Category: News

  • ရုရှား စစ်ရေယာဉ်အုပ်စု ရန်ကုန် ရောက်

    ရုရှား စစ်ရေယာဉ်အုပ်စု ရန်ကုန် ရောက်

    ရေငုပ် သင်္ဘောများကိုဖျက်ဆီးနိုင်သည့် ပင်လယ်ရေအောက်တိုက်ခိုက်ရေးအဆင့်မြင့်စနစ်များနှင့် လေကြောင်း တိုက်ခိုက်ရေး ဒုံးပျံများပါဝင်သည့် ရုရှားတိုက်ခိုက်ရေး စစ်ရေယာဉ် Sovershenyi၊ Rezkiy သင်္ဘော ၂ စီး၊ အဆိုပါစစ်ရေယာဉ်များကို ဆီထည့်ပေးသည့် အလတ်စား ဆီတင်သင်္ဘော Pechenga တို့ ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာသည်ဟု စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။

    အဆိုပါ စစ်ရေယာဉ်များသည် ရုရှားရေတပ် ပစိဖိတ်စစ်ရေယာဉ်စုမှ သင်္ဘောများဖြစ်ပြီး ရုရှား၏ ပစိဖိတ်သမုဒ္ဒရာ၊ အရှေ့တောင်အာရှ ရေပိုင်နက်နှင့် အိန္ဒိယသမုဒ္ဒရာ ရေပိုင်နက်များကို ထိန်းချုပ်ရန်၊ ရုရှားနိုင်ငံ၏ အရှေ့ပိုင်းနယ်နိမိတ်များကို ကာကွယ်ရန်၊ ကမ္ဘာ့သမုဒ္ဒရာများတွင် ရုရှား၏ စစ်အင်အားကိုပြသရန်နှင့် မဟာဗျူဟာမြောက်လက်နက်စနစ်များကို ထိန်းသိမ်းရန် ၁၇၃၁ ခုနှစ် (ရုရှားအင်ပါယာခေတ်) ကတည်းက တည်ထောင်ခဲ့သော ရုရှားဖက်ဒရေးရှင်း ရေတပ်၏ အရေးကြီးဆုံး မဟာဗျူဟာမြောက် စစ်ရေယာဉ်စုတခု ဖြစ်သည်။

    မြန်မာနိုင်ငံသို့ရောက်လာသော ထိုသင်္ဘောများသည် အလည်အပတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပြီး အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင် Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ ဦးလိုက်ပါလာကြောင်း ဖော်ပြထားသည်။

    လေ့လာရေးခရီးအနေဖြင့် မြန်မာနိုင်ငံတွင် မတ် ၁၀ ရက်အထိ ၆ ရက်ကြာ နေထိုင်ပြီး ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    Mm News.xyz 2026 03 06 095413

    Mm News.xyz 2026 03 06 095429

    Mm News.xyz 2026 03 06 095442

    ဓာတ်ပုံ-MWD

  • မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး ကားနံပါတ်အလိုက် စုံရက်နှင့်မရက်သာ ကားမောင်းနှင်ရမည့်အမိန့်အတွက် စစ်တပ်၊ ရဲ၊ ထွေ/အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီး စစ်ဆေးမည်

    မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး ကားနံပါတ်အလိုက် စုံရက်နှင့်မရက်သာ ကားမောင်းနှင်ရမည့်အမိန့်အတွက် စစ်တပ်၊ ရဲ၊ ထွေ/အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီး စစ်ဆေးမည်

    ရပ်ကွက်များတွင် ကားပိုင်ရှင်စာရင်းနှင့် ကားနံပါတ်များ လိုက်လံကောက်ခံ

    အကြမ်းဖက်စစ်တပ်က မတ်လ ၇ ရက်နေ့စတင်မည့် စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်အလိုက် စုံရက်နှင့် မရက်သာ ကားမောင်းနှင်ခွင့်ပြုမည့် အမိန့်အတွက် စစ်တပ်၊ရဲ၊ ထွေ/အုပ်ဌာနနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီးစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

    မတ်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရန် ပုဂ္ဂလိကပိုင် မော် တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    “မတ်လ ၇ ရက်နေ့ စက်သုံးဆီချွေတာရေးအစီအစဉ်အတွက် ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးဖို့တော့ ညွှန်ကြားချက်တွေရှိပါတယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့တွေနဲ့အတူ ဌာနဆိုင်ရာ ပေါင်းစုံအပြင် နယ်မြေခံ အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ် (ပျူစောထီး) တွေပါ ပါဝင်မှာဖြစ်ပါတယ်။ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးပြီး အသိပညာပေးဖို့ပါပဲ။ အသိပညာပေးမှုနဲ့ အရင်စတင်မှာပါ” ဟု ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

    စက်သုံးဆီ ချွေတာရေး အစီအစဉ်ကို ပြည်သူများ လိုက်နာစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ် အစိုးရများက ကြီးကြပ်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့က လုပ်ငန်းအကောင်အထည်ဖော် အရေးယူဆောင်ရွက်သော ဌာနဆိုင်ရာ များအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေများအလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်များက လုပ်ငန်းအကောင်အထည်ဖော်သော ယန္တရားများ အဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်၏ စက်သုံးဆီချွေတာရေး စီမံချက်အရ လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည် ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အကြမ်းဖက်စစ်တပ်က ကြေညာထားသည်။

    လတ်တလော ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကိုယ်ပိုင်ကားရှိသူများစာရင်းနှင့် ကားနံပါတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမြန်လိုက်လံကောက်ခံလျက်ရှိကြောင်း၊ ယင်းသို့ ကောက်ခံမှုမှာ မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး စီမံချက်အတွက်ဖြစ်ကြောင်း သိရှိရသည်။

    “မနေ့ညက အုပ်ကြီးနဲ့ ပျူတွေ ရပ်ကွက်ထဲမှာ ကားရှိသူစာရင်းကောက်တယ်။ ကားနံပါတ်နဲ့ ကားအမျိုးစားပါ ပေးရတယ်။ မြို့နယ်ထွေ/အုပ်က ကောက်ခိုင်းတာလို့ ပြောတယ်။ ၇ ရက်နေ့မှာ ဘယ်လိုတွေ ပညာပြကြဦးမလဲ မသိဘူး” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် ကားများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံရေးအတွက် လိုက် နာလုပ်ဆောင်သင့်သည့် နည်းလမ်းများ ထုတ်ပြန်

    စစ်တပ်က ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံရေးအတွက် လိုက် နာလုပ်ဆောင်သင့်သည့် နည်းလမ်းများ ထုတ်ပြန်

    စစ်တပ်က ပြည်သူများကို မိုဘိုင်းလ်ဖုန်းဟန်းဆက်များကို IMEI အမှတ်အသားမှတ်ပုံတင်စေခြင်းဖြင့် စောင့်ကြည့် ခြေရာခံနိုင်သောကြောင့် လုံခြုံ ရေးအ တွက် ပြည်သူများ လိုက်နာလုပ်ဆောင်သင့်၊ လုပ်ဆောင်ရမည့် နည်းလမ်းများကို Myanmar Internet Project က ထုတ်ပြန်သည်။

    စစ်ကော်မရှင်က ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများအပါ အဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက် ပစ္စည်းများ၏မူရင်းအမှတ် အသား(International Mobile Equipment Identity – IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက် ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည် ဖော်အသုံးပြုရန်ဆောင်ရွက်လာကြောင်း၊ စစ်ကော်မရှင်၏ကြေညာချက်တွင် အခွန်ကောက်ခံရန်နှင့်တရားမဝင် တင်သွင်းမှုများကို တားဆီးရန်ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသော ပြည်သူများ၏ လုံခြုံရေး အထူး သတိထားရမည်ဖြစ်ကြောင်းMyanmar Internet Projectက သတိပေးသည်။

    စစ်တပ်က ပြည်သူများ အသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်းများ၏ မူရင်းအမှတ်အသား(International Mobile Equipment Identity – IMEI)ကို ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register – CEIR)တွင် မှတ်ပုံတင်လိုက်ခြင်းကြောင့် အသုံးပြုနေသော ပြည်သူများ၏ မိုဘိုင်းလ်ဖုန်း တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာကြောင်း၊ စစ်ကော်မရှင်၏ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်အရ နိုင်ငံသားအများစု၏ဇီဝအချက် အလက်များ ရရှိထားပြီးဖြစ်ကြောင်း၊ ဆင်း ကဒ်(SIM)မှတ်ပုံတင်ပြုလုပ်စဉ်ကလည်း နိုင်ငံသားများ၏မှတ်ပုံတင်နံပါတ်များနှင့် ပြုလုပ်ခဲ့ကြောင်း၊ ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်တွင် ဆင်းကဒ်(SIM-Card)၊ မှတ်ပုံတင်နံပါတ်နှင့် IMEI တို့ ပေါင်းစပ်မိသွားပြီး မည်သူမည်ဝါသုံးစွဲနေသည် ကို အတိအကျ သိရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ဖုန်းဆင်းကဒ်တစ်ခုက အနီးရှိ တာဝါတိုင် ၃ ခုဖြင့် အနည်းဆုံး ချိတ်ဆက်နေလေ့ရှိကြောင်း၊ ထို့ကြောင့် “Triangulation Method”ကိုအသုံးပြုပြီး သုံးစွဲသူရောက်ရှိနေသည့် အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေကြောင်း၊ ယင်းအပြင် အစုလိုက်အပြုံလိုက် စောင့်ကြည့်ရန် လွယ်ကူလာကြောင်း၊ CEIR အဖြစ်မှတ်ပုံတင်ထားရသောကြောင့် မည်သည့် IMEI များသည် မည်သည့်နေရာတွင် အများဆုံး စုဝေးနေသည်၊ မည်သည့်ဖုန်းနံပါတ်နှင့်အသုံးပြုနေသည်စသည့် MetaData များသည် အလွယ်တကူ စုဝေးသွားနိုင်ကြောင်း သိရှိရသည်။

    မိုဘိုင်းလ်ဖုန်းသုံးစွဲသူများ၏ ချက်အ လက်များကို အေအိုင်(AI) (သို့မဟုတ်) “Big Data Analysis”အသုံးပြုပြီး ပစ်မှတ်ထားစောင့်ကြည့်သူများ မည်သည့်နေရာ တွင် တစုတဝေးထဲ ရှိခဲ့ကြောင်း (သို့မဟုတ်) ပစ်မှတ်ထားစောင့်ကြည့်ခံရသူနှင့် မည်သည့် IMEI နံပါတ်များ အချိန်မည်မျှ ကြာအောင် ရှိခဲ့ကြောင်း စ သည် တို့ကို ထောက်လှမ်းရန် လွယ်ကူသွားကြောင်း သိရှိရသည်။

    အခြားတစ်ဖက်တွင်လည်း မိုဘိုင်းလ်ဖုန်းများကို စစ်တပ်က ပစ်မှတ်ထား ပိတ် ဆို့ရန် လွယ်ကူသွားပြီး IMEI မှတ်ပုံတင်စနစ် အကောင်အထည် မဖော်ခင်ကာလတွင် ဆင်းကဒ်ပိတ်ပင်ခံရလျှင်တောင် ဖုန်းအား ဝိုင်ဖိုင်(Wifi)ဖြင့် ဖြစ်စေ၊ ဆင်းကဒ်ပြောင်းလဲပြီးဖြစ်စေ အသုံးပြုနိုင်ကြောင်း၊ ယခုစနစ်အရ IMEI အားအခြေပြု ပိတ်ပင်လိုက်ပါက ယင်းဖုန်း သည် ယင်းတို့ထိန်းချုပ်ထားသည့်ကွန်ရက်အတွင်းရှိ ဆက်သွယ်ရေးစနစ်များဖြင့် အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း၊ နောက် ထပ် မိုဘိုင်းဖုန်းတစ်လုံးအသုံးပြုပါက ကုန်ကျစရိတ်များ တိုးမြင့်လာနိုင်သလို ခြေရာခံစနစ်အရ ထပ်မံပိတ်ပင်ခံရနိုင်ခြေ လည်း မြင့်မားကြောင်း၊ ထို့အပြင် မိုဘိုင်းဖုန်းတစ်လုံးထားရှိအသုံးပြုမည်ဆိုပါကလည်း မှတ်ပုံတင်ထားခြင်းမရှိသည့်အ တွက် ရက်(၃၀)ကြာလျှင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် ဆက်လက်အသုံးပြုခွင့်မရတော့ဘဲ ပိတ်ပင်ခြင်းခံရနိုင်ကြောင်း သိရှိရသည်။

    ပြည်သူများ အသုံးပြုနေသော မိုဘိုင်းဖုန်းများကို ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်းနှင့် ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း၊ လုံခြုံ ရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက် အလက်များကို မှောင်ခိုစျေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နှင့်ကိုယ်ရေးအချက်အလက်ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ယခုကဲ့ သို့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)များ များပြားနေသည့်ကာလတွင် ယင်းအချက်အလက်သည် စိုးရိမ်စရာအလွန်ကောင်းသည်ဟု သိရှိရသည်။

    ထို့ကြောင့် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသော စစ်တပ်၏ စောင့်ကြည့် ခြေရာခံနိုင်သဖြင့် ကာကွယ်ရန် နည်းလမ်းများ လုပ်ဆောင်သင့်ကြောင်း၊ လုံခြုံရေး ထိလွယ်ရှလွယ်ဖြစ်သော ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး ကာကွယ်မှုမျာကို ကြိုတင်ပြုလုပ်ရန် လိုအပ်ကြောင်း၊ ဖုန်းဆင်းကတ်ဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများကို တတ်နိုင်သမျှ ရှောင်သင့်ပြီး ဝိုင်ဖိုင်(Wifi)မှတစ်ဆင့် Signal ကဲ့သို့ ဝှက်စာစနစ် ပါသည့် အပ်ပလီကေးရှင်းများကို အသုံးပြု၍ ဆက်သွယ်နိုင်ကြောင်း Myanmar Internet Project က အကြံပြုထားသည်။

    အရေးကြီးသည့်အချက်အလက်များ(ဓာတ်ပုံ၊ စာနှင့်အဆက်အသွယ်)ကို မိမိ၏ဖုန်းတွင် တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေး ကောင်းမွန်သည့် Cloud Storage တစ်ခုခုတွင် သိမ်းဆည်းသင့်ကြောင်း၊လိုအပ်ချိန်တွင် Airplane Mode အသုံးပြုပြီး တာဝါနှင့်ယာယီအဆက်သွယ် ဖြတ်တောက်သင့်ကြောင်း၊ လုံခြုံရေးအရ ပိုမိုစိတ်ချ ရစေရန် Aluminium Foil များနှင့် ထုပ်ပိုး၍သိမ်းပြီး ဖုန်းနှင့်တာဝါတိုင်အကြားအဆက်သွယ် ဖြတ်တောက်သင့်ကြောင်း၊ IMEI မှတ်ပုံမတင်ထားသော မိုဘိုင်းကိရိယာ (Device) တစ်ခုကို ဆင်းကဒ်(Sim Card)ထည့်သွင်းအသုံးပြုခြင်းမရှိပဲ စိတ်ချရသည့် ဝိုင်ဖိုင်(WIFI)ဖြင့် ချိတ်ဆက်ပြီး အသုံးပြုသင့်ကြောင်း ဆက်လက်အကြံပြုထားသည်။

    ထို့ပြင် မိုဘိုင်းလ် အက်ပ်(App)များ၏တည်နေရာတောင်းခံမှုကို မလိုအပ်ပါက ခွင့်မပြုသင့်ကြောင်း၊ Two Step Verification(2FA)အသုံးပြုရာတွင် ဆင်းကဒ်(SIM SMS)ကိုမသုံးဘဲ Google Authenticator ကဲသို့ စိတ်ချ ရသည့်နည်းလမ်းကို အသုံးပြုသင့်ကြောင်း၊ IMEI မှတ်ပုံမတင်မီ မိမိဖုန်းအတွင်းရှိ အရေး ကြီးအချက်အလက်များကို လုံခြုံသည့်နေရာတွင် ပြောင်းလဲသိမ်းဆည်း ပြီး ဖုန်းအတွင်း အပြီးဖျက်ပစ်သင့်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖုန်းများ သည် အလိုလျောက်မှတ်ပုံတင်ပြုလုပ်သွားမည် ဖြစ် သဖြင့် အမြန်ဆုံးဆောင် ရွက်ရန်လိုအပ်ကြောင်း အကြံပြုသည်။

    မိုဘိုင်းလ် Android ဖုန်းများတွင် Encrypt ဖုန်းလုပ်ထား မထား စစ်ဆေးပြီး မပြုလုပ်ထားပါက ပြုလုပ်သင့်ကြောင်း၊ ဖုန်းအား Lock Screen မဖြစ်မနေပြု လုပ်ပြီး လုံခြုံစိတ်ချရသည့် VPN များကို အမြဲအသုံးပြုရန် အကြံပြုထား သည်။

  • ‎စစ်တွေ ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင် ဒါဇင်နှင့်ချီသေဆုံးသွားသောကြောင့် စစ်သင်္ဘော ၁၀စီးခန့်အထိ အင်အားတိုးချ

    ‎စစ်တွေ ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီး စစ်ကော်မရှင် ဒါဇင်နှင့်ချီသေဆုံးသွားသောကြောင့် စစ်သင်္ဘော ၁၀စီးခန့်အထိ အင်အားတိုးချ

    ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြောက်ဘက်ရှိ ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်က စစ်သင်္ဘောနှင့် လုံခြုံရေးအင်အား တိုးချလိုက်ကြောင်း သိရသည်။

    ‎‎ရွှေမင်းဂံ ရေတပ်အခြေစိုက်စခန်း ရခစ ၁၇ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ရက်မှစကာ AA က အမြန်ရေယာဉ်များဖြင့် လာရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎‎”စစ်တွေမြို့နဲ့ ဆတ်ရိုးကျချောင်းကို တံတားတစ်ခုနဲ့ဆက်သွယ်ထားပြီး အဲဒီ့ ဘီလူးမတံတားကိုသာ အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ရင် ရေတပ်နဲ့ စစ်တွေတပ်နယ်က ကုန်းလမ်းခရီး အဆက်အသွယ်ပြတ်သွားမှာ ဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။

    ‎ကမ်းထိုးရေယာဉ်များနှင့် အင်အား၊ ရိက္ခာဖြည့်တင်းသည့် စစ်တပ်သုံး ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံးကာ ပြီးခဲ့သည့်ရက်ပိုင်းမှ အလောင်းကောက်ယူနိုင်သည့်အတွက် အလောင်းများ ပုပ်ပွပျက်စီးနေကြောင်း သိရသည်။

    ‎ဆိပ်ကမ်းတစ်ဘက်ခြမ်းအထိ AA၏ အမြန်ရေယာဉ်များနေရာယူလာသည့်အခြေအနေကြောင့် စစ်ကော်မရှင်က စစ်တွေမြို့အနီးပင်လယ်ပြင်တွင် စစ်သင်္ဘော ၁၀စီးခန့် အင်အားတိုးချလိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

    ‎အင်အားနည်းသည့် ရေတပ်အခြေစိုက်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ကအင်အားအလုံးအရင်း ချထားခြင်းဖြစ်သည်။

    ‎ရွှေမင်းဂံ ရေတပ်စခန်း၊ ပွိုင့်ကမ်းခြေ၊ ဝါဘိုနှင့် ဇော်မဒက်ရှိ စစ်တပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်း၊ ရသေ့တောင် နယ်မြေများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

  • နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်ရရှိ

    နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်ရရှိ

    အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကိုအာရက္ခတပ်တော်(AA) က မတ်လပထမပတ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တစ်ရက်တည်းအတွင်း အပြီးသတ် သိမ်းပိုက်ရရှိထားကြောင်း သတင်းရရှိသည်။

    နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AAက သိမ်းပိုက်ထားသည်သာမကစစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “နတ်ရေကန်တောင်ကြောတစ်ကြောထဲမှာရှိတဲ့ အဓိကကာကင်းလို့ပြောလို့ရတယ်။ အဲဒီကာကင်းစခန်းထဲကစစ်‌တပ်က အမြဲတမ်း ဒရုန်းတွေနဲ့ပစ်တယ်။လက်နက်ကြီးပစ်တာတွေအမြဲလုပ်တယ်။ အဲဒါကြောင့် AA ကတိုက်တာ။တစ်ရက်ပဲတိုက်လိုက်ရတယ်။ ကာကင်းစခန်းကိုသိမ်းနိုင်ခဲ့တယ်” ဟု ပြောသည်။

    အ‌ဆိုပါကာကင်းစခန်းမှစစ်ကောင်စီတပ်သားတချို့ နတ်ရေကန်ဗျူဟာကုန်းပေါ်ထွက်ပြေးသွားပြီး တချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။

    “တချို့ကတော့ ကုန်းပေါ်ပြေးတယ်။တချို့ကတော့ AA ကအရှင်ဖမ်းမိတာတွေရှိတယ်။သေတာတွေလည်းရှိတယ်” ဟု ပြောသည်။

    \ကာကင်းစခန်းကုန်အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်မှ နတ်ရေကန်တောင်ကြောတစ်လျှောက်ကို Y-12၊ဂျက်ဖိုက်တာ ဒရုန်းများဖြင့် နေ့စဉ် ဗုံးလာကြဲလျက်ရှိကြောင်း သိရသည်။

    \အဆိုပါ နတ်ရေကန်တောင်ဗျုဟာစခန်းကို AA ဦးဆောင်သည့် ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်များက နှစ်နဲ့ချီပြီး ဝိုင်းပိတ်ဆို့ထားကာ စားနပ်ရိက္ခာ ဖြတ်တောက်ထားပြီးနောက်၂၀၂၆ ခုနှစ် မတ်လပထမအပတ်တွင် အဓိကကာကင်းစခန်းကို ထိုးစစ်ဆင်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

    စစ်ကောင်စီသည်အင်အား ၅၀၀ ခန့်ဖြင့် နတ်ရေတောင် ဗျူဟာကုန်းကို ခုခံ ကာကွယ်နေသော်လည်း ပြည်သူ့စစ်မှုထမ်းများမှာ ငတ်ပြတ်မှုဒဏ်ကို မခံနိုင်၍ နေ့တိုင်းလိုလို စခန်းစွန့်ခွာထွက်ပြေးမှုများ ရှိနေပြီး အများစုမှာ လက်နက်မဲ့ထွက်ပြေးနေကြသည်ဟု​ စစ်ရေးနီးစပ်သူထံမှ သိရသည်။