ်ထိလက်ရောက်ဖြစ်တာ” ဟု ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူက ဆိုသည်။

    မြန်မာနေရှင်နယ်လိဂ်တွင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ထိပ်တန်းဘောလုံးအသင်းများဖြစ်သည့် ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။

    အမှတ်ပေးဇယားအရ အဆင့်အမြင့်ဆုံးရရှိသော အသင်းသည် ချန်ပီယံဖြစ်လာပြီး၊ အာရှအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိလေ့ရှိသည်။

    မောင်မောင်လွင်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ပြုလုပ်ခဲ့သည့် မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲစဉ်တွင်လည်း ပရိသတ်အား ပြန်လည်ဆဲဆိုခြင်းအပြင် ကိုယ်အမူအယာဖြင့် ဆဲဆိုခြင်းဖြစ်သည့် လက်ခလယ်ထောင်ပြခြင်းနှင့် ကင်မရာနောက်ကွယ်တွင် ဘောင်းဘီချွတ်ပြခြင်း ပြုလုပ်ခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရဖူးသည်။

    သို့သော် ၂၀၂၅ ခုနှစ်တွင် မောင်မောင်လွင်သည် အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ဂိုးသွင်းခဲ့ရာမှ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ရာထူးကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

    ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်မောင်လွင်၏ တုံ့ပြန်ချက်ကို မေးမြန်းနိုင်ခြင်း မရှိသေးပါ။

  • အကျဉ်းစခန်းဖြစ်မှန်း သိလျက်နှင့် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် တကယ့်ရက်စက်မှုဟု ဒုတိုင်းမှူး သောင်းထွန်း ပြော

    အကျဉ်းစခန်းဖြစ်မှန်း သိလျက်နှင့် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် တကယ့်ရက်စက်မှုဟု ဒုတိုင်းမှူး သောင်းထွန်း ပြော

    ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်းအကျဉ်းစခန်းအား အကျဉ်းစခန်းဖြစ်မှန်း သိလျက်နှင့် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းသည် တကယ့်ရက်စက်မှုဟု ယခင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းပြောသည်။

    စစ်သုံ့ပန်း ဒုတိုင်းမှူး သောင်းထွန်းက ONN သတင်းဌာနနှင့် ပြုလုပ်သည့် ရုပ်သံထုတ်လွင့်ချက်တွင် ထိုသို့ ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်သည်။

    Mm News.xyz 2026 03 12 001945

    စစ်ကော်မရှင်သည် တိုက်ခိုက်မှုမပြုမီ မတ်လ ၆ ရက်နေ့ခန့်မှစ၍ တစ်ပတ်ခန့်အကြာ ကင်းထောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့တွင် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်

    အဆိုပါနေရာသည် စနစ်တကျဆောက်လုပ်ထားသည့် အကျဉ်းထောင်အဆောက်အအုံများ၊ လုံခြုံရေးတဲများနှင့် ထောင်ဝတ်စုံဝတ်ဆင်ထားသူများ အမြောက်အမြား ဝင်ထွက်သွားလာနေသည်ကို ကင်းထောက်စဉ်အတွင်း အထင်အရှားမြင်တွေ့နိုင်သဖြင့် အကျဉ်းစခန်းမှန်း မသိစရာအကြောင်းမရှိဟု ၎င်းက ONN သတင်းဌာနနှင့် ပြုလုပ်သည့် ရုပ်သံထုတ်လွင့်ချက်တွင် ဖော်ပြထားသည်။

    “ဒါကြီးက ထောင်ဆိုတာ သေချာနေတာပဲ။ အဆောက်အအုံကလည်း စနစ်တကျရှိတယ်၊ လူဝင်ထွက်နေတာတွေကလည်း ထောင်ဝတ်စုံတွေနဲ့လေ။ ဒါကို အသိသိကြီးနဲ့ ရက်ရက်စက်စက် ကြဲချလိုက်တာကတော့ တကယ်ကို ရက်စက်တဲ့သဘောပါပဲ” ဟု ဒုတိုင်းမှူး သောင်းထွန်းက ပြောသည်။

    မတ်လ ၈ ရက်နေ့က ဂျက်ဖိုက်တာ ၄ စီးနှင့် Y-12 လေယာဉ် ၄ စီး အသုံးပြုကာ ၃ နာရီခွဲကြာ ဆက်တိုက် ဗုံးကြဲခဲ့သည့် ယင်းဖြစ်စဉ်ကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

    သေဆုံးသူများထဲတွင် စစ်ကော်မရှင်ဘက်မှ အရာရှိကြီးများအပြင် ပြစ်ဒဏ်ကျခံနေရသည့် အရပ်သားအချို့လည်း ပါဝင်ခဲ့သည်။

    လက်ရှိတွင် သေဆုံးသွားသူအချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးနေခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေခြင်းတို့ကြောင့် အသေးစိတ်ကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

    ယခုဖြစ်စဉ်သည် အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများထဲတွင် စစ်သုံ့ပန်း အသေအပျောက် အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။

    စစ်ကော်မရှင်သည် ယခင်ကလည်း အရပ်သားများနှင့် အများပြည်သူဆိုင်ရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိပြီး ယခုဖြစ်စဉ်ပြင် မောင်တောနှင့် ကျောက်တော်မြို့နယ်တို့မှ စစ်သုံ့ပန်းများရှိရာနေရာအကျဉ်းစခန်းများကိုလည်း စစ်ကော်မရှင်တပ်က ဗုံးကြဲမှုပြုလုပ်ခဲ့သည်။

    စစ်သုံ့ပန်း ဗိုလ်မှူးချုပ် သောင်းထွန်း (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး) ၏ ပြောကြားချက်

    အမ်းမြို့နယ် ဒါးလက်ချောင်းရှိ စစ်သုံ့ပန်းစခန်း လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် စစ်သုံ့ပန်း ၁၁၀ ကျော် သေဆုံး

    ရခိုင်ပြည်၊ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်လို့ အာရက္ခတပ်တော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့၊ နံနက် ၁၁နာရီကျော်ကနေ မွန်းလွဲ ၂ နာရီခွဲနီးပါးအထိ သုံးနာရီခွဲကြာအောင် ဂျက်ဖိုက်တာ ၄စီးနဲ့ Y-12လေယာဉ် ၄ စီး အသုံးပြုပြီး မရပ်မနား ဗုံးကြဲခဲ့တာဖြစ်ပါတယ်။