လေဖိအားနည်းရပ်ဝန်း အဖြစ်ကနေ ဆိုင်ကလုန်း မုန်တိုင်းတွေအထိ အသွင်ပြောင်းလဲနိုင်တဲ့ အလားအလာ အလွန်မြင့်မားနေတယ်လို့ဆို မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဒီကနေ့ ညနေ ၃ နာရီ ခန့်မှန်းချက်တွေအရ “အီကွေတာအနီးမှ လေစီးကြောင်းများ ဆုံစည်းရာ လေဖိအားနည်းဇုန်” လို့ ခေါ်တဲ့ ITCZ ဟာ မြန်မာနိုင်ငံအတွက် မုတ်သုံလေစနစ်၊ မိုးရွာမှု၊ မုန်တိုင်းဖွဲ့စည်းမှုအပေါ် တိုက်ရိုက် သက်ရောက်နေတယ်လို့ ဆိုပါတယ်။ နွေရာသီအကုန်မှာ လေဖိအားနည်းဇုန် ဟာ မြောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာပြီး ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံပေါ်သို့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ လေဖိအားနည်းဇုန်အတွင်းမှာ လေထုမငြိမ်မသက်မှု အမြဲရှိနေပြီး ဇုန်အတွင်း လေဝဲတွေ ဖြစ်ပေါ်လာပါက လေဖိအားနည်းရပ်ဝန်း အဖြစ်ကနေ ဆိုင်ကလုန်း မုန်တိုင်းတွေအထိ အသွင်ပြောင်းလဲနိုင်တဲ့ အလားအလာ အလွန်မြင့်မားနေတယ်လို့ ဆိုပါတယ်။ လေဖိအားနည်းဇုန်ဟာ နောက်လာမယ့် […]